'ငွေပေါ်မှဖြစ်မယ်ဆိုတဲ့ သိန်းတစ်သောင်းကနေ နှစ်သောင်းကျော်ဈေးနှုန်းရှိတာတွေကို သိန်း
၂၀၀၀ ကနေ ၃၀၀၀ လောက်အထိ လျော့ရောင်းနေတယ်။ ဒါတောင်ရောင်းချင်တိုင်းရောင်းမထွက်ဘူး၊ အနည်းအပါးလောက်ပဲဖြစ်တယ်' မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဌဦးခင်မောင်သန်း
#Local_News
Published 06 December 2023
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အရောင်းအေး
#YMG/ NN #Yangon_Times
"ပူတာအိုရေခဲတောင်တက်ခရီးသွားဖို့ မူလက ခရီးသွားအဖွဲ့ ၂၀လောက် ကြိုတင်ဘိုကင်တင်ထားပေမယ့်လည်း ပူဝာာအိုကိုပြေးဆွဲတဲ့ လေယာဉ်နည်းပါးတဲ့အတွက် ခရီးစဉ်ဘိုကင်ပြန်ဖျက်သွားရတာမျိုးတွေရှိတယ်"
ပူတာအို ခရီးသွားဧည့်လမ်းညွှန်ကိုဆန်းနိုင်ဧလိယား
#Local_News
Published 06 December 2023
#ပူတာအိုတွင်ရေခဲ #ရေခဲတောင်တက်ခရီး
#tthl #Yangon_Times
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်နေတဲ့အတွက် မူဆယ်မှာအိမ်သုံး gas ဈေးမြင့်ခဲ့ပေမယ့် လက်ရှိမှာတရုတ်ဘက်မှ gas များ ၀ယ်ယူနိုင်တဲ့အတွက်စျေးထက်ဝက်ခန့်ပြန်ကျလာတယ်လို့ မူဆယ်ရှိ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
#Local_News
Published 06 December 2023
#အိမ်သုံးgas #ထက်ဝက်ခန့်ပြန်ကျ
#YMG/LW #Yangon_Times
#Local_News
Published 6 November 2023
ယခုနှစ်အတွင်း ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂သိန်းခွဲဝန်းကျင်ရှိကာ ယခင်နှစ်ထက်ထက်ဝက်ကျော်များလာကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ သိရသည်။
ယခုနှစ်ဇန်နဝါရီမှ နိုဝင်ဘာ ၂၂ ရက်အထိ ၁၁ လနီးပါးအတွင်း စုစုပေါင်း ခရီးသွားဦးရေ ၂၄၅,၀၀၀ ခန့်ရှိကာ ၂၀၂၁ ခုနှစ်တွင် ပြည်ပခရီးသွား ၁၂,၀၀၀ ဦးခန့်၊ ၂၀၂၂ ခုနှစ်တွင် ၈၇,၀၀၀ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ စာရင်းများအရ မြန်မာနိုင်ငံသို့ နိုင်ငံအလိုက် ပြည်ပခရီးသွားဝင်ရောက်မှုသည် တရုတ်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက ဒုတိယအများဆုံး ဝင်ရောက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက ဝင်ရောက်မှုတွင် ယခင်နှစ်က လူဦးရေ ၁၂,၀၀၀ ခန့်ဝင်ရောက်သော်လည်း ယခုနှစ်တွင် ဝင်ရောက်သူဦးရေ ၄၀, ၀၀၀ ကျော်အထိ တိုးတက်လာကြောင်း အဓိကအားဖြင့် ဘာသာရေးနှင့် ပတ်သက်၍ လာရောက်လေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသွားရာသီဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာမှ ၂၀၂၄ ခုနှစ် မတ်လအထိ ခရီးသွားရာသီခြောက်လတာကာလအတွင်း ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်ရန်အတွက် မျှော်မှန်းထားကြောင်း သိရသည်။
ထို့အပြင် အာဆီယံဒေသများဖြစ်သည့် ဗီယက်နမ် ၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများမှ ခရီးသွားကုမ္ပဏီများကို ထပ်မံဖိတ်ခေါ်၍ မြန်မာနိုင်ငံသို့ဝင်ရောက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News #ပြည်ပခရီးသွား #၂သိန်းကျော်ရှိ #YMG/LW #Yangon_Times
#Local_News
Published 06 December 2023
ရန်ကုန်မှမြဝတီသို့ ကားအကြီးများဖြင့်သွားလာ၍ မရသေးသော်လည်း ကားအသေးဖြင့်သွားလာ၍ ရသေးကြောင်းသိရသည်။
ယခင်လမ်းအစားတောလမ်းမှမောင်းနှင်ရခြင်းဖြစ်ပြီး ၁၅ယောက်စီး အန်စာတုံးကားများဖြင့် သွားနိုင်သည်ဟုဆိုသည်။
"ရန်ကုန်ကနေ မြဝတီကို ကားကြီးတွေတော့ သွားလို့မရသေးဘူး။ ကားသေး ၁၅ ယောက်စီး အန်စာတုံးကားတွေတော့ ပေးသွားနေပြီ။ ကားခအပြောင်းအလဲတော့ရှိတယ် တောလမ်းကနေပတ်သွားရတော့လေ"ဟု ရန်ကုန်-မြဝတီကား စီးလုံးငှားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက YMGကို ပြောသည်။
ကားလက်မှတ်ခကတော့ ယခင် ကျပ် ၃၅၀၀၀ သာ ကုန်ကျမည်ဖြစ်သော်လည်း ယခုအခါတစ်ဦးကို ကျပ်၆၀၀၀၀ ကျော်ကုန်ကျမည်ဖြစ်ပြီး ကားဆီဈေးကြောင့်မဟုတ်ဘဲ တောလမ်းအကွာအဝေးပိုလာသောကြောင့်ဖြစ်ကြောင်းနှင့် လုံခြုံရေးယူပေးထားမှုများရှိကြောင်း သိရသည်။
#Local_News #ရန်ကုန်မှမြဝတီ #ကားခအပြောင်းအလဲရှိ #tthl #Yangon_Times
#Local_News
Published 06 December 2023
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် မြန်မာလူမျိုးများ အကြောင်းကိုအီဂျစ်နိုင်ငံသားများ နားလည်နိုင်စေရန် Myanmar Showcase 2023 ပြပွဲပြသခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အီဂျစ်နှင့် မြန်မာနိုင်ငံ အစိုးရနှစ်ရပ်အကြား ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခိုင်မာလာစေရန် ရည်ရွယ်၍ Myanmar Showcase 2023 ပြပွဲအခမ်းအနားကို မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၊ မြန်မာ့သမိုင်း၊ တိုင်းရင်းသားလူမျိုးများ၊ မြန်မာ့ယဉ်ကျေးမှု၊ လယ်ယာထွက်ကုန်များ၊ မြန်မာ့ရိုးရာအစားအစာနှင့် ရေမြေသဘာဝ၊ မတူကွဲပြားသော ဘာသာဝင်များ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအတွက် ပြန်လည်လက်ခံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်း တိုးတက်မှုအခြေအနေတိုနှင့် စပ်လျဉ်းပြီး အီဂျစ်နိုင်ငံသားများမှ ပိုမိုသိရှိနားလည်လာကာ နှစ်နိုင်ငံ ပြည်သူများအကြား ကူးလူးဆက်ဆံမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ Power Point presentation ဖြင့် မိတ်ဆက်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပြခန်းအသီးသီးတို့အပြင် အီဂျစ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး ဓါတ်ပုံပြကွက်၊ နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေး နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက် ဓါတ်ပုံပြကွက်၊ ပြည်တွင်းနိုင်ငံရေးဖြစ်ထွန်းတိုးတက်မှု ဆိုင်ရာဓါတ်ပုံပြကွက်တို့အား လိုက်လံလှည့်လည် ပြသရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ မန္တလေးပဲကြော်၊ ကော်ပြန့်ကြော်၊ ရွှေရင်အေး၊ ဌက်ပျောသီးပူတင်းတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဧည့်သည်တော်များအား မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လက်ကမ်း စာစောင်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်ဟု ဖော်ပြထားသည်။
သံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမြင့်လွင်က "သံတမန်တို့၏ ပင်မတာဝန်သည် နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေး တိုးမြှင့်ခိုင်မာမှုရှိလာစေရေးအတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ နိုင်ငံခြားရေးမူဝါဒ၊ အမျိုးသားအကျိုးစီးပွားအတွက် အစိုးရ၏ အကောင်အထည် ဖော်ဆောင်နေမှု အခြေအနေမှန်တို့ကို လက်ခံသည့်နိုင်ငံမှ ပြည်သူများမှ ပိုမိုသိရှိလာစေရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုများတိုးမြှင့်လာစေရန် Public Diplomacy အား အကောင်အထည်ဖော်ဆောင်နိုင်မှုသည်အဓိက အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ ယနေ့ကျင်းပသည့် Myanmar Showcase 2023 သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အီဂျစ်ပြည်သူများမှ ပိုမိုသိရှိလာစေကာ ပြည်သူများအကြား ကူးလူးဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံအစိုးရတိုအကြားရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုတိုးမြင့်ခိုင်မာလာစေမည်ဟု ယုံကြည်ပါကြောင်း"ဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပဌာနမှ ဒုတိယလက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Ambassador Mrs. Aya Saad Mohamed Abdelkarim၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်းများ ဖြစ်ကြသော Ambassador Sherif El Leithy and Ambassador Fawzi Shamawy၊ OIC အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် (မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်သံအမတ်ကြီးဟောင်း) Ambassador Ibrahim Ahdy Khairat၊ Al-Azhar အဖွဲ့အစည်းမှ အစ္စလာမ်မစ်သုတေသနအကယ်ဒမီ အထွေထွေအတွင်းရေးမှူးချုပ် Prof. Nazir Muhammad Nair ၏ အထူးကိုယ်စားလှယ်၊ အီဂျစ်စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ပဆက်ဆံရေးဌာန၊ အာရှရေးရာ ညွှန်ကြားရေးမှူး Mrs. Marwa Fouda၊ နှင့် အီဂျစ်အစိုးရရုပ်သံလိုင်း Nile TV International ၏ ဥက္ကဋ္ဌ Ms. Taghreed Hussein၊ Diplomatic Magazine ၏ CEO Mr. Abdelhay Mokhtar၊ Egyptian Public Relations Association ဥက္ကဌ Dr. Hatem Mohamed၊ the African-Asian Journalists Union ဥက္ကဌ Mr. Nizar Al-Khaled၊ ပြည်တွင်းသတင်းမီဒီယာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်း အေဂျင်စီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
#Local_News #အီဂျစ်နိုင်ငံ #Myanmar_Showcase_2023 ပြပွဲ #tthl #Yangon_Times
#Local_News
Published 6 December 2023
ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ပြုလုပ်ရန်အတွက် ရက်ချိန်းယူမှုကို လူကိုယ်တိုင်လာရောက်ယူရမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဆိုလ်းမြို) ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအတွက် ကြိုတင်ရက်ချိန်းယူရာမှာ တယ်လီဖုန်းဖြင့် ရက်ချိန်းယူခွင့်ပြုခဲ့ပေမယ့်လာမည့် ဒီဇင်ဘာ ၂၇ ရက်ကစပြီး လူကိုယ်တိုင် လာယူရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာသံရုံး ဆိုလ်းမြို့တွင် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် မွန်းလွဲ ၂နာရီမှ ၄နာရီ အတွင်း နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် သူကိုယ်တိုင်နိုင်ငံကူးလက်မှတ်စာအုပ်၊ IDကတ် မူရင်းနှင့်အတူလာရောက်ရန်နှင့် စာအုပ်ပါဓါတ်ပုံနှင့် ပြုလုပ်မည့်သူကိုတိုက်ဆိုင်စစ်ဆေးပြီးမှသာ ရက်ချိန်းတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်နှင့် ပြုလုပ်မည့် သူကိုတိုက်ဆိုင်စစ်ဆေးမည်ဖြစ်သောကြောင့် ကြိုတင်ရက်ချိန်း ယူမှု ကိုယ်တိုင်လာရောက်ရန် လိုအပ်ပြီး ရက်ချိန်းယူထားသူများကိုသာ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူထားသူများမှာ ဒီဇင်ဘာလကုန်အထိ ရက်ချိန်းပြည့်ပြီဖြစ်သောကြောင့် တယ်လီဖုန်းဖြင့် ရက်ချိန်းယူမှု ကို ဒီဇင်ဘာ ၆ရက်အထိသာ လက်ခံပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
#Local_News #နိုင်ငံကူးလက်မှတ်သက်တမ်းတိုး #ကိုရီးယားရောက်မြန်မာ #YMG/LW #Yangon_Times
Page 439 of 1739