ထိုင်း၊တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်နဲ့ မြန်မာ့ပြောင်းတန်ချိန် ခုနှစ်သိန်းကိုဒီဇင်ဘာက နေဧပြီလနောက်ဆုံးထားပြီး တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
Yangon-Times/NN
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိမိနေရပ်ကိုမပြန်နိုင်ဘဲ စစ်ရှောင်စခန်းတွေမှာ ရေရှည်နေထိုင်လာတာကြောင့် စားဝတ်နေရေးအခက် ဖြစ်တဲ့ အတွက် စစ်ဘေးရှောင်သည့် အမျိုးသားအများစုမှာ ပြည်ပကို အဆင်ပြေသလို သွားရောက်အလုပ်လုပ်ကိုင်မှု များ လာတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးသူတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် သူတွေအနေနဲ့ မတ်လ၁၁ရက်မှာ မြန်မာစာ၊ မတ်လ၁၂ရက်မှာ အင်္ဂလိပ်စာ၊ မတ်လ၁၃ရက်မှာ သင်္ချာ၊ မတ်လ၁၄ရက်မှာ ဓာတုနဲ့ပထဝီဝင်၊ မတ်လ၁၅ရက်မှာ ရူပနဲ့ သမိုင်း၊ မတ်လ၁၆ရက်မှာ ဇီဝနဲ့ဘောဂ၊ မတ်လ၁၈ရက်မှာ လူမှုရေးသိပ္ပံနဲ့ မတ်လ၁၉ရက်မှာ စိတ်ကြိုက်မြန်မာစာ တို့ကို ဖြေဆိုကြရမှာဖြစ်တယ်’ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 15 December 2023
(၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှ ပြည်တည်နာဖြစ်ပြီးပန်းသီးလုံးလောက်ဖြစ်လာသဖြင့် ခွဲစိတ်ကုသပေးခဲ့ရကြောင်း ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကလေးငယ်၏ဦးခေါင်းမှာဖြစ်ပေါ်လာသည့် ပန်းသီးလုံးအရွယ်ပြည်တည်နာကို ကျိုက်ထိုမြို့နယ်ပြည်သူ့ ဆေးရုံကြီးမှဆရာဝန်၊ဆရာမနှင့်ကျန်းမာရေးဝန်ထမ်းများမှအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါကလေးငယ်သည် တောင်ကလေးကျေးရွာဘက်တွင်မွေးဖွားလာသည့်ကလေးငယ်တစ်ဦးဖြစ်ပြီး (၁)လသားအရွယ်ကလေးငယ်လေးကိုကတုံးတုံးပေးရာမှအရေပြားထိခိုက်မှုဖြစ်ပြီး သွေးစသွေးနထွက်လာသဖြင့် သွေးတိတ်အောင် နနွင်းမှုန့်နဲ့ဆေးဘက်ဝင်အပင်များကိုဝါးပြီးအုံကာထည့်ပေးခဲ့ရာမှ အနာမှာ ပြည်တည်ပြီး ကလေးငယ်မှာ နို့မစို့နိုင်တော့သည့်အထိဖြစ်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များကို မွေးဆံပင်မဖြစ်မနေရိတ်ပေးရမည်ဆိုသည့်အယူအဆသည် ကျန်းမာရေးအရ အဆင်မပြေ ကြောင်းနှင့် ကလေးငယ်၏အပူအအေးကို ဦးခေါင်းမှတစ်ဆင့်ထိန်းချုပ်ခြင်းရှိသောကြောင့် ကလေးငယ်၏ဦးခေါင်း ကိုကတုံးရိတ်ပေးလိုက်ခြင်းအားဖြင့် ဆံပင်မရှိတော့လို့ အအေးမိ၊နှာစေး၊နှာပိတ်ခြင်းလက္ခဏာများ အလွယ်တကူ ဖြစ်ပေါ်စေနိုင်သဖြင့်သတိပြုကြရန်လိုအပ်ကြောင်းလည်း ယင်းဆေးရုံမှအသိပေးထားကြောင်းသိရသည်။
Yangon-Times/tthl
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၄ ဒီဇင်ဘာ ၂၀၂၃
၁၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်နှင့်ခမ်းပတ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ထူးခြားဖြစ်စဉ်များကို
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
၁၄ ဒီဇင်ဘာ ၂၀၂၃
တပ်မတော်နှင့်မြောက်ပိုင်း ၃ ဖွဲ့နှင့်ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြားလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က တရုတ်နိုင်ငံ၏ကူညီမှုဖြင့် မြန်မာနိုင်ငံအစိုးရနှင့် MNDAA ၊ TNLA ၊ AA တို့နှင့် တွေ့ဆုံပွဲကျင်းပခဲ့သည့်အပေါ် မေးမြန်းစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟုသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြဲတစေပြတ်သားစွာထောက်ခံအားပေးပြီး မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး တွေ့ဆုံဆွေးနွေးရေးအတွက် ပံ့ပိုးမှုနှင့် အဆင်ပြေချောမွေ့စေရန် အမြဲလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း “၁၀၂၇” ပဋိပက္ခဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး အပစ်အခတ်ရပ်စဲ၍ ဆွေးနွေးရေးလုပ်ငန်းကို အဆက်မပြတ်ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး အခြေအနေတည်ငြိမ်အေးချမ်းလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ် ကူညီဖော်ဆောင်မှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA ၊ TNLA ၊ AA တို့သည် တရုတ်နိုင်ငံပြည်တွင်း၌ ငြိမ်းချမ်းရေးဆွေးနွေးမှုကျင်းပခဲ့ရာ ယာယီအပစ်အခတ်ရပ်စဲ၍ ဆွေးနွေးမှုထိန်းသိမ်းထားရန် စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ ပဋိပက္ခဖြစ်ပွားမှုများ သိသိသာသာလျော့နည်းလာကြောင်း၊ ၎င်းသည်မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီး၏အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက်လည်း အထောက်အကူဖြစ်ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသက်ဆိုင်ရာ ဘက်အသီးသီးမှ ရရှိပြီးသည့် သဘောတူညီချက်များကို အရှိန်မြှင့်အကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အတတ်နိုင်ဆုံး ထိန်းသိမ်းစွာလုပ်ဆောင်ကာ လက်ရှိအခြေအနေတင်းမာမှု လျော့ကျလာစေ၍ ရုတ်တရက်ဖြစ်ပွားမှုများကို အချိန်မီစီမံထိန်းချုပ်ခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အဆင်ပြေချောမွေ့စွာဖြေရှင်းမှု (Soft Landing) အား အတူတကွဖော်ဆောင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
Page 794 of 2113