မြန်မာ့လက်မှုလုပ်ငန်းများ ပြန်ရှင်သန်အောင် ရှော့ပင်းစင်တာများတွင် အရောင်းပြပွဲများ ပြုလုပ်မည်
‘မြန်မာ့လက်မှုလုပ်ငန်းရှင်တွေအနေနဲ့ တစ်ဦးချင်းစီက လုပ်ငန်းရှင်သန်နိုင်အောင် ကြိုးပမ်းနေသလို အသင်းအနေနဲ့လည်း လက်မှုလုပ်ငန်းတွေ ရှင်သန်လည်ပတ်နိုင်အောင် ပြည်တွင်းဈေးကွက်နေရာရဖို့ ရှော့ပင်းစင်တာတွေမှာ လက်မှုအရောင်းပြပွဲတွေ ပြုလုပ်ပြီး ကြိုးပမ်းရုန်းကန်နေတယ်’ မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌဦးသာဓု
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပတင်ပို့နိုင်မည့် ဂျင်းအခက်များ ယခုလကုန်ပိုင်းမှ ထွက်ရှိမှာဖြစ်ပေမယ့် ဘင်္ဂလားဒေရှ် မှ ကုန်သည်တွေဝယ်ယူရန် ကြိုတင်ရောက်ရှိနေ
ပြည်ပကိုတင်ပို့ နိုင်မယ့် အရည်သွေးရှိ ဂျင်းအခက်အရင့်တွေဟာ ယခုလကုန်ပိုင်းမှ ဈေးကွက် အတွင်း ရောက်ရှိမှာ ဖြစ်ပေမယ့် ဘင်္ဂလားဒေရှ်မှ ကုန်သည်တွေဝယ်ယူရန် ကြိုတင်ရောက်ရှိနေ တယ်လို့ ရှမ်းပြည်နယ်အောင်ပန်းရှိ ကုန်သည်တွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ကုန်ကြမ်းဈေးကြောင့်လက်မှုထည်အပါအဝင်ဝါးထုတ်ကုန်များဈေးနှုန်းမြင့်တက်
ကုန်ချောထုတ်တာမှာ အသုံးပြုတဲ့ ဝါးကုန်ကြမ်း၊ ဆေး စတာတွေ ဈေးမြင့်တာရယ်၊ လုပ်အားခ ဈေးမြင့်လာတာရယ်ကြောင့်လည်း ဈေးနှုန်းတွေတက်လာတာပါ ။ လတ်တလောတော့ demand ကောင်းတယ်ပြောရမယ်
#Yangon_Times/NN
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
မြို့နယ်အချို့တွင် ပဲဆီမစားနိုင်၍ စားအုန်းဆီကိုသာ အားပြုစားနေရ၊ ဆီတိုးရခြင်းမရှိတော့ဟုဆို
အချို့မြို့နယ်တွေမှာ ဆင်းရဲနွမ်းပါးတဲ့သူတွေများလို့ ပဲဆီမစားနိုင်ဘဲ စားအုန်းဆီပဲဝယ်စားနိုင်တယ်။ တွံတေးမြို့နယ်မှာ စားအုန်းဆီတစ်ပိဿ ကျပ်၄၆၀၀၊ ၄၇၀၀ခန့်နဲ့ ရောင်းချပေးနေပြီး စားအုန်းဆီ ပြတ်သွားတုန်းကလို ဆီတိုးပြီးလာဝယ်ရတာမျိုး မရှိတော့ဘဲ ပုံမှန်ရောင်းချနေတယ်’ တွံတေးမြို့နယ်ရှိ ဆီလက်ကားဒိုင်မှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းမြောက် တိုက်ပွဲများကြောင့် မှုဆယ်တွင် ကုန်ဈေးနှုန်းမြင့်တတ်လာပြီး ပြည်သူများခက်ခဲနေ
ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ကုန်သွယ်စီးဆင်းမှု အခက်ခဲဖြစ်ပေါ်ပြီး မူဆယ်မြို့နယ်တွင် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တတ်လာတဲ့အတွက် အခြေခံလူတန်းစားများ အဆင်ပြေစေဖို့ ပရဟိတအသင်းမှ စားသောက်ကုန်တွေကို မူလဝယ်ရင်းဈေးနဲ့ ရောင်းချပေးနေရတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 02 November 2023
တရုတ်နိုင်ငံနန်နင်းမြို့တွင်ကျင်းပမည့် ‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’သို့မြန်မာနိုင်ငံမှအဖွဲ့ဝင်များတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့သိရသည်။
အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါ်နုမြဇံ ဦးဆောင်သောအဖွဲ့ဝင်များသည် နိုဝင်ဘာလ၁ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်နိုင်ငံ ၊နန်နင်းမြို့သို့ထွက်ခွာသွားပြီဖြစ်သည်ဟုဆိုသည်။
‘ရေကြောင်းပိုးလမ်းကြီးယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ညီလာခံ’ကိုနိုဝင်ဘာလ၃ရက်မှ၄ရက်အထိ တရုတ်နိုင်ငံနန်နင်းမြို့၊ကွမ်ရှီးကွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ကျင်းပမည်ဖြစ်ပြီးဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့ဝင်များကို တရုတ်သံရုံးမှကောင်စစ်ဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဒေါက်တာကေသီထွေးတို့နှင့်တာဝန်ရှိသူများက လေဆိပ်သို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 2 November 2023
အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူမှု ကို နိုဝင်ဘာ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက် အထိ နှစ်လ အတွင်း ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန မှ သိရသည်။
အဆိုပါ အမျိုးသား အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမှု ကို တိုင်းနှင့်ပြည်နယ် ၁၃ခု ရှိ မြို့နယ် ၂၁၄ မြို့နယ် မှ ကျေးရွာအုပ်စု၊ရပ်ကွက်များ မှစတင် ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်ကောင်စီ နယ်မြေ မြို့နယ် ၈ မြို့နယ် ရှိ ရပ်ကွက် ကျေးရွာ ၂၇၇ ခုတွင် အမျိုးသားအဆင့် တိရစ္ဆာန်စာရင်းကောက်ယူ ခြင်း ကို တပြိူင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ခုနှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၄ ခုနှစ် မှ ၂၀၁၇ ခုနှစ်အထိ တိရစ္ဆာန်ကောင်ရေစာရင်းအား မြေပြင်တွင်ကောက် ယူနိုင်ခဲ့ခြင်းမရှိဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ စာရင်းပြုစု မှတ်တမ်းတင် နိုင်ခဲ့သည်။
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသော အခြေခံစာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရန် ၂၀၁၈ ခုနှစ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး တိရစ္ဆာန် ကောင် ရေစာရင်းပြောင်းလဲမှုကိုသိရှိနိုင်ရန် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကို နှစ်စဉ်ကောက်ယူခဲ့ကာ အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကို (၅)နှစ် တစ်ကြိမ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်၍ ယခု ၂၀၂၃ ခုနှစ်တွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒုတိယအကြိမ် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 687 of 1919