#LocalNews
Published_9 October 2022

 

ဟိုတယ်ငှားရမ်းခများနှင့် အခွန်အခများကို ပုံမှန်ပေးသွင်းကြရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က အောက်တိုဘာလ ၈ ရက်တွင် ရန်ကုန်မြို့အင်းယားလိတ်ဟိုတယ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားလိုက်သည်။

 

ယင်းအပြင် မြန်မာနိုင်ငံသို့ နိုင်ငံပေါင်း ၇၉ နိုင်ငံမှ ခရီးသွားများ ဝင်ရောက်လျက်ရှိပြီး ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ရှစ်နိုင်ငံသို့ဗီဇာကင်းလွတ် ခွင့်ပြုထားကာ ယခုပွင့်လင်းရာသီမှအစပြု၍ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအပြင် နိုင်ငံသားပိုင်ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ဆက်စပ်ခရီးသွားလုပ်ငန်းများပါ အကျိုးဖြစ်ထွန်းလာမည်ဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအားလုံး ပူးပေါင်းပါဝင်ကြရန်လည်း ပြောကြားခဲ့သည်။

 

ယခုနှစ် ဧပြီလ ၁၇ ရက်က စတင်၍ နိုင်ငံတကာ လေကြောင်းလိုင်းများကို ဖွင့်လှစ်ပေးခဲ့ပြီး e-business visa ၊ e-tourist visa များကို ခွင့်ပြုပေးခဲ့သဖြင့် ယခုအခါ နိုင်ငံပေါင်း ၇၉ နိုင်ငံမှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများတွင်လည်း e-Visa ဖြင့် လျှောက်ထားနိုင်ရန် ခွင့်ပြုထားကြောင်းလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရသည်။

 

ymg/mt
#Yangon_Media_Group