#Local_News
Published_25 August 2022
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၅ ခုမှ မြန်မာများ သြဂုတ်လ ၂၅ ရက်တွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်ခွင့်ရခဲ့ကြကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက သိရသည်။
ယင်းတို့မှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်မှန်ကန်သူများဖြစ်ပြီး Semenyih camp မှ ၂၅ ဦး ၊ Malaka camp မှ ၄ ဦး ၊ Paranang camp မှ ၂ ဦး ၊ Tanah Metah camp မှ ၆၉ ဦး ၊ Pekan Nenas camp မှ ၆၆ ဦး စုစုပေါင်း( ၁၆၆) ဦးတို့ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ ပြစ်ဒဏ်ကျခံပြီးပါက ထိန်းသိမ်းရေးစခန်းများတွင် ဆက်လက်ထိန်းသိမ်းခံရခြင်းဖြစ်ပြီး အဆိုပါ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြည့်စုံသူများအား မြန်မာသံရုံးအစီအစဉ်ဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေခြင်းလည်း ဖြစ်ကြောင်း သိရသည်။



ymg/mt
#Yangon_Media_Group
#Local_News
Published_ 26 Aug 2022
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်မြင်သူများ နေပြည်တော်နည်းပညာတက္ကသိုလ်သို ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြေညာထားပါတယ်။
နိုင်ငံတော်ရဲ့ လူမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်းများတိုးတက်ရရှိစေရန်အတွက် နိုင်ငံအကျိုးပြု အရည်အချင်း ပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
သင်ကြားပို့ချသွားမယ့် ဘွဲ့သင်တန်းများကတော့ မြို့ပြအင်ဂျင်နီယာ၊ အီလက် ထရွန်းနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ ကွန်ပျူတာ အင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာနဲ့ ဗိသုကာတို့ဖြစ်ကြပါတယ်။
အဆိုပါ ဘွဲ့သင်တန်းများအား ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်သူများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ (၄) ဘာသာ ရမှတ် (အများ/အနည်း) ပေါ်မူတည်၍ ရွေးချယ်တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
အသေးစိတ်သိလိုပါက အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန၊ ၀၆၇-၃၄၀၄၅၇၀၊ ၀၆၇-၃၄၀၄၆၅၂၊ ၀၆၇-၃၄၀၄၆၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြေညာထားပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published- 25 August 2022
ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းသွင်းကုန် တင်သွင်းမှုတွေလျော့ကျလာတဲ့အပြင် တချို့ကုန်သည်တွေကတော့ ရပ်နားမှုတွေရှိလာတယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 25 August 2022
မွေးမြူရေး ကြက်ပေါက်ဈေးနှုန်းနှင့် ကြက်အစာဈေးတက်နေလို့ ကြက်သားတစ်ပိဿာကို ကျပ် ၉၀၀၀ ကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24August 2022
လတ်တလောမှာ သန်လျင်သဘာဝတရားရိပ်သာမှာ လာရောက်ခိုလုံသူတွေ များပြားနေတဲ့အတွက် ရိပ်သာအတွင်းကုတင်အပြည့်လူအပြည့်ဖြစ်နေပြီး နေရာအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရိပ်သာအုပ်ချုပ်ရေးမှူးဒေါ်ခင်စမ်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_25 August 2022
ကာတာနိုင်ငံကနေ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် မြန်မာလုပ်သားတွေခေါ်ယူနေတယ်လို့ ပြည်ပအေဂျင်စီတွေက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 August 2022
၁။ ကာတာနိုင်ငံက မြန်မာလုပ်သားများ ခေါ်ယူနေ
၂။ သဘာဝတရားရိပ်သာတွင် ကုတင်အပြည့်လူအပြည့်နှင့် ထားစရာနေရာအခက်အခဲများဖြစ်ပေါ်နေ
၃။ မွေးမြူရေး ကြက်ပေါက်ဈေးနှင့် အစာဈေးတက်လာ၍ ကြက်သားတစ်ပိဿာ ၉၀၀၀ ကျော်အထိရှိနေ
၄။ ရေခဲစိုင်များအရည်ပျော်လာသည့် ဂရင်းလန်းဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု လျှော့ချထိန်းချုပ်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1998 of 2419