#Local_News
Published_ 18 January 2023

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်ပတ်ကြာသည်အထိ ကျဆင်းလာခြင်းမရှိသေးပဲ ဆက်တိုက်မြင့်တက်လာကြောင်းစက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာပြီး ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

 

ယနေ့(ဇန်နဝါရီလ ၁၈ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၁၅၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ထိမြင့်တက်လာပြီး ယမန်နေ့တွင် ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၃၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၀၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

စက်သုံးဆီဈေးနှုန်းအတတ်အကျမမှန်ခြင်းကြောင့် ယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိလာပြီး၊ တချို့ယာဉ်မောင်းများသည် အုံနာခမတတ်နိုင်သည့်အတွက် ပြေးဆွဲမှုရပ်နားထားရကြောင်း သိရသည်။

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း၊ သိုလှောင်ထားရှိခြင်းများ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။

 

#ymg/sth
#Yangon_Media_Group