ကျိုက်ထီးရိုးစေတီတော်သို့ ပြည်ထောင်စုနေ့ပိတ်ရက်အတွက် တစ်ရက်ကို ဘုရားဖူးဧည့်သည် သုံးသောင်းကျော်အထိ စံချိန်တင် ဝင်ရောက်မှု များပြား
' တောင်ဖွင့်ချိန် သီတင်းကျွတ်လပြည့်နေ့တောင်ဖွင့်ချိန်ကစပြီး ဒီရက်က စံချိန်တင်အမြင့်ဆုံးလာရောက်တာပါ၊ ပြည်ပခရီးသွားက နိုင်ငံစုံလာတယ်၊ ထိုင်းကအများဆုံးပဲ၊ '
Yangon Times/NN
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 12 February 2024
ရေအောက်ကေဘယ်ဆက်ကြောင်း သွယ်တန်းရန်တိုင်းတာနေ၍ သတ်မှတ်ဧရိယာအတွင်း သင်္ဘောစက်လှေ၊ ငါးဖမ်းလှေစသည့် ရေယာဉ်များမဖြတ်သန်းရန်နှင့်ငါးမဖမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်လိုက်သည်။
Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR ဖြင့် မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း(၁၂-၂-၂၀၂၄)ရက်နေ့မှ(၁၉-၄-၂၀၂၄) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
သို့ဖြစ်ပါ၍ ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း ဆောင်ရွက်မည့်လမ်းကြောင်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တည်နေရာဧရိယာများအတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် အသိပေးကြေညာထားကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group

Published 12 February 2024
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ရန်ကုန် မန္တလေးကားလမ်းဟောင်း၊ ထက်ဧကရီ ဆီဆိုင်ရှေ့အနီးတွင် ယာဉ်နှစ်စီး တိုက်မိမှု ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ က သိရသည်။
ဖေဖေါ်ဝါရီ ၁၁ရက် ညပိုင်း ၇နာရီ ခွဲကျော်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ် တိုက်မှု တွင် ဘိလပ်မြေဖျော်သည့် ယာဥ် မှ ရန်ကုန်ဘက်ကနေ ပဲခူးမြို့ကိုမောင်းနှင်လာစဉ် ကလပ်ဂျန့်ဖြစ်ရာမှ လမ်းလယ်ကျွန်းကိုဝင်ရောက်တိုက်မိပြီး ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာသော၂၂ဘီးတွဲကားကို ဝင်တိုက်မိသဖြင့် တွဲကားယာဉ် တိမ်းမှောက်လဲပြီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၈နာရီ တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 12 February 2024
#YMG_News #Yangon_Times #Yangon_Media_Group


၁၁ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုသုံးသပ်နေမှုများရှိနေပြီး ယင်းနှင့်ပတ်သက်၍ ပြည်သူ လူထုပိုမိုသိရှိစေရန်အတွက်နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင် ထပ်မံ၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးပါတယ်။
@ymg/knl
တညင်းကုန်းလက်ကားဈေးကြီးဝန်းအတွင်း ညအိပ်လာရောက် ရပ်နားတဲ့ကားတွေ ပိုမိုများလာတယ်၊ ဈေးဝန်းအတွင်း ညအိပ်ကားကြီးများကို ၂၄နာရီ လုံခြုံမှုအပြည့်နဲ့ တစ်နေကုန်ကားရပ်ထားနိုင်ပြီး ဝန်ဆောင်ခ အဖြစ် ၃၀၀၀ ကျပ် ကောက်ယူပါတယ်။ နေ့စဉ်အစီးရေ၅၀၀ကျော်ရပ်နားပါတယ်။
Yangon Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 11 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်ရိပ်သာလမ်းထောင့်တွင် ယာဉ်တို-က်မှု ဖြစ်ပွားတစ်ခု ဖြစ်ပွားပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
ဖေဖော်ဝါရီ (၁၀)ရက် ည(၇)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသား (၂)ဦး မစိုးရိမ်ရအား ရွှေရုပ်လွှာပရဟိတအသင်း လူနာတင် ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times

Published 11 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဇေယျာသီရိ (၄)ရပ်ကွက်ရှိ လူမှုကူညီရေးရုံးနှင်ြမော်တော်ယာဉ်အချို့ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံ က သိရသည်။
ဖေဖေါ်ဝါရီ ၁၁ရက် နံနက်၂နာရီခွဲခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး မြိတ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာနံနက် ၃ နာရီ၃၅ မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု မှာမြိတ်မြို့ ရှိ ဂရုဏနာရေးကူညီ မှုအသင်းရုံး ဖြစ်ပြီး အသင်းမှ မော်တော်ယာဉ် အချို့လဲ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့်ဆုံးရှုံးမှု တန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times





Page 856 of 2282