မြန်မာအသင်းဟာ တတိယနေရာလုပွဲအတွက် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ လေးဂိုးနှစ်ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး တတိယဆုကိုရရှိ
Published 18 July 2023
#Local_News
#အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် တတိယဆုရရှိ
#YMG/my #Yangon_Times
‘လျှပ်စစ်သုံးမော်တော်ယာဉ် EV ကားတွေကို ကုမ္ပဏီအချို့မှတင်သွင်းလာကြပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ယူခွင့်ပြုကာ အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတယ်’အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ
Published 18 July 2023
#Local_News
#EVကား (၁၃၂) စီးတင်သွင်းထား
#tthl #Yangon_Times
‘ရွှေတိဂုံစေတီတော်ကို တစ်ရက်ကိုတရုတ်၊ ထိုင်းအစရှိတဲ့နိုင်ငံခြားသားခရီးသွား (၁၀၀)မှ(၃၀၀)ခန့် (တစ်ပတ်ကို(၇၀၀)ခန့်)ဝင်ရောက်တယ်” ဦးဘိုးသင်း(ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်)
Published 18 July 2023
#Local_News
#တစ်ပတ်ကိုနိုင်ငံခြားသား(၇၀၀)ခန့်ဝင်ရောက်
#tthl #Yangon_Times
#Local_News
Published 18 July 2023
ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းအတွက် မြေဩဇာဈေးနှုန်း(ရည်ညွှန်းဈေးနှုန်း)များ လျှော့ချဖြန့်ဖြူးရန် ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။
ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ၏ဥက္ကဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကထည့်သွင်းပြောကြားချက်အရသိရခြင်းဖြစ်သည်။
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများမြေဩဇာ အချိန်မီရရှိရေး၊ဈေးနှုန်းသက်သာစွာရရှိရေးအတွက်မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းပြီး သွင်းအားစု ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးလျက်ရှိရာ ရန်ကုန်အထိုင် ဈေးနှုန်းနှင့် ပုံမှန်ရောင်းဈေးနှုန်း များအဖြစ် ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၇၅,၀၀၀ ကျပ်၊ ယူရီးယား (အလုံးသေး) ၅၀ ကီလို တစ်အိတ်လျှင် ၆၈,၈၀၀ကျပ်၊ ကွန်ပေါင်း၅၀ ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ပြန်ပေးထားပြီး ယခုမိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းအတွက် ဇူလိုင် ၁၁ ရက်မှ ၃၁ ရက်အထိ ယူရီးယား (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၆၈,၈၀၀ ကျပ်၊ ကွန်ပေါင်း၅၀ကီလိုတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ပေးထားကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Local_News #မြေဩဇာဈေးနှုန်းလျှော့ချ ဖြန့်ဖြူးရန်ထုတ်ပြန်
#Yangon_Times
#Local_News
Published-18 July 2023
အိမ်ခြံမြေစျေးနှုန်းမြင့်တက်နေမှုများကြောင့် စျေးကွက်အတွင်း အငှားပိုသွက်လာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း လှိုင်မြို့နယ် ဥက္ကဌ ဒေါ်သန္တာဝင်းက ဆိုသည်။
၂၀၂၂ခုနှစ် ကိုဗစ်ဖြစ်ပွားမှုလျော့နည်းလာချိန်မှစ၍ ရန်ကုန်အိမ်ငှားစျေးကွက်၌ ပုံမှန်နေထိုင်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့လာရောက်၍ သင်တန်းလာတက်သူများရှိနေ၍ အငှားတောက်လျောက်ဖြစ်နေကြောင်းလည်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံမှုဆိုင်ရာ အသိပညာဆွေးနွေးပွဲတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
"အခုက အိမ်ခြံမြေစျေးက အမြင့်ပိုင်းရောက်နေလို့ ဝယ်ဖို့မလိုက်နိုင်တော့တာကြောင့် အငှားပိုဖြစ်လာတဲ့ သဘောမျိုးပါ။ အငှားက ပြောသမျှ၊ ထွက်သမျှ Customer က လိုအပ်နေတယ်။ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်း အစုံငှားနေရပါတယ်။ လှိုင်မြို့နယ်ဘက် မှာဆိုရင် အင်းစိန်လမ်းကနေ ဘုရင့်နောင်လမ်းတစ်လျှောက် တိုက်ခန်းအရေအတွက်ကလည်းများသလို အငှားကလည်းတောက်လျောက်ငှားနေရတယ်"ဟု ဒေါ်သန္တာဝင်းကဆိုသည်။
စျေးနှုန်းအနေဖြင့် ၂သိန်းအထက်၊ ၃သိန်း၊ ၁၀သိန်း ဝန်းကျင်အထိ အငှားရှိနေသည့်အနက် ၂သိန်းကျော်ဝန်းကျင် အငှားခန်းများပို၍ အငှားသွက်ကြောင်းလည်း ယင်းကဆိုသည်။
မြန်မာနိုင်ငံ၏အိမ်ခြံမြေစျေးကွက်သည် ၂၀၂၂ခု နှစ်ဇွန်လမှစ၍စျေးပိုမိုမြင့်တက်လာခဲ့ပြီး အိမ်ခြံမြေစျေးကွက် အတက်ဘက်သို့ဦးတည်နေကြောင်းလည်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌ ဦးခင်မောင်သန်းက ပြောကြားသည်။
#Local_News #အိမ်ခြံမြေ အငှားဈေးကွက်
#Yangon_Times/BM
#Local_News
Published_ 18 July 2023
နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ပေးချေမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ချက်များကြောင့် ၂၀၂၂ခုနှစ်တွင် အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ကျပ်ဘီလီယံ ၃၁၀၀၀ ကျော်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွင် လုပ်ငန်းဆောင်ရွက်မှုတန်ဖိုး ကျပ် ၃၁၆၆၆ ဘီလီယံ ရှိခဲ့ရာ ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာအခြေခံအုတ်မြစ်များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်လ် ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်အများပြည်သူအကြား ငွေသားကိုင်တွယ် အသုံးပြုမှုများကို လျှော့ချနိုင်ရန် ဆောင်ရွက်လျက်တယ်လို့ ဆိုပါတယ်။
ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီတွင် QR Code Payment အတွက် National Standard (MMQR) သတ်မှတ်နိုင်ရန် Technical Specification Version 1.0 ကို ချမှတ်ခဲ့ပြီး MMQR Specification Version 1.0 ကို နိုင်ငံအတွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများကို အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်းကို ပြုလုပ်နိုင်ရန်နှင့် ထိုမှတစ်ဆင့် ပြည်ပရှိငွေရေးကြေးရေး လုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းကို ပြုလုပ်နိုင်မည့် QR Code ကိုသတ်မှတ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
အမျိုးသားငွေပေးချေမှု မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပါ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် ဗဟိုဘဏ်အပါအဝင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များပါဝင်သည့် နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေရေးကြေးရေးဆောင်ရွက်မှုများ တိုးတက်များပြား လာသည်နှင့်အတူ နိုင်ငံ၏စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေများလျော့နည်း ကျဆင်းခဲ့ရာ ၂၀၂၁ ခုနှစ်တွင် CIC တိုးတက်မှုနှုန်းသည် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ် (မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးကျဆင်းလာခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ygm_mnn #Local_News #အင်တာနက်ဘဏ်လုပ်ငန်း #မိုဘိုင်းလ်ဘဏ်လုပ်ငန်း
#Yangon_Media_Group
#Local_News
Published-18 July 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၅၁)ဦးကို ဇူလိုင်လ ၁၈ ရက်(ယနေ့) စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့သော မြန်မာလုပ်သားများတွင် ကုန်ထုတ်လုပ်သားသစ် (၆၃)ဦး၊ စိုက် မွေးလုပ်သားသစ် (၇၉) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၉) ဦးပါဝင်ပြီး ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် ဇူလိုင်လ ၄ ရက်ကလည်း EPS စနစ်ဖြင့် စုစုပေါင်း (၁၅၃) ဦးကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဇူလိုင်လ ၁၀ရက်က EPS စနစ်ဖြင့် Regular ကုန်ထုတ်လုပ်သား(၁၄၆)ဦးကို ဒုတိယအကြိမ်အနေဖြင့်လည်းကောင်း၊ ဇူလိုင်လ ၁၂ ရက်တွင် မြန်မာလုပ်သား (၁၅၀)ဦးကိုလည်းကောင်းစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးက သိရသည်။
ဇွန်လအတွင်းကလည်း EPSစနစ်ဖြင့် မြန်မာလုပ်သား ၉၁၉ဦး စေလွှတ်ခဲ့ကြောင်း သံရုံး၏အချက်အလက်များအရ သိရသည်။
#Local_News #EPSစနစ်ဖြင့်မြန်မာလုပ်သား၁၅၁ဦးကိုယနေ့စေလွှတ်
#Yangon_Times/BM
Page 1045 of 2088