#Local_News
Published_ 19 May 2023

တောင်ငူထောင်(သီးသန့်) တရားရုံး၌ရုံးထုတ်စစ်ဆေးစဉ်အချုပ်သားများက သေနတ် ၂ လက်လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၁၈ ရက် ညညနေ ၃ နာရီချိန်ခန့်တွင် တောင်ငူမြို့အမှတ်(၇)ရပ်ကွက် တောင်ငူအကျဉ်းထောင်ဝင်ပေါက်၏တောင်ဘက် လမ်းတစ်ဖက်ခြမ်းရှိ(သီးသန့်) တရားရုံး၌ လုံခြုံရေးတပ်ဖွဲ့ဝင်အစောင့်အရှောက်များလိုက်ပါလျက် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦးတို့အား ရုံးထုတ်စစ်ဆေးစဉ် ယင်းအထဲမှ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးတို့က ယာယီအချုပ်ခန်းတံခါးကို တွန်းဖွင့်ကာ လုံခြုံရေးအဖွဲ့ထံမှ သေနတ် ၂ လက် လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခြင်းများဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
#ymg/pl
#YMG #Yangon_Media_Group