#Local_News
Published_ 30 December 2022
တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲ တစ်ပြိုင်နက်တည်းဖြစ်ရေးပါဝင်သည့် အချက် ၄ ချက်ကို NSPNC နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၅ ဖွဲ့တို့ သဘောတူခဲ့ကြကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းတွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်း (Political System)၊ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ခြင်း (Form of State)၊ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Peace and Development) တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တိုက်ရိုက်စနစ်-လျှို့ဝှက်မဲ ပေးစနစ်ဖြစ်ခြင်း၊ တစ်နိုင်ငံလုံး၌ တစ်ပြိုင်နက်တည်းဖြစ်ခြင်းဟူသော ရွေးကောက်ပွဲစံချိန်စံညွန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး (Rule of Laws, Stability and Multi Party general election convening with free, fare, direct, secret and general) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ သဘောတူညီချက် (၄)ချက်အနက် (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်(၁၀)ချက်ပါဝင်ပြီး ၎င်း(၁၀)ချက်ပါ ပြင်ဆင်မည့်စာတမ်းကို “အဆိုပြုချက် (မူကြမ်း)” များအဖြစ် ထားရှိရန် လည်း နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြကြောင်း သိရသည်။
ထို့အတူ နှစ်ဦးနှစ်ဖက်သဘောတူကြသည့်မှတ်တမ်း (၅) ရပ်၏ အနှစ်သာရများမှာ PPST အဖွဲ့ဝင်(၇)ဖွဲ့ပါဝင်သော “အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် NSPNC ၏ ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံနိုင်ရေး။
ပဋိပက္ခများလျော့ချရေးနှင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ လူထုတစ်ရပ်လုံးလိုလားတောင့်တနေသော စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန် အတွက် NCA လမ်းကြောင်းအတိုင်း လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက်ချမှတ်ဆောင်ရွက်သွားရေး။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အမျိုးသားလုပ်ငန်းစဉ် (National Ownership) ဖြစ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း (Joint Ownership)ဖြစ်ခြင်း၊ NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့ များနှင့် NCA လက်မှတ်ရေးထိုးရန် အဆင့်သင့်မရှိသေးသည့် EAOs အဖွဲ့များအားလုံး ပူးပေါင်းပါဝင်လာနိုင်ရန် နှစ်ဦးနှစ်ဖက် ကြိုးပမ်းသွားရေး။NCA ပြဋ္ဌာန်းချက်ပါ အရပ်သားများကို အကာအကွယ်ပေးခြင်း (Civilian Protection) အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရေး (Humanitarian Assistance) ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ကြိုးပမ်း ဆောင်ရွက်သွားရေးတို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
PPST အဖွဲ့ဝင် EAOs (၅)ဖွဲ့ (ALP, DKBA, KNU/KNLA P.C, LDU, PNLO) မှ ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ ဒီဇင်ဘာလ ၂၅ ရက်တွင် ရောက်ရှိခဲ့ကြကာ အရေးပေါ်ဆွေးနွေးတိုင်ပင်ကြပြီးနောက် တစုတစည်းတည်း ဆွေးနွေးရေးမူအရ ဆွေးနွေးမည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်း၍ အဖွဲ့ခေါင်းဆောင်နှင့် ဒုတိယအဖွဲ့ ခေါင်းဆောင်ကိုလည်း ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဆွေးနွေးပွဲအစီအစဉ်များကို ဒီဇင်ဘာလ ၂၇ ရက်တွင် အကြေ အလည် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ပြီး အစီအစဉ်(၈)ရပ်ကို နှစ်ဦးနှစ်ဖက် အတည်ပြု နိုင်ခဲ့ကြကြောင်း၊ အဆိုပါအစီအစဉ်(၈)ရပ်ကို အသေးစိတ်ဆွေးနွေး နိုင်ရေးအတွက် သီးခြားညှိနှိုင်း ဆွေးနွေးမှုတစ်ရပ်ကိုလည်း ပြင်ဆင်ပြုလုပ်ခဲ့ကြကြောင်း၊ဒီဇင်ဘာလ ၂၈ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော နိုင်ငံတော် ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PPST အဖွဲ့ဝင် (၅)ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တနေ့တာ အပြန်အလှန်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
PPST အဖွဲ့ဝင်(၅)ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ နှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့တို့၏ ပဏာမ ရရှိထားသော မှတ်တမ်း(၅)ရပ်၊ သဘောတူချက် (၄)ရပ် တို့သည် တစ်နိုင်ငံလုံးပြည်သူလူထုတစ်ရပ်လုံးနှင့် EAOs များအားလုံးအတွက် ဘုံအကျိုးစီးပွားကို ရည်မှန်း၍ နှစ်ဦးနှစ်ဖက် အကြေအလည် ဆွေးနွေးညှိနှိုင်း ရရှိထားသော အချက်များဖြစ်သောကြောင့် ဆွေးနွေးပွဲ အနေဖြင့် တစ်စုံတရာ အောင်မြင်မှုရှိသော ဆွေးနွေးပွဲဖြစ်ကြောင်းအဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 29 December 2022
လာမယ့်ဇန်နဝါရီလထဲမှာ ရွှေတိဂုံစေတီတော်ကြီးမှာ စာအောင်သံဃာတော်တွေအတွက် ဆုနှင်းသဘင် ပူဇော်ပွဲအခမ်းအနားပြုလုပ်သွားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_29- December 2022
ပြောင်းရာသီဖြစ်တဲ့အတွက် ပြည်ပပြောင်းတင်ပို့မှုဈေးကွက်ဟာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 29 December 2022
ဘေးအန္တရာယ်ရှိတဲ့ ရက်လွန်နေတဲ့ အစားအသောက်တွေကို အမှိုက်တောင်းတွေထဲကနေ ပြန်ယူရောင်းချစားသုံးတာမျိုးတွေ မလုပ်နိုင်အောင် စနစ်တကျစွန့်ပစ်ဖို့ လိုအပ်တယ်လို့ အစားအသောက်နှင့်ဆေးဝါးများ ကွပ်ကဲရေဦးစီးဌာန(FDA)မှ သိရပါတယ်၊၊
#Yangon_Media_Group
Published: 29 December 2022
နစကဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံအမတ်ကြီး မစ္စတာ Deng Xijun ကို ယနေ့ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နေပြည်တော် နစက ဥက္ကဋ္ဌရုံးမှာလက်ခံတွေ့ဆုံခဲ့ တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု၊ နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတကာမျက်နှာ စာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီဂဌာန သံအမတ်ကြိးတို့က ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
-ymg/knl
#Yangon_Media_Group





#Local_News
Published_29 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁.၇၅ ဘီလီယံကျော် ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 29 December 2022
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံကျော်ရရှိထား
၂။ ဘေးအန္တရာယ်ရှိသည့် အစားအသောက်များကို ပြန်စားသုံး၍ မရအောင်ပြုလုပ်ပြီးမှ စွန့်ပစ်ရန်လိုဟုဆို
၃။ ပြောင်းဈေးကွက် အရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မက်ဒရစ်မြို့တွင် ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင်များ၏ အုတ်ဂူများနှင့်နေထိုင်မှုပုံစံများအား ဒီဂျစ်တယ်ပုံရိပ်စနစ်ကိရိယာများဖြင့်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1727 of 2411