#LocalNews
Published -24 May 2022
မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံရုံးမှ သံအမတ်ကြီး H.E.Mr.Bandara Jayasinghe Mudhiyanselage Janaka Priyantha ဦးဆောင်တဲ့ အဖွဲ့ဝင်(၈)ဦးဟာ မေလ(၂၄)ရက်မှာ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်မြတ်ကြီးကိုလာရောက်ဖူးမြော်ခဲ့ပါတယ်၊၊
အဲဒီလိုဖူးမြော်ရာမှာ ဗိုလ်တထောင်စေတီတော်တာဝန်ခံအလှည့်ကျဂေါပက ဦးလှမြင့်(၂)နှင့်ဂေါပကအဖွဲ့ဝင် ဦးအောင်ခိုင်၊ ဂေါပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်းတို့က ဗုဒ္ဓဆံတော်မြတ်ရတနာနှင့် ဗိုလ်တထောင်ဘုရားသမိုင်းကို လိုက်ပါရှင်းလင်းပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သီရိလင်္ကာသံရုံးမှ သံအမတ်ကြီး H.E.Mr.Bandara Jayasinghe Mudhiyanselage Janaka Priyantha မှ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်အားအလှူတော်ငွေ အမေရိကန်ဒေါ်လာ(100)၊ မြန်မာကျပ်ငွေ(၁၀၀,၀၀၀)နဲ့လက်ဆောင်ပစ္စည်းတွေကို ဂေါပကအဖွဲ့ထံ လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သီရိလင်္ကာသံရုံးမှ သံအမတ်ကြီး H.E.Mr.Bandara Jayasinghe Mudhiyanselage Janaka Priyantha ကိုဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော်ဂေါပကအဖွဲ့မှလည်း ဆံတော်မြတ်ရတနာပုံအား အမှတ်တရလက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့ကြပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#DailyNews
Published - 24 May 2022
၁။ ရွှေတိဂုံစေတီရှိပျက်စီးနေသည့် မြန်မာမှုပန်းပုရုပ်ကြွများကို အစားထိုးလဲလှယ်မည်၊ မူရင်းရုပ်ကြွများကို ပြတိုက်တွင်ထားမည်။
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ခွင့်ပြုချက်မဲ့လူနေတဲအိမ်များကို ဖယ်ရှားရန်စီစဉ်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဂျပန်နိုင်ငံမှ ကျည်ဆံရထားတွဲတစ်တွဲတွင် အိမ်မွေးခွေးလေးများကို လိုက်ပါစီးနင်းခွင့်ပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published -24 May 2022
စိုင်းထီးဆိုင်ရေးသားထားတဲ့ သီချင်းတွေကို Studio မှာတီးခတ်အသံသွင်းပြီး ခွင့်မတောင်းဘဲ အွန်လိုင်းပေါ်တင်ထားခြင်းကို ပြန်ဖြုတ်ချပေးရန် သမီးဖြစ်သူက တောင်းဆိုထားတယ်လို့ သိရပါတယ်၊၊
စိုင်းထီးဆိုင်ရဲ့သမီးဖြစ်သူက "ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သော တေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာ မဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ) Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး၊ တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်၊ ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်၊၊ အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည်၊၊ ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများ ရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ"လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Hseng sam မှာ ရေးသားဖော်ပြထားပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 24 May 2022
တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံနေရာ ဒီကနေ့ မေ ၂၅ ရက်တွင် အလုပ်သမား ၁၃၀ ဦး အင်ချွန်းလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထပ်မံရောက်ရှိလာတဲ့ အလုပ်သမားများမှာ Re-entry လုပ်သား ၃၀ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မယ့် လုပ်သားသစ် ၅၀ ဦးနဲ့ စိုက်ပျိုးရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မယ့် လုပ်သားသစ် ၅၀ ဦး စုစုပေါင်း ၁၃၀ ဦး တို့ဖြစ်ကြပါတယ်။
ရောက်ရှိလာတဲ့ အလုပ်သမားများကို ဆိုးလ်မြို့ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိကကြိုဆိုခဲ့ပြီး အလုပ်သမားများ သိရှိလိုက်နာသင့်တဲ့ အချက်တွေကို မှာကြားခဲ့ကာ လိုအပ်သည်များ ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 24 May 2022
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာတွင် အခန်းတန်ဖိုးငွေ အကြေပေးသွင်းဝယ်ယူထားသူများကို အိမ်ပေါ်တက်ရောက် နေထိုင်ခွင့်ပြုသည့် အကြောင်းကြားစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
မြိုပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းသို့ မေ ၃၀ ရက်မှ စတင်ပြီး နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း ရုံးဖွင့်ရက်များတွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။
အိမ်ခန်းဝယ်ယူရန် DUHD Sale Housing Facebook Page မှ လျှောက်ထား လာသူများအနက် အခန်းမဲနှိုက်ခွင့် ရရှိသူများစာရင်းကို ကြေညာပြီး မတ် ၃၀ ရက်က Live လွှင့်ကာ သက်ဆိုင်ရာအိမ်ရာ အမျိုးအစားအလိုက် မဲပေါက်သည့်အခန်းများကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် အိမ်ခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထုတ်ပေးခဲ့ပြီး CHID Bank ဘဏ်သို့ဆက်သွယ်ကာ အခန်းတန်ဖိုးငွေပေးသွင်းဝယ်ယူရေး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -24 May 2022
အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊
အဲဒီ့လိုဖွင့်လှစ်နိုင်ဖို့ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်း၊ အနုပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ ဥက္ကဌဆရာတော်နဲ့ဒုဥက္ကဌဆရာတော်တို့က မေလ(၂၃)ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်၊၊
မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်နိုင်ဖို့ သင်ရိုးညွှန်းတမ်းရေးဆွဲတာ၊သင်ရိုးမာတိကာနဲ့ သင်တန်းပြဌာန်းစာအုပ်တွေ ပြုစုဖို့လုပ်ငန်းအဖွဲ့လည်း ဖွဲ့စည်းဆောင်ရွက်နေပြီလို့ သိရပါတယ်၊၊
မြန်မာ့ပြက္ခဒိန်တွက်နည်းစနစ်တွေ၊ မဟာသင်္ကြန်စာရေးသားပြုစုနည်းတွေ တိမ်ကောပပျောက်မှုမရှိအောင် မြန်မာ့ပြက္ခဒိန် ဘွဲ့လွန်ဒီပလိုမာသင်တန်းဖွင့်လှစ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ဦးဆောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Health_Tips
Published 24 May 2022
ရယ်မောခြင်းက ကျန်းမာရေးအတွက်အထောက်အကူပြုသကဲ့သို့ ကခုန်ခြင်းကလည်း နာတာရှည်ရောဂါနဲ့ စိုးရိမ်ပူပန်စိတ်တွေကိုလျှော့ချပေးနိုင်ကာ သဘာဝဆေးတစ်ခွက်ဖြစ်လာနိုင်ပြီး အယ်လ်ဇိုင်းမားလူနာတွေမှာလည်း စိတ်အခြေအနေတိုးတက်လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ထင်ရှားတဲ့သိပ္ပံပညာစာရေးဆရာ ဘူမိဗေဒပညာရှင်ဟောင်း'စတဲဗာတန်'က ဝါရှင်တန်ပိုစ်အတွက်ရေးသားဖော်ပြခဲ့ရာမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကခုန်ခြင်းဖြင့် တစ်ယောက်တည်းအထီးကျန်ခက်ခဲနေရတာကို ကူညီဖြေဖျောက်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပြီး ဦးနှောက်အတွက်ကောင်းကျိုးပြုပေးနိုင်ကြောင်း ပညာရှင်များကသဘောတူခဲ့ပါတယ်။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့က ဆက်စပ်မှုရှိနေကြပြီး ကခုန်ခြင်းက ပို၍ပင်အကျိုးကျေးဇူးရရှိနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
နေ့စဉ်ကခုန်ခြင်းဖြင့် စိုးရိမ်ပူပန်ခြင်းလက္ခဏာများလျှော့ချနိုင်ခြင်း၊ နာတာရှည်လက္ခဏာခံစားရမှုထိန်းချုပ်နိုင်ခြင်း၊ အယ်လ်ဇိုင်းမားရောဂါလူနာတွေရဲ့ အခြေအနေတိုးတက်လာခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း 'ဗာတန်'ရဲ့အဖေနာမကျန်းဖြစ်ခြင်း၊ ကိုဗစ်နဲ့ရင်ဆိုင်ရတဲ့အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာခက်ခဲခဲ့ရကြောင်း 'ဗာတန်'ကရေးသားခဲ့ပါတယ်။
ဒီအခြေအနေတွေမှာ ကခုန်ခြင်းဖြင့် သူမရဲ့ စိုးရိမ်ပူပန်စိတ်တွေ သက်သာပြေလျော့သွားတာကို တွေ့ရှိခဲ့ပါတယ်။
ကခုန်ခြင်းမှာ ကိုယ်လက်လှုပ်ရှားမှုအကျိုးဆက်တွေအပြင် စိတ်ပိုင်းဆိုင်ရာခံစားမှုတွေပါ ပါဝင်လာပါတယ်။
ကခုန်ခြင်းက စက်ဘီးစီးခြင်းလို သာမန်လှုပ်ရှားမှုထက်စာရင် ပိုပြီးကွဲပြားခြားနားနေတယ်လို့ ဖီလာဒယ်လ်ဖီယာ ဒရက်ဆဲတက္ကသိုလ်မှဒေါက်တာ'ဂျေ့စ်လင်ဘီယွန်ဒို'က ဝါရှင်တန်ပိုစ်ကိုပြောကြားသွားပါတယ်။
ကခုန်ခြင်းက လှုပ်ရှားမှုပုံစံတစ်မျိုးတည်းမဟုတ်ဘဲ ကိုယ့်စိတ်ကြိုက်လှုပ်ရှားနိုင်တယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ စိတ်ကစဉ့်ကလျားရောဂါလက္ခဏာတွေကိုလည်း ကုသပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
၂၀၂၁ ခုနှစ်က 'ဘီယွန်ဒို'ဦးဆောင်တဲ့လေ့လာမှုမှာ ကခုန်ခြင်းကုထုံးများက စိတ်ကစဉ့်ကလျားဝေဒနာရှင်တွေမှာ အာရုံချောက်ခြားခြင်း၊ အကြောက်လွန်ခြင်း၊ ကယောက်ကတမ်းဖြစ်နိုင်ချေတို့ကို သက်သာစေတယ်လို့ တွေ့ရှိထားပါတယ်။
တစ်ဦးတည်းကခုန်ခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်သလို ကုထုံးပညာရှင်နဲ့တိုင်ပင်လေ့ကျင့်ပါက ပိုမိုထိရောက်လာနိုင်ပါတယ်။
Source: DailyMail
#Yangon_Media_Group
Page 1878 of 2079