Published 2 November 2023
အစ္စရေး နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် စစ်ပွဲ အခြေနေကြောင့် အခက်ခဲ ဖြစ်ပေါ်နေသော မြန်မာ နိုင်ငံသားများ ကယ်ထုတ်ရေး စီမံချက် အရ နိုင်ငံတော်အစိုးရ အစီစဉ် ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည် ခေါ်ယုူရာ ဒုတိယ အသုတ် ပြန်လည် ရောက်ရှိ ကြောင်း နိုင်ငံပိုင်မီဒီယာများ၏သတင်း ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ ကို အောက်တိုဘာ ၃၁ရက် တွင် တဲလ်အဗီးမှ လေကြောင်း ခရီးစဉ် ဖြင့် ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှ တစ်ဆင့် နိုဝင်ဘာ ၁ရက် ညနေ ပိုင်းတွင် မြန်မာနိုင်ငံ သို့ ပြန်လည်ရောက် ရှိကြောင်း သိရသည်။
အစ္စရေး ရောက် မြန်မာ နိုင်ငံသားများ ကို နိုင်ငံတော် အစိုးရ အစီစဉ် ဖြင့် ပြန်လည် ခေါ်ယူရာတွင် ပထမ အသုတ်တွင် ၄ဦး ခေါ်ဆောင်နိုင်ခဲ့ပြီး ယခု ဒုတိယ အသုတ်တွင် ၃ ဦး စုစုပေါင်း ၇ ဦး ပြန်လည် ခေါ်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများ ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာ ဦးစီးဌာန မှ တာဝန်ရှိသူများ၊လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ တာဝန်ရှိသူများ နှင့်မိသားစု ဝင်များ က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် လာရောက် ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
YMG/LW
Yangon Time
#Published_ 02 November 2023
#YMG #Yangon_Times #Yangon_Media_Group
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှရရှိခဲ့ရာ မူရင်းအတိုင်း အပိုင်း(၃)ကို ပြန်လည်ဖော်ပြပေးပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှရရှိခဲ့ရာ မူရင်းအတိုင်း အပိုင်း(၂)ကို ပြန်လည်ဖော်ပြပေးပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ဒေသတိုက်ပွဲဖြစ်စဉ်များနှင့် ထိုတိုက်ပွဲတွေဘာကြောင့်ဖြစ်ခဲ့ရသလဲ ဆိုသည်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားတာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို အပိုင်း(၃)ပိုင်းခွဲ၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှရရှိခဲ့ရာ မူရင်းအတိုင်းပြန်လည်ဖော်ပြပေးပါတယ်။
#Daily_News
Published 1 November 2023
၁။ ကြံတောင်သူများအား သကြားစက်ရုံ ၃ ခုက အမြတ်ငွေ ခွဲပေးခဲ့
၂။ တရုတ် မှ တင်သွင်းတဲ့ ကြက်သွန်ဖြူနှင့်အာလူး ဈေးထက်ဝက်ကျော် မြင့်တတ်လာဟုဆို
၃။ ကျောက်ဆည် ဆင်ပွဲတော်နှင့် ဆင်လှူသည့်ဓလေ့ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဆင်အကပညာရှင်များ ပါဝင်ဆောင်ရွက်လို
၄။ EHangHoldingsကုမ္ပဏီမှ ထုတ်လုပ်သည့် ခရီးသည်တင်ပျံသန်းယာဥ်ကို တရုတ်အရပ်ဘက် လေကြောင်းကွပ်ကဲရေးမှ ပျံသန်းခွင့် အသိအမှတ်ပြုချက် ထုတ်ပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
၁ နိုဝင်ဘာ ၂၀၂၃
ကေအိုင်အေထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့အနီးကို ယနေ့ နိုဝင်ဘာ ၁ရက်မှာ ဒုတိယမြောက် နေ့အဖြစ် မြန်မာ့တ့ပ်မတော် ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။
နိုဝင်ဘာ ၁ရက် ယနေ့ မွန်းလွဲ ၁၂နာရီ၄၅မိနစ်မှာ ကချင်ပြည်နယ် လိုင်ဇာအနီး ကို မြန်မာ့ တပ်မတော် ဂျက်လေယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ သူက အေအက်ဖ်ပီကို ဆက်ပြောပါတယ်။ ဒါပေမယ့် ယမန်နေ့(အောက်တိုဘာ၃၁)ရက် ဗုံးကြဲတိုက်ခိုက်မှုမှာတော့ တစ်ဦးသေဆုံးပြီး ဆယ့်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါ အေအက်ဖ်ပီသတင်းပါကိစ္စနှင့် ပတ်သက်၍ ယခုသတင်းရေးသားသည့်အချိန်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ယမန်နေ့က KIA အဖွဲ၏ လက်နက် ၊ ခဲယမ်း နှင့် မိုင်း ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သည့်နေရာများကို တုန့်ပြန် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး
ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက် ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။
Source AFP
Published-1 November 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်အသက် (၈၅)နှစ်အထက် ဘိုးဘွား(၈၀၀) ကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆက်လက်၍ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လျက်ရှိပြီးလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် တစ်လ ၁၀၀၀၀/-ကျပ်နှုန်းဖြင့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက်ဘိုးဘွား(၈၄၉)ဦးတို့အား ငွေကျပ် ၂၅,၄၇၀,၀၀၀/-ကို ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ လိုက်လံပေးအပ်လျက်ရှိရာ မြို့နယ်အတွင်း (၃၁)ရပ်ကွက်၊ (၃၃)ရပ်ကွက်၊ (၃၇)ရပ်ကွက်၊ (၅၀)ရပ်ကွက်တို့မှ အသက်(၈၅)နှစ်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက် တစ်ဦးလျင် ၃၀၀၀၀/-ကျပ်စီကို လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group
Page 688 of 1919