မြန်မာ့မီးရထားမှ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက် အထူးရထားများ ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာဖြစ်ရာ ဧပြီ ၁၁ ရက်မှစတင်ကာ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အထူးရထားခရီးစဉ် #သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ယခုလာမည့် သင်္ကြန်ကာလအတွင်း မန္တလေး အပါအဝင်ဒေသ အားလုံး၌နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် မြေမြိုခြင်းနှင့်ရေကြီးခြင်းများကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ အသိပေးထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ မနက်မှ ဧပြီ ၁၁ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ကြောင်းသိရသည်။
▪️ ထို့အပြင် ဧပြီ၁၂ရက်နေ့မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 April 2025
▪️ မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများကို ကူညီထောက်ပံ့ရန်၊ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ ၅၅ တန်ကို တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
▪️ ယခုရောက်ရှိလာသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်ကြောင်း၊ထိုပစ္စည်းများအားမြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အီတလီနိုင်ငံမှလူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော Cesvi Onlus သည် လိုအပ်မှုအပေါ်အခြေခံ၍ ထိုအထောက်အပံ့များကို သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ လေယာဉ်ဖြင့်ပေးပို့သောထောက်ပံ့မှုသည် ဥရောပသမဂ္ဂ Humanitarian Air Bridge ၏ ဒုတိယအကြိမ်မြောက်ပေးပို့မှုဖြစ်ပြီး၊ ပထမ လေယာဉ် ဖြင့်တင်ဆောင်လာသည့် တန်ချိန် ၈၀ ခန့်ရှိသော ထောက်ပံ့ရေး ပစ္စည်းများသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊လေကြောင်းဖြင့်ပို့ဆောင်သော ပစ္စည်းများအပြင်၊ ဥရောပသမဂ္ဂမှ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ရန် ချမှတ်ပြီးသားဖြစ်သည့်အပြင်၊ ယခု မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 April 2025
▪️ ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း မန္တလေး ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းအထိ နောက်ဆက်တွဲငလျင် ကြိမ်ရေ ၁၁၃ကြိမ်အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည် မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး၊ ပင်လောင်း၊ပြင်ဦးလွင် အပါအဝင် ဒေသအနှံ့အပြား၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့မတ်လ ၁၀ ရက် မနက်ပိုင်း၉ နာရီ ၂၃မိနစ်၄၈ စက္ကန့်အချိန်တွင်တောင်ငူမြို့၏ တောင်-အနောက်တောင် (၁၀)မိုင်ခန့်အကွာတွင် အနက် - ၃၃ ကီလိုမီတာ ရှိပြီးရစ်(ခ်) တာစကေး ၃ ဒဿမ ၄ အဆင့်ရှိ သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့ကလည်း မြစ်သား၊စဉ့်ကူးနှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် တစ်ရက်တည်း ငလျင် ၅ ကြိမ်အထိလှုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၀ ဧပြီ ၂၀၂၅
မြန်မာနိုင်ငံ အစိုးရ၊ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ သက်ဆိုင်သူများကို အပြုသဘော ဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံသွားဖို့ ကတိပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Abhay Thakur ကပြောကြားလိုက်ပါတယ်။
ဧပြီလ ၉ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အိန္ဒိယစင်တာတွင်ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီတည်ထောင်သည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနား၌ အိန္ဒိယ သံအမတ်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ ဆက်ဆံရေးသည် ရှေးကျပြီး၊ ခိုင်မြဲကာ နက်ရှိုင်းစွာ အမြစ်တွယ်နေတယ် လို့ သံအမတ်ကြီးကပြောပါတယ်။ တူညီတဲ့ ဘာသာရေးဆိုင်ရာအမွေအနှစ်များ၊သမိုင်းဝင်ကုန်သွယ်မှု လမ်းကြောင်းများနှင့် အနုပညာ၊ စာပေနှင့် ဒဿနိကဗေဒတို့တွင် ဖလှယ်မှုများသည် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်နွှယ်မှုကို သက်သေထူနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
အိန္ဒိယ၏ အဓိကမူဝါဒသုံးရပ်ဖြစ်သည့် အိမ်နီးချင်းပထမ၊ အရှေ့နှင့်ထိတွေ့ဆက်ဆံရေး နှင့် အင်ဒို-ပစိဖိတ်- မြန်မာ စသည့်မူဝါဒတို့ဆုံစည်းရာတွင်တည်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အမှန်တကယ် အထူးနေရာတစ်ခုဖြစ်တယ်လို့ သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အိန္ဒိယ၏ ပံ့ပိုးကူညီမှုသည် ခိုင်မာလျက်ရှိနေတယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောကြားလိုက်ပြီး နိုင်ငံတော် တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် သို့မဟုတ် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်မှုများစတဲ့ အတွေ့အကြုံများမျှဝေခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းစတာတွေမှာ အိန္ဒိယက ကူညီမှုပေးနေတယ်လို့ သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်သည် လူနေမှုဘဝ၏ ပျက်ဆီးလွယ်သောသဘာဝကို ပြတ်ပြတ် သားသား သတိရစေပြီး ယခုလိုအချိန်မျိုးတွင် အိန္ဒိယ-မြန်မာ စည်းလုံးညီညွတ်ရေး စိတ်ဓာတ် အစစ် အမှန် ကို မြင်တွေ့နေရတယ်လို့ အိန္ဒိယသံအမတ်ကြီးကပြောကြားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးက အိန္ဒိယအစိုးရက မြန်မာငလျင်ကြီးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်များကို လည်း ကိန်းဂဏန်းအချက်အလက်များနှင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
Indian Council for Cultural Relations (ICCR)ကို အိန္ဒိယအစိုးရက ၁၉၅၀ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်အိန္ဒိယနိုင်ငံ၏ ပြင်ပယဉ်ကျေးမှု ဆက်ဆံ ရေးနှင့်သက်ဆိုင်သည့် မူဝါဒများနှင့်အစီအစဉ်များ ကိုရေးဆွဲအကောင်အထည်ဖော်ရန်၊အိန္ဒိယနှင့်အခြားနိုင်ငံများအကြား ယဉ်ကျေးမှု ဖလှယ်မှုများပြုလုပ် ခြင်းဖြင့် အပြန်အလှန် နားလည်မှု မြှင့်တင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၄-၂၅ ခုနှစ်များအတွင်း၊ ရန်ကုန်မြို့ရှိ ICCR ၏ Swami Vivekanand Cultural Center မှတဆင့် မြန်မာနိုင်ငံမှ အနုပညာရှင် ၂၈ ဦးသည် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့တဲ့Kullu Dussehra ပွဲတော်၊ Surajkund Mela နှင့် Ramayan ဖျော်ဖြေပွဲများသို့တက်ရောက်ခဲ့ကြပါတယ်။ရာမာယနပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသခဲ့ပါတယ်။မြန်မာနိုင်ငံမှ ကျောင်းသားများနှင့် သင်တန်းသားများအား သင်ကြားပို့ချပေးသည့် ရေတိုရေရှည်သင်တန်း စုစုပေါင်း ၄၂၁ ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တက္ကသိုလ်ပညာသင်ဆု ၃၉ ခုကို ICCR မှ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ICCR ကျောင်းသူကျောင်းသားဟောင်းများဖြစ်ခဲ့ကြသည့် နိုင်ငံတာဝန်ကြီးများ လက်ရှိ ထမ်းဆောင်နေကြသူ (၅)ဦးတို့က အမှတ်တရစကားများကို ရုပ်သံဗွီဒီယိုဖြင့်ပြောကြား ခဲ့ကြပြီး မြတ်စွာ ဘုရားရှင်၏ မဟာဗုဒ္ဓဝင်ဇာတ်တော်ကို Bharatnatyamအကဖြင့် သရုပ်ဖော်ကပြသကာ မြန်မာ့ရိုးရာ သင်္ကြန်တေးသီချင်းဖြင့် အိန္ဒိယ၏ ယောဂသရုပ်ပြသမှုတို့ကိုဖန်တီး တင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။
#ymg/knl

#Local_News
Published 10 Apirl 2025
▪️ MAI လေကြောင်းလိုင်းမှနေပြည်တော်သို့ ယမန်နေ့ကစတင်ပြီး ပြန်လည်ပြေးဆွဲနေကြောင်း သိရသည်။
▪️ ထိုသို့ပြေးဆွဲရာတွင် MAI သည် ဧပြီလ ၉ ရက်နေ့မှစ၍ နေပြည်တော်သို့လည်းကောင်း ခရီးစဉ်များကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိပြီး ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့မှစ တင်၍လည်း မန္တလေးသို့ပုံမှန်ပြန်လည်ပြေးဆွဲနေပြီ
ဖြစ်သည်။
▪️ ထို့ကြောင့် ခရီးသည်များအနေဖြင့် မန္တလေးမှတဆင့် ဟုမ္မလင်း၊ ကလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနားနှင့် ပူတာအိုအပါအဝင် ပြည်တွင်းမြို့ကြီးများသို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံတကာခရီးစဉ်များအနေဖြင့် ရန်ကုန်မှတစ်ဆင့် ဘန်ကောက် (သုဝဏ္ဏဘူမိနှင့် ဒွန်မောင်း) နှင့် စင်္ကာပူသို့လည်း အလွယ်တကူခရီးဆက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
April 10, 2025
NAY PYI TAW – Myanmar’s Deputy Prime Minister and Union Minister for Foreign Affairs, U Than Swe, met with Ms. Julie Bishop, Special Envoy of the United Nations Secretary-General on Myanmar, on 9 April at the Ministry of Foreign Affairs in Nay Pyi Taw.
According to an official social media post by the Ministry of Foreign Affairs (MOFA), the meeting focused on coordination between Myanmar and the United Nations, particularly regarding humanitarian assistance and response efforts following the recent devastating earthquake.
Ms. Bishop conveyed her deep condolences and sympathy for the victims of the Mandalay earthquake, which resulted in significant loss of life and property. She reiterated the UN's commitment to supporting the affected communities.
While the MOFA statement did not provide further details of the meeting, it emphasized that both parties discussed the importance of timely and effective aid delivery to those impacted by the disaster.
As of the latest figures released by the State Administration Council (SAC) on the evening of 9 April, the earthquake has claimed 3,649 lives, injured 5,018 individuals, and left 145 people missing.
#ymg/knl

Page 554 of 2529