#Local_News
Published_27 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွေမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆိပ်ကမ်းချထားပြီး ဂါလန်၁၄ သန်းကျော်ကို ဆီချခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်သွားမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားအုန်းဆီတင်သွင်းတဲ့သူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _27 October 2022
မီးရထားလမ်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပြီး နှစ်လမ်းသွားကို တစ်လမ်းပြုပြင်နေပြီး ပြုပြင်နေချိန်မှာ တစ်လမ်းထဲကပဲ အသုံးပြုသွားလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 27 october 2022
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တာကြောင့် အာရှလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး ကုန်သွယ်မှုလမ်းကြောင်းတွေလည်း ခနပိတ်ထားခဲ့ရတယ်လို့ မြဝတီနယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 27 October 2022
၁။ ထိတွေ့တိုက်ပွဲများအပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်လျက်ရှိနေ
၂။ မီးရထားလမ်းများအဆင့်မြှင့်တင်နေ၊ ပြုပြင်နေချိန်တွင် နှစ်လမ်းသွားကိုတစ်လမ်းပဲ အသုံးပြုသွားလာမည်ဟုဆို
၃။ စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထား
၄။ လျှပ်စစ်မော်တော်ကားများအတွက် တရုတ်နိုင်ငံအနှံ အားသွင်းနေရာအများအပြား တည်ဆောက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
ကျိုက်ထီးရိုးဘုရားဖူးတွေကို တန်ဆောင်တိုင်အတွက် အတွက် နေစားငြိမ်း နှစ်ရက်သတ်မှတ်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 October 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ (၉)လအတွင်း ပြောင်းဖူးတန်ချိန် (၁၀၀၀) ကျော်ကို တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်အကောက်ခွန် ထွေ/အုပ်အာဏာပိုင်အဖွဲ့(GACC) နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန(မြန်မာ)တို့အကြား ယခုနှစ် ဇန်နဝါရီလတွင် Plant Quarantine Protocol ကို နှစ်နိုင်ငံအစိုးရအချင်းချင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့သည့် တန်ချိန်ပမာဏဖြစ်ကြောင်း သိရသည်။
စီးပွား/ကူးသန်း၏ ဖော်ပြထားသည့်စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်ကန်ဒေါ်လာသန်း ၅ ဒသမ ၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို တင်ပို့နေပြီးယခုနှစ် ပြောင်းရာသီတွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှာ မှတ်ပုံတင်ထာသည့် ပြောင်းတွေကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1731 of 2284