UNESCO အနေနဲ့ မြောက်ဉီးဒေသကို လာရောက်စစ်ဆေးဖို ရှိပေမယ့် ကိုဗစ် ၁၉ ကပ်ရောဂါကာလနဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် လာရောက် မစစ်ဆေးနိုင်သေးတာဖြစ်
Published_ 21 July 2023
#ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင်မြောက်ဦးဒေသ
#Ymg/my
#Yangon _Times
#Local_News
Published-21 July 2023
ယခုမိုးတွင်းကာလတွင် တုပ်ကွေးရောဂါ၊ နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုများတွေ့ရှိနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့်တွေ့ဆုံခဲ့စဥ် အထက်ပါအတိုင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း အသက် ၅နှစ်အောက်ကလေးငယ်များတွင် ကာကွယ်ဆေးနှင့် ကာကွယ်၍ရသည့် ရောဂါမဖြစ်ပွားစေရန်အတွက် ကာကွယ်ဆေးလွမ်းခြုံမှုမြင့်မားစေရန် ဆောင်ရွက်နေကြောင်းလည်း ဆိုသည်။
သို့ဖြစ်ပါ၍ မြို့နယ်ဆရာဝန်များအနေဖြင့်လည်း ၎င်းတို့တာဝန်ကျရာမြို့နယ်အတွင်း၌ရှိသည့် ရွေ့ပြောင်းနေထိုင်သူများကို စနစ်တကျစာရင်းပြုစုထားရမည်ဖြစ်ပြီး ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့အပြင် ဆေးရုံကြီးများအနေဖြင့်လည်း ရောဂါဖြစ်လာသည့်အခါ အချိန်နှင့်တပြေးညီကုသမှုပေးနိုင်ရန်အတွက် ဆေးနှင့်ဆေး ပစ္စည်းများ၊ ကုသရေးလမ်းညွှန်ချက် များကို ပြင်ဆင်ထားရမည်ဟုလည်း ကျန်းမာရေးဝန်ကြီးပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
#Local_News #တုပ်ကွေး၊နမိုးနီးယားအဆုတ်ရောင်ရောဂါ #ဦးနှောက်ရောင်ရောဂါများဖြစ်ပွား
#Yangon_Times/BM
ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်လ်သွယ်တန်းမှုကို ယခု ဇူလိုင်လ (၁၃) ရက်မှ စတင်ပြုလုပ်နေခြင်းဖြစ်ပြီး၊ လာမယ့် ဒီဇင်ဘာလကုန်အထိ လုပ်ဆောင်သွားဖို့ရှိ
Published 21 July 2023
#Local_News
#ပင်လယ်ရေအောက်ဖိုက်ဘာကေဘယ်လ်သွယ်တန်းမှုစတင်ပြုလုပ်
#Ymg/my
#Yangon_Times
#Local_News
Published 21 July 2023
ရုပ်သံလိုင်းများတွင် ရိုက်ကူးပြသမည့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီဇာတ်လမ်းခွင့်ပြုချက်ရရန်အတွက် ဇာတ်လမ်းအကျဉ်းနှင့်အခန်းစဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့ကို ကြိုတင်တင်ပြရိုက်ကူးကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်သည်။
လာမည့်ဩဂုတ်လ၁ရက်နေ့မှစပြီး ရုပ်မြင်သံကြားရိုက်ကူးလုပ်ငန်းလုပ်ကိုင်နေသူများနှင့်ထုတ်လုပ်သူများ အနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီဇာတ်လမ်းအကျဉ်းနှင့် အခန်းစဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့ထံ ကြိုတင်တင်ပြရန်နှင့် ဆင်ဆာအဖွဲ့ထံ တင်ပြခြင်းမရှိဘဲ ရိုက်ကူးထားသောဇာတ်လမ်းတွဲများကို တင်ပြလာပါက ဆင်ဆာကြည့်ရူစစ်ဆေးပေးခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
‘မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဗီဒီယိုဆင်ဆာအဖွဲ့ကို ကြိုတင်တင်ပြရိုက်ကူးရမယ်လို့ အစည်းအရုံးကထုတ်ပြန်ထားတယ်ဆိုတာဟုတ်ပါတယ်။ အရင်ဗီဒီယိုဆင်ဆာအဖွဲ့ပါပဲ။ သူတို့ကိုပဲတင်ပြရမှာ။ အနုပညာလောကသားအနေနဲ့ ဒါကိုဘယ်လိုမြင်လဲဆိုတော့ ဇာတ်လမ်းရိုက်မယ့်လုပ်ငန်းနေရာ၊ အခန်းစဉ် နေရာတွေကိုကြိုတင်တင်ပြထားတော့တစ်ခုခုဆိုရင်စစ်ဆေးတာတွေရှိရင် ဒါကို (အထောက်အထား)ပြလိုက်ရင် အကာအကွယ်ပေးတဲ့သဘောပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်၊ ရုပ်ရှင်လောကသားတစ်ဦးက YMG ကို ပြောပြခဲ့သည်။
#tthl #Local_News #မြန်မာဇာတ်လမ်းတွဲများဆင်ဆာကြိုတင်တင်ပြရမည်ဟုထုတ်ပြန်
#Yangon_Times
‘ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံနိုင်ငံတွေမှာ မြန်မာ့ရွှေထည်၊ စိန်ထည်တွေဈေးကွက်ရပြီးသားပါ၊ ကိုဗစ်မှာ တင်ပို့ဖို့ပျက်သွားတာပါ။အခုအခွန်လျှော့ပေါ့ပေးလိုက်ချိန်မှာ ပြန်တင်ပို့သွားဖို့ရှိပါတယ်’ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းဥက္ကဌဦးမျိုးမြင့်
Published 21 July 2023
#Local_News
#မြန်မာ့ရွှေထည်၊ စိန်ထည်များပြန်တင်ပို့မည်
#tthl
#Yangon_Times
‘ပျောက်ဆုံးသွားတဲ့ သင်္ဘောသားတွေရဲ့ မိသားစုဝင်တွေကတော့ လတ်တလောဇူလိုင် ၂၁ ရက် မနက်ပိုင်းအထိတော့ MSF ကိုတော့ဆက်သွယ်အကူအညီတောင်းထားတာမျိုး မရှိသေးဘူး။ ဆက်သွယ်အကူအညီတောင်းခံလာရင် မြန်မာသင်္ဘောသားတွေရပိုင်ခွင့်၊ခံစားခွင့်တွေရရှိအောင်တောင်းဆိုပေးမယ်’
ဦးစိုးမင်းအောင်(မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ် (MSF)ဥက္ကဌ)
Published 21 July 2023
#Local_News
#မြန်မာသင်္ဘောသား(၄)ဦးပျောက်ဆုံး
#tthl
#Yangon_Times
ထိုင်းနိုင်ငံ နာမည်ကြီး ဘိလပ်မြေကုမ္ပဏီတစ်ခုဖြစ်တဲ့ Siam Cement Group (SCG) ကုမ္ပဏီ၊ ထိုင်းကြက်ခြေနီအသင်းနဲ့ ထိုင်းအယုဒ္ဓယဘဏ်တို့က ပူးပေါင်းထောက်ပံ့
Published 21 July 2023
#Local_News
#မိုခါမုန်တိုင်းသင့်ပြည်သူများထံသို့ထောက်ပံ့ပစ္စည်းများပေးအပ်
#Ymg/my
#Yangon_Times
Page 854 of 1904