#Local_News
Published_15 December 2022
၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၊ အောင်လံ-သရက် နှင့် မင်းတပ်-မတူပီ ၆၆ ကေဗွီ ဓာတ်အားလိုင်းကြိုးများ ထပ်မံ ဖျက်ဆီးခံရပြန်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၁၃ ရက်က ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင် နှင့် သရက်မြို့နှင့်အနီးဝန်းကျင်ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ အောင်လံ- သရက် ဓာတ်အားလိုင်း၏ တာဝါတိုင် (၁) တိုင်တို့ကို ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်က ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းကြိုး ကို ထပ်မံဖောက်ခွဲပစ်ခတ်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် လျှပ်စစ်မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိ ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ဖျက်ဆီးခံရသည့် အကြိမ်အရေအတွက် (၄၄)ကြိမ် ရှိပြီ ဖြစ်ကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published _ 15 December 2022
တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ရက် နေ့လည် ၂နာရီဝန်းကျင်ခန့်တွင် တာချီလိတ်မြို့၊ လွယ်စတုံသွားရာလမ်း တာဝေမီးစက်အကျော် လမ်းဘေးမြောင်းအတွင်းမှာ ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူက YMG ကိုပြောခဲ့သည်။
"လမ်းဘေးမြောင်းထဲမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားက ပျံကျနေထိုင်သူတစ်ဦးဖြစ်တယ်လို ခန့်မှန်းရပါတယ်။ ပြီးတော့ သူ့ကိုတွေ့တော့ မျက်နှာကမဲနေပြီး ပျက်ဆီးနေပါပြီ။ အသက် ၃၀ ဝန်းကျင်လောက်ရှိမယ်လိုတော့ ခန့်မှန်းရပါတယ်။ တာဝန်ရှိသူတွေခေါ်ပြီး သမားရိုးကျသေဆုံးတာလို အတည်ပြုပြီးတော့ အသင်းကနေ အခေါင်းတစ်လုံးနဲ့ မီးရှိပေးလိုက်ပါတယ်"ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ ဆိုသည်။

#ymg/NN
#Yangon_Media _Group
#Local_News
Published _ 14 December 2022
ကိုဗစ်ကြောင့် ပိတ်ထားတဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ဒီဇင်ဘာလအတွင်းမှာ ပြန်ဖွင့်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 December 2022
ပုဂ္ဂလိကကျောင်းတွေ ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေကို ပညာရေးဝန်ကြီးဌာနက သေချာစစ်ဆေးပြီး မှတ်ပုံတင်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 14 December 2022
လက်ရှိအိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်လှုပ်ရှားရှားဖြစ်နေချိန် အိမ်ခြံမြေတွေကို ဝယ်ယူရာမှာ ရောင်းမှား ဝယ်မှားမဖြစ်စေဖို့နဲ့ လိမ်လည်မှုမခံရစေဖို့ စာရွက်စာတမ်းတွေကို သေချာစိစစ်ပြီးမှ ဝယ်ယူဖို့လိုတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA) က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 December 2022
ပြည်ပသို့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းတွေကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် ပြောင်းတန်ချိန် ၅သိန်းကျော်တင်ပို့ထားတယ်လို့မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 December 2022
၁။ ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ပြောင်းတန်ချိန် ၅ သိန်းကျော်တင်ပို့ထား
၂။ လိမ်လည်မှုများရှိနေ၍ အိမ်ခြံမြေဝယ်ယူရာတွင် စီစစ်ဝယ်ယူသင့်
၃။ လာမည့်ဇန်နဝါရီလတွင် ပုဂ္ဂလိကကျောင်းများကို သေချာပြန်စစ်ဆေးတော့မည်
၄။ ပျားများဝတ်မှုန်ကူးမျိုးပွားစေနိုင်ရန် ကော်စတာရီကာတွင် ပျားဟိုတယ်ဆောက်လုပ်ပေးထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1627 of 2280