#Local_News
Published 06 December 2023
Drop Bomb များဖြင့် တိုက်ခိုက်ခံရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲတွင် အရပ်သား ၂ ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ် ကလေး၂ ဦးအပါ ဒေသခံ ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံ ကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ မင်္ဂလာဆောင် ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်အချိန် PDF က ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှ နေ၍ Drone များအသုံးပြုကာ Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျ ရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့်မင်္ဂလာဆောင်သို့ ရောက်နေသည့် အရပ်သားဒေသခံ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ် သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
#Local_News #Drop Bomb #အရပ်သား၂ဦးသေဆုံး #ဒေသခံ၁၃ဦးဒဏ်ရာရ #Yangon_Times/PP
#Local_News
Published 06 December 2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်မြေခံ တပ်ရင်းကို တပ်မတော်စစ်ကြောင်းများက ပြန်လည် ထိန်းချုပ်သိမ်းပိုက်၍မြို့တွင်း လုံခြုံရေး ရယူထားကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါမြို့ကိုစနစ်တကျစုဖွဲ့လျက်ပြန်လည်တိုက်ခိုက်ခဲ့ပြီး KNLA နှင့် PDF တို့ ခေတ္တဝင်ရောက်နေရာယူထားသည့် နယ်မြေခံတပ်ရင်းကို တပ်မတော်စစ်ကြောင်းများက ပြန် လည် ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ကာ မုန်းမြို့အတွင်း လုံခြုံရေးလုပ်ငန်းများ ဆက်လက်ရှင်းလင်း ဆောင်ရွက် လျက်ရှိ ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းကစ၍ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်း ၁ ရင်းကို သာလွန် အင်အားဖြင့် အလစ် အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများက စနစ်တကျ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တစ်ဖက်က အင်အား ထပ်မံဖြည့်တင်း၍ တိုက် ခိုက်လာသည့်အတွက် ညနေပိုင်းတွင် လုံခြုံရေးမိသားစုဝင်များ ဘေး အန္တရာယ် ကင်းရှင်းစေရေး သင့်လျော်သည့်နေရာ သို့ နည်းဗျူဟာအရ ခေတ္တ ဆုတ်ခွာခဲ့ရပြီး အဆိုပါ မိသားစုများကို လုံခြုံစိတ်ချရသည့်နေရာသို့ လေကြောင်း အကူအညီဖြင့် စနစ်တကျပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း လည်း သိရသည်။
အဆိုပါနေရာသို့ တပ်မတော်စစ်ကူစစ်ကြောင်း များဖြည့် တင်း၍ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရ ယူကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စနစ်တကျစုဖွဲ့လျက်ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အလောင်း၊ လက်နက် အချို့သိမ်းပိုက်ရရှိခဲ့ကြောင်း၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲဖြစ်ပွား စဉ်အတွင်း ခေတ္တတိမ်းရှောင်စဉ် ထပ်မံထိတွေ့မှုဖြစ်ခဲ့သည့် အရာရှိ၊စစ်သည်အချို့နှင့် မြို့တွင်း နေ ရဲမေ အချို့တို့ ဖမ်းဆီးခြင်းခံရကာ အချို့အရာရှိ၊စစ်သည်၊ရဲမေများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိကြောင်းလည်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းအဆိုပါနယ်မြေခံတပ်ရင်းကို တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်းတွင် အခြားနယ်မြေခံတပ်ရင်းကို အဝေးမှနှောင့်ယှက်ပစ်ခတ်၍လည်းကောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သံတံတားလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်၍လည်းကောင်း၊ မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်၍ လည်းကောင်း စစ်ကူမလာရောက်နိုင်စေရေး ထိန်းချုပ်နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသောကြောင့်ရာ မြို့တွင်း လုံခြုံ ရေးဆောင်ရွက်သည့် တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့ခဲ့ကြောင်းလည်း သိရသည်။
#Local_News #မုန်းမြို့နယ်မြေခံတပ်ရင်း #ပြန်လည်ထိန်းချုပ်သိမ်းပိုက် #Yangon_Times/PP
#Local_News
Published 06 December 2023
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် ဂျပန် နိုင်ငံ Niigata University တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။
ဆေးတက္ကသိုလ်(၂) ရန်ကုန်နှင့် ဂျပန် နိုင်ငံ Niigata University တို့အကြား ပညာရပ်ဆိုင်ရာနယ်ပယ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (Agreement for Cooperation) ရေးထိုးထားသည်ကို သက်တမ်းပြန်တိုးကာ ဆက်လက် ပူးပေါင်းရေး လက်မှတ်ရေးလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
ယင်းကို ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ ဆေးတက္ကသိုလ် (၂) ရန်ကုန်နှင့် Niigata University တို့အနေဖြင့်သုတေ သနလုပ်ငန်းများတွင် အဓိကပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ ပညာရေးဆွေးနွေးပွဲများနှင့် အခြားပညာရပ်ဆိုင်ရာနယ်ပယ် များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ဆေးတက္ကသိုလ်(၂)ရန်ကုန် #Niigata_University #Yangon_Times-PP
#Local_News
Published 06 December 2023
မြန်မာ-ရုရှား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာသတင်းအချက်အလက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့ကို ဒီဇင်ဘာလ ၅ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် “ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု” ၊“စားနပ်ရိက္ခာလုံခြုံရေး” ၊ “စွမ်းအင်ကဏ္ဍပူး ပေါင်းဆောင်ရွက်ရေး” တို့ကိုလည်း ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုး ခဲ့ကြကြောင်းလည်း သိရသည်။
ယင်းအပြင် အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက် လုံခြုံရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ်တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရသည်။
#Local_News #မြန်မာ-ရုရှား #စာချွန်လွှာများကိုလည်းလက်မှတ်ရေးထိုးခဲ့ #Yangon_Times #YMG_News #Yangon_Media_Group
၅ ဒီဇင်ဘာ ၂၀၂၃
ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု များဆွေးနွေး
မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်ထပ်မံလွှဲပြောင်းပေး
၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ
မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်များ
နှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
-ymg/knl
၅ ဒီဇင်ဘာ ၂၀၂၃
ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့ ယနေ့ ဒီဇင်ဘာ ၅ရက်တွင် ထွက်ခွာသွားတယ်လို့ သိရပါတယ်။
နစက နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေသည် တရုတ်နိုင်ငံဘေဂျင်းမြို့တော်တွင် ဒီဇင်ဘာ (၇)ရက်၌ ကျင်းပပြလုပ်မည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီရဲ့ ဖိတ်ကြားချက်အရသွားရောက်တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှာ တရုတ်နိုင်ငံနှင့်အတူ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်ရာ နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ယခုအစည်းအဝေးတွင် လာမည့် ငါးနှစ်တာ အစီအစဉ်များညှိနှိုင်းဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ပူးတွဲသဘာပတိအဖြစ် လက်ရှိမြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပူးတွဲဆောင်ရွက်ခဲ့ရာမှ အလှည့်ကျစနစ်ဖြင့် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။
-ymg/knl
Page 440 of 1739