#DailyNews
Published - 21 July 2022
၁။ ပုဂံအာနန္ဒာအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်း ၁၉ လ ကြာမည်ဟု ခန့်မှန်းထား
၂။ ထိုင်းဘတ်ဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းကုန်သည်အချို့ အခက်အခဲများရှိနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပြင်သစ်နိုင်ငံလိုင်ယွန်မြို့တွင် ရိုးလင်းစတုန်းစ်ရော့ခ်ဂီတအဖွဲ့ ဖျော်ဖြေပွဲကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 July 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေနယ်စပ်ကုန်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ)နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)တို့မှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃ သန်းခန့် တန်ဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက သိရသည်။
ဘင်္ဂလားဒေ့နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သော မောင်တော ၊ စစ်တွေကုန်သွယ်ရေးစခန်းနှစ်ခုမှ ပုံမှန်လည်ပတ်နေပြီး ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ၂ ဒသမ ၉၀ သန်း ဖိုးတင်ပို့နိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်မှ သွင်းကုန်အမေရိကန်ဒေါ်လာ ၆၉၆၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။
စစ်တွေ ကုန်သွယ်မှုစခန်း (ရွှေမင်းဂံ ) မှ အမေရိကန် ဒေါ်လာ ၅၈၉၁၆၁ ဒေါ်လာဖိုး ၊ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်း ( ကညင်ချောင်း) မှ အမေရိကန်ဒေါ်လာ ၂၃၂၇၉၄၈ တန်ဖိုးဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဝင်ကုန်တင်ပို့ပြီး ပြန်လည်ရောက်ရှိလာသော စက်လှေလုပ်သားများအား ခရိုင် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအဖွဲ့၏ ကြပ်မတ်မှုဖြင့် ကိုဗစ်ရောဂါစစ်ဆေးမှုများပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 21 July 2022
YBS ကားများနှင့် တက္ကစီများပေါ်တွင် ကြော်ငြာများချိတ်ဆွဲထားခြင်းသည် မြို့သာယာလှပရေးကို ထိခိုက်စေသည့်အတွက် တပ်ဆင်ခြင်းမပြုရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YRTC ကို ပေးပို့ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း YRTC မှထပ်ဆင့်ထုတ်ပြန်ထားသည်။
ယခင်က YBS ယာဉ်များနှင့်တက္ကစီယာဉ်ပေါ်တွင် ကြော်ငြာကပ်ခွင့်ကို YRTC မှ သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားပြီး ကြော်ငြာကပ်လိုသူအနေဖြင့် ယာဉ်ပိုင်ရှင်ကို အခကြေးငွေပေးကာ ကြော်ငြာများ ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်ပိုင်ရှင်တွေအနေဖြင့် ယင်းကဲ့သို့ ကြော်ငြာကပ်ခွင့်မရှိတော့သည့်အပေါ် ၎င်းတို၏ ကြော်ငြာခ ဝင်ငွေလျော့နည်းသွားမည်ဖြစ်သည့်အတွက် ဝေဖန်ပြောဆိုမှုတွေရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 21 July 2022
တောင်ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲ ဖြေဆိုမည့်သူအများစုသည် စာမေးပွဲမှတ်ပုံတင်ကြေး ဒေါ်လာနှင့်ပေးသွင်းရန် အခက်အခဲရှိနေကြောင်း စာမေးပွဲဖြေဆိုမည့်သူများထံမှ သိရသည်။
လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာပြင်ပပေါက်စျေးမြင့်တက်နေပြီး ဝယ်ယူရ ခက်နေခြင်းကြောင့် ငွေပေးသွင်းရန် အခက်အခဲရှိနေကြောင်း သိရသည်။
ယင်းအပြင် စာမေးပွဲဖြေဆိုမည့်သူ သောင်းနှင့်ချီရှိသည့် အလုပ်သမားများ မှတ်ပုံတင်ကြေးပေးသွင်းရန် ဒေါ်လာအပြိုင်ဝယ်ယူနေကြာင်း သိရသည်။
EPS စာမေးပွဲ မှတ်ပုံတင်ကြေးကို ၂၄ ဒေါ်လာနှင့် တန်ဖိုးညီသည့် ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ မူလကကြေညာခဲ့သော်လည်းလက်တွေ့တွင် ဒေါ်လာငွေနှင့်သာလက်ခံကြောင်း သိရသည်။
လက်ရှိတွင် EPSစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ကြေးပေးသွင်းခွင့်ရထားသူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း POEA ၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
EPS စာမေးပွဲကို သြဂုတ်လကနေ ဒီဇင်ဘာလအထိ လုပ်ငန်းကဏ္ဍအလိုက်အသုတ်လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 July 2022
တောင်ကိုရီးယားနိုင်ငံ၌ တရားဝင် အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သား ၁၅၅ ဦး ဒီကနေ့ ဇူလိုင် ၂၁ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အလုပ်သမားများအနက် ၂၂ ဦးက စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ကြမှာဖြစ်ပြီး ၁၃၃ ဦးက ကုန်ထုတ်လုပ်သားအဖြစ်လုပ်ကိုင်ကြမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရောက်ရှိလာတဲ့ မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိကကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်တဲ့ အချက်များကို မှာကြားကာ လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 21 July 2022
မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဖလား(၁၀)မြို့နယ်၊ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့က ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်တုရင်အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားကို မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားနည်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး စစ်တုရင်ကစားခြင်းသည် ဦးနှောက်နှင့်ကိုယ်ပိုင်ဉာဏ်ကို မြင့်မားစေပြီး နည်းစနစ်တကျ တွေးခေါ်မြော်မြင်မှုစွမ်းရည်များ၌ မြင့်မားလာရေးကို များစွာ အထောက်အကူပြုကြောင်း၊ ယခုပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် စစ်တုရင်အားကစားသမားများစွာ ပေါ်ထွက်ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်စေရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်း စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စစ်တုရင်အားကစားနည်းဖြင့် မွန်ပြည်နယ်မှ လက်ရွေးစင် အားကစားသမားများ များစွာပေါ်ထွက် လေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်(၅၅၁)မှတ်ဖြင့် တစ်နိုင်ငံလုံး၌ ဆဌမအဆင့်ရရှိသည့် မပန်းပြည့်သခင်သည်လည်း မွန်ပြည်နယ်မှ စစ်တုရင် လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_20 July 2022
ဒေါ်လာဈေး အတက်ကြမ်းလာတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ပို့လုပ်ငန်းတွေ ရပ်သလောက် ဖြစ်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
#Yangon_Media_Group
Page 1958 of 2297