#Local_News
Published_ 18 January 2023

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၈၊ ၄ ဖာလုံနှင့် ၅ ဖာလုံကြားတွင် ယနေ့ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ယာဉ်မ‌တော်တဆမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က သိရသည်။

 

ယင်းဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ သီးကုန်းအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါယာဉ်မှာ မန္တ‌လေးဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသည့် ALPHARD အမျိုးစား(အနက်)ရောင်ယာဉ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ကာ လမ်း‌ဘေး‌တွင် ကာရံထားသော (GARD RALL)တန်းများကို ဝင်ရောက်တိုက်မီကာ လမ်းဘေးမြေသားလမ်းပေါ်တိမ်းမှောက်ရပ်တန့်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် ယာဉ်‌မောင်းပါ ကျား(၂)ဦး၊ မ(၄)ဦး၊ ပေါင်း(၆)ဦး၊အနက်၊ မ(၁)ဦးသေဆုံး၊ ကျား(၂)ဦး၊ မ(၃)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့်၊EMS (192) လူနာတင်ယာဉ်ဖြင့်၊ မိတ္ထီလာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးထားကြောင်းလည်း သတင်းရရှိသည်။

 

#ymg/mt
#Yangon_Media_Group