Pubkished_ 20 September 2024

တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၀) ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနား၌ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးဇေယျာနှင့် တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zhen Zhihong တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် "THE WANDERING EARTH 1" ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း (၁) ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့ပြီး ရုပ်ရှင်သီတင်းပတ်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ China Media Group နှင့် တရုတ်ယဥ်ကျေးမှုစင်တာ(ရန်ကုန်)တို့က ပူးပေါင်း၍ စီစဥ်ကျင်းပတာဖြစ်​ပါတယ်။

ရုပ်ရှင်သီတင်းပတ်ကို စက်တင်ဘာ (၂၀) ရက်နေ့မှ (၂၄) ရက်အထိ ရန်ကုန်မြို့ရှိ တရုတ်ယဥ်ကျေးမှုစင်တာ၌ အခမဲ့ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

တရုတ်သိပ္ပံနည်းပညာဇာတ်ကားများဖြစ်သည့် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း ၂ ၊ Animation Cartoon သမိုင်းထဲက ချန်အန်း၊ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် စိတ်ဝိဉာဥ် နားခိုးရာဆီသို့ နှင့် ငှက်တို့ ဇာမဏီ စတဲ့ ဇာတ်ကား ၅ ကားကို ပြသသွားမှာ ဖြစ်ပါတယ်။

ymg_mnn
#Yangon_Media_Group