#LocalNews
Published_ 28 November 2022

 

 

တပ်မတော်နှင့် AA တို့ အပစ်ရပ်ခြင်းမှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်စေ့စပ်ပေးမှုကြောင့်ဖြစ်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဒီကိစ္စဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်၊လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို သက်သာခွင့်ရစေဖို့အတွက်၊ ပြည်သူကို ရှေးရှူပြီးတော့ ဒီကိစ္စကို ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

 

မစ္စတာဆာဆာကာဝါအနေဖြင့် တပ်မတော်နှင့် AA တို့ အပစ်ရပ်စဲရန် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တို့တွင်လည်း ကြားဝင်စေ့စပ်ညှိနှိုင်းခဲ့ပေးသေးသည်။

 

အပစ်ရပ်လိုက်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း ယခင် ပိတ်ထားခဲ့ရသော ရေလမ်းကြောင်းများကို ပြန်လည် ဖွင့်ပေးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group