#Local_News
Published_ 18 January 2023

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် စားအုန်းဆီပုံးများ တင်လာသည့် ကုန်တင်ကားက ကုန်တင်ဖောကားကို ဝင်တိုက်မိသောကြောင့် ဆီကားမောင်းသူ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၆ နာရီ ခွဲခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဆီပုံးများတင်လာသည့်ကုန်တင်ကားက ကုန်တင်ဖောကား၏ နောက်ပိုင်းကိုဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းမှ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ပြီး သေဆုံးသွားသူ အမျိုးသား၏ ရုပ်အလောင်းကို ကျိုက်ထိုမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group