#Local_News
Published - 1 July 2022
ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ပြည်ပမှဆိုက်ရောက်လာမည့်ကုန်သေတ္တာတင်သင်္ဘောကြီး ၅၀ ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာသိရသည်။
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် ကုန်သေတ္တာတင်သင်္ဘောများမှာ BLPL Shipping၊ X-PRESS Feeders ၊ R.C.L Line ၊ M.F.S.L၊ L.A.L Line၊ GOLD STAR Line၊ EverGreen၊ BAY Line၊ P.I.L၊ LAND And Sea၊ C.S.L Line၊ SITC Line၊ SAMUDERA Line၊ NEW GOLDEN SEA(COSCO)၊ SEALAND MAKRSK ASIA တို့ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းထွက်များကို ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင် ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)တန်ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)တန်ကိုလည်းကောင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ (ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀) မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာသွားကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 1 July 2022
ချောက်ရေနံမြေရှိ တွင်းအမှတ် CDT-15 ကို စွမ်းအင်ဝန်ကြီးဌာနပိုင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၇၈၀၀ အထိ တူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ ၁ ဒသမ ၅ သန်းခန့်ကို ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။
ထို့ပြင် တွင်းအမှတ် CHK-1236 ကို ZJ 750 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၄၁၀၀ အထိ တူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင် ရေနံစိမ်းစည် ၉၀ ခန့်ကိုလည်းကောင်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၃၀ ရက်နံနက်ပိုင်းက ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/လန်းရွာ ရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တူးဖော်မည့် ပေနက်တွင်းအမှတ် CDT-15 တွင်းသစ် စတင်တူးဖော်ခြင်း အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ်လိုအပ်သဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ထွက်ရှိလာတဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကြိုတင်စီမံထားရမယ်လို့ ဆိုပါတယ်။
ထို့ပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ထားရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးကို အလေးထားဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် ချောက်/လန်းရွာ ရေနံမြေရှိ ZJ 750 စက်ဖြင့် တူးဖော်လျက်ရှိသော တွင်းအမှတ် CHK-1236 ၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 1 July 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာတံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာဘက်သို့ အားကျိုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား သတင်းအရ ရှာဖွေခံပါတယ်။
ထိုသို့ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီအချိန် တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ရာဘာခြံရှိ အားဆော် ၏နေအိမ်အားရှာဖွေရာ အားဆော်မှာတိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက် တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
ထို့ကြောင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈ သိန်း၊ ဘိန်းဖြူ သုညဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) သုညဒသမ ၉ ကီလိုနှင့် ကက်တမင်း သုညဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Published - 30 June 2022
ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု သေဆုံးမှုနှုန်းသိသိသာသာကျဆင်းလာသည့်အတွက် အများနှင့်ဆိုင်သောနေရာအချို့မှလွဲ၍ နှာခေါင်းစည်းတပ်ခြင်းကို ဖြေလျှော့ပေးလိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
ယင်းသို့ဖြေလျှော့ပေးရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးလွှမ်းခြုံမှုမြင့်မားလာခြင်း၊ ပြည်သူလူထုမှ ကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းများကြောင့် ရောဂါကူးစက်မှုနှုန်းနှင့်သေဆုံးမှု လျော့နည်းလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါတစ်ကိုယ်ရေကာကွယ်ရေးစည်းမျဥ်းစည်းကမ်းများအနက် အခန်းတွင်း၌လူတစ်ဦးနှင့်တစ်ဦးနီးကပ်စွာရှ်ိနေခြင်း၊ အများပြည်သူအသုံးပြုသောမော်တော်ယာဥ်၊ မီးရထား၊ သင်္ဘော၊ လေယာဥ်စသည့်ယာဥ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူဝင်/ထွက်သွားလာအသုံးပြုသောဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊စျေယဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာအစရှိသော လူထူထပ်သောနေရာများ၌ လူအများနှင့်အတူရှိနေခြင်း၊ ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ကိုဗစ်- ၁၉ ရောဂါသံသယလက္ခဏာတစ်ခုခုရှိခြင်း ဖြစ်ပေါ်ပါကနှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့်သာ ထိရောက်စွာကာကွယ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ymg/sth
Published 30 June 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn နှင့်ကိုယ်စားလှယ်အဖွဲ့ကို ဇွန်၃၀ ရက် ဒီကနေ့ မွန်းလွဲ(၂)နာရီက နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချူပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့တက်ရောက်ခဲ့ကြပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်(လူမှုယဉ်ကျေးမှုအသိုက်အဝန်း) မစ္စတာ Ekkaphab Phanthavongနှင့် အရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
#Local_News
Published - 30 June 2022
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းထံသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စားသောက်ကုန်ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က သံရုံးသည် မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်း၏ တိုးတက်မှုနှင့် ကျောင်းသား ကျောင်းသူများ ကျန်းမာစွာကြီးပြင်းလာမှုကို အမြဲတစေဂရုပြုထောက်ခံအားပေးလျက်ရှိကြောင်း၊ ယင်းအပြင် သံရုံးမှ လွန်ခဲ့သည့် ၄ နှစ်အတွင်း၌ စုစုပေါင်း မြန်မာကျပ်ငွေ သန်း ၂၀၀ ခန့်အသုံးပြု၍ City Mart စူပါမားကတ်ကို တာဝန်လွှဲအပ်ပြီး လစဉ်ကျောင်းထံသို့ အရည်အသွေးမြင့် စားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း၌လည်း သံရုံးကကပ်ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်း၍ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီပေးခဲ့ကြောင်း၊ ယခုနှစ်တွင် မြန်မာကျပ်ငွေ သန်း ၂၀ ကျော်တန်ဖိုးရှိသည့် စားသောက်ကုန်များကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ခင်သီတာညွှန့်က သံရုံးမှ အဆက်မပြတ်လှူဒါန်းပေးအပ်သဖြင့် ကလေးများသည် အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးနိုင်ပြီး ပိုမိုဖန်တီးမှုစွမ်းရည်ရှိသည့် လုပ်ဆောင်များ ဖော်ဆောင်ရန် အထောက်အကူပြုသောကြောင့် မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိတွင် နေ့စဉ်စာသင်ကြားမှုအပြင် ကျောင်းမှ Beauty Saloon၊ ကွန်ပျူတာ၊ စက်ချုပ်နှင့် Massage သင်ခန်းစာများကိုလည်း သင်ကြားပေးနေကြောင်း၊ ယင်းတိုသည် သံရုံးမှလှူဒါန်းပေးအပ်မှုနှင့် ခွဲခြား၍မရကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာသံရုံးသည် မြန်မာနိုင်ငံ ပြည်သူ့အကျိုးပြုလုပ်ငန်းကို အလွန်ဂရုပြု၍ တက်တက်ကြွကြွထောက်ခံအားပေးကာ ပြည်သူ့အကျိုးပြုလှူဒါန်းမှုစီမံကိန်းများစွာ ဖော်ဆောင်ခဲ့သည်။
ရန်ကုန်ကျေးလက်ပြည်သူနှင့် မသန်စွမ်းသူမိသားစုများအား စားနပ်ရိက္ခာထုပ်များ လှူဒါန်းခြင်း၊ ကျောင်းများထံသို့ ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများလှူဒါန်းခြင်း၊ လျှပ်စစ်ရှားပါးသည့်ဒေသမှ ကျောင်းသား ကျောင်းသူများထံသို့ ဆိုလာမီးများလှူဒါန်းခြင်းတို့ ပါဝင်ပြီး မြန်မာနိုင်ငံရှိ အခြေခံပြည်သူများ လူနေမှုဘဝအခြေအနေကောင်းမွန်လာစေရန် ကူညီပေးကြောင်းသိရသည်။
သံရုံးအနေဖြင့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ စေတနာရှင်များနှင့် အတူလက်တွဲ၍ မေရီချက်ပ်မင်း နားမကြားသောကလေးများကျောင်းနှင့် မြန်မာနိုင်ငံ လူမှုဖူလုံရေးလုပ်ငန်းအတွက် စေတနာနှင့်ခွန်အားများဖြင့် အကျိုးထမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 29 June 2022
မြဝတီနယ်စပ်က တစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့တဲ့ ပို့ကုန်တွေအားလုံးအတွင် အမေရိကန်ဒေါ်လာနဲ့ပဲ ဈေးနှုန်းသတ်မှတ်ခွင့် ပြုမယ်လို့ မြဝတီနယ်စပ်ကုန်သည်တွေက ပြောပါတယ်။
#Yangon_Media_Group
Page 1741 of 2033