#Health_Matters
Published - 10 Dec 2022
- အာဆင်းနစ်အဆိပ်သင့်တယ်ဆိုဘာ ဘာကိုပြောတာပါလဲ??
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 11 Dec 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ကိုဝင်းလှိုင်(BIT Director)နှင့်အတူ
-"စာအုပ် Delivery Service ဆိုတာက ထုတ်ဝေသူနဲ့ စာအုပ်ဝယ်ယူသူကြားပေါင်းစည်းပေးရတာဖြစ်ကြောင်း
-သိုင်းဝတ္ထုကို လူငယ်တော်တော်များများကဖတ်ကြပြီး"ဆန်းသစ်စိတ်ကူးယဉ်အရှေ့တိုင်းဘာသာပြန်စာပေ"ဆိုပြီး နာမည်ပေးထားကြောင်း
-ကိုအကြည်တော်ရဲ့ Poem Music အခွေထွက်ဖို့ စီစဉ်ပေးဖြစ်ခဲ့ပြီး နောက်ဆုံးအမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့တာဖြစ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_10 December 2022
ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းနှင့် လှိုင်သာယာဒဂုံဧရာအဝေးပြေးကားဝင်းတို့တွင် မှတ်ပုံတင်ကိုင်ဆောင်ပြနိုင်မှသာလျှင် ကားလက်မှတ်ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပိုဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။
အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှအဝေးပြေးကားဂိတ်တွေကို ညွှန်ကြားခဲ့ပြီး “နိုင်ငံသားစိစစ်ရေးကတ်မပါလျှင် စီးနင်းခွင့်မပြု” ဆိုသည့် စတစ်ကာများ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
YRTC မှ ယာဉ်လိုင်းဂိတ်တွေဆီကနေ ခရီးသည်အချက်အလက်များ အပတ်စဉ် စစ်ဆေးလျက်ရှိပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်ကို ယာဉ်လိုင်းဘက်မှ ဖောက်ဖျက်ပါက အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်လိုင်းများမှ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ ဝန်ထမ်းကတ် စသည့်ကတ်များနှင့် ဝယ်ယူခွင့်မပေးရန်ညွှန်ကြားထားပြီး ကားဂိတ်တွေအနေနှင့် မှတ်ပုံတင်မပါသူကို လက်မှတ်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် ခေါ်ယူသတိပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယာဉ်လိုင်းကို ၃ လ၊ ၆ လ ရပ်နားမည်ဖြစ်ကာ တတိယအကြိမ် ဖောက်ဖျက်ပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 10 december 2022
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၄၁)လမ်း၌ ယနေ့ ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီ ၂၄ မိနစ်တွင် ရွေ့လျားဆီအရောင်းကား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ အနောက်ကမ်းနားလမ်း၊ စိန်ပန်းရပ်မြို့ပတ်လမ်း၊ အကွက်အမှတ် (၃၄၈) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မီးလောင်ရာနေရာသို့ Level 1 အဆင့် ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်ရသည့်အကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား စိစစ်ဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
#ymg/NN
#Yangon _Media _Group
#Local_News
Published_ 10 December 2022
မြောက်ဦးဒေသကမ္ဘာ့အမွေအနှစ်စာရင်းဝင်မဝင် ပုံမှန်အားဖြင့်လာမည့်ဇွန်၊ ဇူလိုင်လလောက်တွင် သိရမည်ဖြစ်သော်လည်း လတ်တလောအချိန်အထိယူနက်စကိုကစစ်ဆေးရေးအဖွဲ့များမလာရောက်သေးဘူးဟုသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲမှသိရသည်၊၊
မြန်မာနိုင်ငံအနေဖြင့်မြောက်ဦးဒေသကို ယူနက်စကို၏ကမ္ဘာ့အမွေအနှစ်စာရင်းတွင် အဆိုပြုလွှာတင်သွင်းထားခြင်းဖြစ်သည်၊၊
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းထားသည့်အခြေအနေနှင့်လက်ရှိအခြေအနေများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ ညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက"ဆရာတို့က မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ အဆိုပြုလွှာတွေ အားလုံးတင်သွင်းပြီးဖြစ်ပါတယ်၊၊ ၂၀၂၂ခုနှစ်ဇွန်၊ ဇူလိုင်လတုန်းက ယူနက်စကိုက ကမ္ဘာအမွေအနှစ်ဒေသဆိုင်ရာအစည်းအဝေးနဲ့ဆုံးဖြတ်ချက်တွေ မကျင်းပနိုင်ခဲ့တဲ့အတွက်အခု၂၀၂၃ခုနှစ်ဇွန်၊ ဇူလိုင်လမှာ ကျင်းပမယ့်အစည်းအဝေးဆုံးဖြတ်ချက်တွေအရသိရမှာဖြစ်ပါတယ်၊၊
ဒါပေမယ့် အခုချိန်အထိယူနက်စကိုက အကြောင်းကြားတာ၊ စစ်ဆေးရေးအဖွဲ့တွေစေလွှတ်တာတွေမရှိသေးပါဘူး"ဟု YMGကိုပြောသည်၊၊
လတ်တလောအခြေအနေအထိ မြောက်ဦးဒေသနှင့်ပတ်သက်၍ယူနက်စကိုက အကြောင်းကြားခြင်း၊စစ်ဆေးရေးအဖွဲ့များစေလွှတ်ခြင်း၊ပြန်လည်ပြင်ဆင်ခိုင်းခြင်းမျိုးမရှိသေးဘူးဟု ဆိုသည်၊၊
ယခု ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာအမွေအနှစ်ဒေသဆိုင်ရာ အစည်းအဝေး မကျင်းပဖြစ်ပါက ၂၀၂၄ခုနှစ်ဇွန်၊ ဇူလိုင်လရောက်မှ မြောက်ဦးဒေသကမ္ဘာ့အမွေ အနှစ်စာရင်းဝင်မဝင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published-10 December 2022
ယခုလအတွင်း မကြာခင်ကျရောက်မည့် ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ် ပိတ်ရက်တွေအတွက် ပုဂံ-ညောင်ဦး ဟိုတယ်များ ကြိုတင်ဘွတ်ကင်မှာယူသူတွေများပြားနေကြောင်း ပုဂံဒေသရှိ ဟိုတယ်ဇုန်များမှ သိရသည်။
ပြည်တွင်းခရီးသွားများလာရောက်လည်ပတ်ကြမည်ဖြစ်သည့်အတွက် E-Bike အငှားလုပ်ငန်းများ ပိုမိုတွင်ကျယ်လာမည့်အပြင်၊ ခရီးသွားတွေကို အမှီပြုလည်ပတ်ရသည့် ဒေသခံတွေ၏ အရောင်းအဝယ်လုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ်လုပ်ငန်းများ အခွင့်အလမ်း ပြန်ရလာမည်ဖြစ်ကြောင်းသိရသည်။
ယခုနှစ်ခရီးသွားရာသီအစတွင် ပြည်ပခရီးသွားဧည့်သည်များ အဝင်နည်းနေသော်လည်း ပြည်တွင်းခရီးသွားများ လည်ပတ်မှုများပြားနေကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ကမ်းခြေနှင့် ပုဂံဒေသသို့ သွားရောက်လည်ပတ်မှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်းမှ ပြည်ပကိုသွားသည့် ခရီးသွားဧည့်သည်များ ပိုများနေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်၏ ပြောပြချက်အရ သိရသည်။ ယင်းအပြင် ပြည်တွင်းခရီးသွားလုပ်ငန်းများသည် ယခင်ထက် ၅၀ ရာခိုင်နှုန်းပြန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published-10 December 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၇ ဦး ဒီဇင်ဘာလ ၉ ရက် တွင် ရနောင်းမြို့ကနေတစ်ဆင့် ကော့သောင်းမြို့ကို ပြန်လည်ဝင်ရောက်ခဲ့ကြပြီ ဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက သိရသည်။
ပြည်တော်ပြန်ခဲ့ကြသည့် အရေအတွက်မှာ အမျိုးသမီး ၅၁ ဦးနှင့် အမျိုးသား ၁၃၆ ဦး ပါဝင်ကြောင်း၊ ယင်းတို့ကို ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူများက ပြန်ပို့ခဲ့ခြင်း ဖြစ်ပြီးကော့သောင်းမြို့ကိုရောက်လာချိန်တွင် ကိုဗစ်-၁၉ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ်ကာ သတ်မှတ်အသွားအလာစောင့်ကြည့်ရေးစင်တာများတွင် ထားရှိဦးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ရနောင်းမြို့အလုပ်သမားသံအရာရှိက နောက်တစ်ကြိမ် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပါက တရားဝင်နည်းလမ်းဖြင့်သာ ဝင်ရောက်ကြရန် ပြောကြားခဲ့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ တစ်ဦးက YMG ကို ပြောသည်။
"ပြီးခဲ့တဲ့ နှစ်ကစပြီး ထိုင်းကို တရားမဝင်သွားတဲ့သူတွေ ပိုများလာခဲ့တာ၊ သွားရင်အဖမ်းခံရမယ်ဆိုတာ သိသိနဲ့စွန့်စားကြတယ်။ ဒါပေမဲ့ ဒီစွန့်စားမှုက အဆင်မပြေဘူးလေ၊ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးပြောပြပါတယ်။ ဒါပေမဲ့ လိုက်နာမှု အားနည်းပါတယ်။ ပြဿနာ ဖြစ်ရင်တော့ ကိုယ့်နိုင်ငံသားတွေဆိုတဲ့ စိတ်နဲ့ကူညီရတာပဲလေ"ဟု အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။


#ymg/mt
#Yangon_Media_Group
Page 1634 of 2278