#Local_News
Published_ 20 January 2023

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အောင်မြင့်မိုရ်အိမ်ရာနှင့် သန်လျှင်မြို့နယ် သီလဝါအိမ်ရာစီမံကိန်းတို့မှ တန်ဖိုးနည်း ၊ တန်ဖိုးသင့်တိုက်ခန်း၂၀၄ ခန်းကို ရောင်းချတော့မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အောင်မြင့်မိုရ်အိမ်ရာတွင် ရောင်းချမည့်တိုက်ခန်းများမှာ ၄ခန်းတွဲ ၃ထပ်တိုက်ဖြစ်ပြီး တစ်ခန်းလျှင် ဈေးနှုန်းအနိမ့်ဆုံး ၂၉၆သိန်းမှ ဈေးအမြင့်ဆုံး ၅၅၆သိန်းအထိရှိကာ ၆ ခန်းတွဲ ၄ ထပ်တိုက်ဈေးနှုန်းမှာ အနိမ့်ဆုံး ၁၁၁သိန်းမှ ၁၉၁ သိန်းအထိ ရှိကြောင်း သိရသည်။

 

ထို့အတူ သီလဝါ အိမ်ရာစီမံကိန်းရှိ ၆ခန်းတွဲ ၅ထပ်တိုက်ရှိအခန်းများရောင်းချပေးသွားမှာဖြစ်ပြီး မြေညီထပ် ၁၃၃သိန်း၊ ပထမထပ် သိန်း၁၂ဝ၊ ဒုတိယထပ် ၁၁၅ သိန်း၊ တတိယထပ် ၁၀၉သိန်းနှင့် စတုတ္ထထပ် ၁၀၄ သိန်း တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခန်း အခန်းပေါင်း ၂၀၄ခန်း ကို CHID ဘဏ်တွင် အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀နှင့် အထက်ရှိသူများအား စုဆောင်းထားရှိသူများ၏ တန်းစီဇယားအမှတ်စဉ်အတိုင်း ရောင်းချပေးမည် ဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

#ymg/mt
#Yangon_Media_Group