#Local_News
Published_ 20 January 2023
ကျပ်သိန်း ၅၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း များနှင့် အခြားဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ယူစဉ် ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးက ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီလ ၁၄ ရက်နံနက် ၇ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွားကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာလိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်ကို ရှာဖွေရာယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့် ထည့်လျက်ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ပြီးနောက် ကွင်းဆက်အရ ထပ်မံ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက်တွင် တောင်ကြီးဘက်မှ လွိုင်လင်ဘက်သို့ မျိုးအောင် မောင်းနှင်ပြီး ပြည့်ဖြိုးအောင် လိုက်ပါလာသော ၂၂ ဘီးတွဲယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် စည်သူအောင် မောင်းနှင်ပြီး တင်အောင်ဝင်း လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်တို့ ၂ စီးပေါ်တွင် အုတ်နီခဲများဖြင့် ဖုံးအုပ်၍ တရားမဝင်သယ်ဆောင်လာသော ပလတ်စတစ်ပီပါ(၁၁၉)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် တာဝန်ခံသယ်ဆောင်သူ ဇော်လင်းစိုး အား တောင်ကြီး-ဟိုပုံးသွားကားလမ်းဟိုပုံးမြို့အဝင်တွင် PAJERO မော်တော်ယာဉ် ၁ စီးနှင့်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်သူ မြတ်သူအား အောင်ပန်းမြို့ မိုးကောင်းရပ်ကွက်တွင်လည်းကောင်း၊ လွိုင်လင်မြို့ နယ်၊ လွိုင်လင်ယ တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မျိုးကျော်(ခ)အားမီ မောင်းနှင်ပြီး ရွှေမင်းဦး(ခ)ကောင်းထက် လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်ပါ တရားမဝင်သယ်ဆောင်လာသော ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ ရက်ကလည်း သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီး မြို့ ဘက်သို့ ချစ်တိုင်းအောင်မောင်းနှင်ပြီး ကျော်ဇင်ခက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ(၅၀)လုံးဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ် ဓာတုပစ္စည်း Toluene ၃ တန် Methylamine ၄ ဒသမ ၅ တန်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊အင်းစိန်မြို့နယ်ရွှေပြည်သာ၊ စက်မှုဇုန်(၃)မင်းကြီးမဟာမင်းခေါင် လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းခေးလှိုင်အားတွေ့ရှိပြီး ဂိုဒေါင်အတွင်း တရားမဝင် သိုလှောင်ထားရှိသည့် သံပီပါ(၃၀)လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
Published 19 Jan 2023
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်တဲ့ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေတဲ့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဇန်နဝါရီ ၁၉ရက် ယနေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ Jasmine ဟိုတယ်၌ ညစာစားပွဲဖြင့် ကြိုဆို ဧည့်ခံခဲ့တယ်လို့ နစက ပြန်ကြားရေး က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ညစာစားပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် ဇနီး တို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ နှစ်နိုင်ငံ စစ်သံမှူးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြတယ်လို့သိရှိရပါတယ်။

ညစာစားပွဲတက်ရောက်လာတဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦီးစီးချုပ်နှင့်ဇနီးတို့ကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက် နှုတ်ခွန်းဆက်စကားများ အပြန်အလှန်ပြောကြားကြပြီး တက် ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်တဲ့ ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ် ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရား များအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#Myanmar_Thailand_Military_Co-operation



#Local_News
Published_ 19 January 2023
ခိုးဝင်သင်္ဘောတွေပေါ် သင်္ဘောလိုက်ဖို့တင်ပေးနေတဲ့ သင်္ဘောအေးဂျင့်တွေမြန်မာနိုင်ငံမှာရှိနေတဲ့အတွက် မြန်မာသင်္ဘောသားတွေအထူးသတိထားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_19 January 2023
တရုတ်နှစ်သစ်ကူးနီးလာတဲ့အတွက်ကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ၇၅ ရာခိုင်နှုန်းလောက် ကုန်သွယ်မှုရပ်တန့်နေတယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_19 January 2023
နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားတာကြောင့်ပြည်ပထွက်ခွာ အလုပ်လုပ်မယ့်သူတွေအတွက် အခက်အခဲရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 19 January 2023
၁။ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ အခက်အခဲရှိဟုဆို
၂။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၇၅ ရာခိုင်နှုန်းကုန်သွယ်မှုရပ်တန့်နေ
၃။ ခိုးဝင်သင်္ဘောပေါ်တင်ပေးနေသည့် သင်္ဘောအေးဂျင့်များကို အရေးယူပေးစေချင်ဟုဆို
၄။ ချန်အီ လကမ္ဘာမစ်ရှင်များကို အထောက်အကူပေးမည့်ကွေ့ချောင် -၂ ဂြိုဟ်တု နောက်နှစ်အစောပိုင်းတွင် တရုတ်လွှတ်တင်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ပြည်တွင်းခရီးသွားအများဆုံး သွားရောက်လည်ပတ်လေ့ရှိတဲ့ အင်းလေးဒေသခရီးစဉ်ကို ခရီးသွားအချို့ ဖျက်သိမ်းမှုတွေရှိနေတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
Page 1630 of 2354