#Local_News
Published_ 19 May 2023
မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကိုထပ်မံစစ်ဆေးခဲ့ရာမေလ(၁၈)ရက်အထိစာရင်းတွေအရ ဒေသ(၁၁)ခုတွင် ဒေသခံပြည်သူ(၅၄)ဦးသေဆုံးခဲ့ပြီးရခိုင်ပြည်နယ်မှာသေဆုံးသူ(၁၄၅)ဦးအထိရှိလာသလို လူနေအိမ်နဲ့အဆောက်အဦ(၁)သိန်း(၈)သောင်း (၆)ထောင်ကျော်ထိခိုက်ပျက်စီးခဲ့တယ်လိုနစကရဲ့ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #မိုခါမုန်တိုင်း #ဒေသခံပြည်သူ #လူနေအိမ်နှင့်အဆောက်အဦး
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၁၈ရက်နေ့ည၈နာရီထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၄၂၃ ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၁၃၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိပါတယ်။
#Local_News #ကိုဗစ်လူနာသစ်၁၃၃ ဦး
#YMG #Yangon_Media_Group
#Local_New
Published_ 19 May 2023
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားတစ်ရာဝန်းကျင် ပြန်ဈေးတက်လာပြီး ၉၂တစ်လီတာလျှင် ၁၉၈၅အထိ ရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_New #စက်သုံးဆီဈေးနှုန်း #၂၀၀၀ဝန်းကျင်
#YMG #Yangon_Media_Group
#Daily_News
Published_ 19 May 2023
၁။ စက်သုံးဆီဈေးနှုန်း ၂၀၀၀ဝန်းကျင်သို့ ပြန်တက်လာ
၂။ မြန်မာတွင် ကိုဗစ်လူနာသစ် ၁၃၃ ဦး ထပ်တွေ့ရှိ
၃။ မိုခါမုန်တိုင်းကြောင့် ဒေသ(၁၁)ခုတွင်ဒေသခံပြည်သူ(၅၄)ဦးသေဆုံး၊လူနေအိမ်နှင့်အဆောက်အဦး(၁)သိန်း(၈)သောင်းကျော် ထိခိုက်ပျက်စီးခဲ့ ၊ရခိုင်တွင်သေဆုံးသူ(၁၄၅)ဦးအထိရှိလာ
၄။ ရာသီဥတုပြောင်းလဲမှုကို နားလည်စေရန် နှင့် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည့် ရာသီဥတုအရေးပေါ်ပြခန်းကြီးအား ပဲရစ်တွင်ဖွင့်လှစ်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 19 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၁၉ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၆၇ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ကျဆင်းလာတယ်လို ရန်ကုန်ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ ၂၃သိန်း၁သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေး #ဒေါ်လာပေါက်စျေး #ပြင်ပရွှေပေါက်စျေး
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
တောင်ငူထောင်(သီးသန့်) တရားရုံး၌ရုံးထုတ်စစ်ဆေးစဉ်အချုပ်သားများက သေနတ် ၂ လက်လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။
မေလ ၁၈ ရက် ညညနေ ၃ နာရီချိန်ခန့်တွင် တောင်ငူမြို့အမှတ်(၇)ရပ်ကွက် တောင်ငူအကျဉ်းထောင်ဝင်ပေါက်၏တောင်ဘက် လမ်းတစ်ဖက်ခြမ်းရှိ(သီးသန့်) တရားရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်အစောင့်အရှောက်များလိုက်ပါလျက် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦးတို့အား ရုံးထုတ်စစ်ဆေးစဉ် ယင်းအထဲမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ယာယီအချုပ်ခန်းတံခါးကို တွန်းဖွင့်ကာ လုံခြုံရေးအဖွဲ့ထံမှ သေနတ် ၂ လက် လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
#ymg/pl
#YMG #Yangon_Media_Group
#Local_News
Published_ 19 May 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၁၉ ရက် နံနက်က ယနေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံအမတ်ကြီးအဖြစ် ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. CHUM Angvichet က ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်နေမှုနှင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နေမှုအပေါ် ကမ္ဘောဒီးယားနိုင်ငံမှ ယုံကြည်မှုရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံသံတမန် ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စများ၊ မြန်မာနိုင်ငံ တွင်ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားချိန်၌ ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးခဲ့မှုနှင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ထပ်မံပေးအပ်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုတိုးချဲ့ ရေးကိစ္စ၊ သာသနာရေး၊ ပညာရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group





Page 1475 of 2421