#MyanmarNews
Published 14 July 2022
ကာလရှည်နာမကျန်းဖြစ်နေတဲ့ ဂီတအနုပညာရှင်ကြီး အကယ်ဒမီစန္ဒရားတင်ဝင်းလှိင်ဟာ ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၁ နာရီ မိနစ် ၂၀တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် ၇၇နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
စန္ဒယားတင်ဝင်းလှိုင်ကွယ်လွန်သွားတာနဲ့ပတ်သက်လို ဂီတပညာရှင်ဦးတင်ဦးလေးက"စန္ဒယားတင်ဝင်းလှိုင်ကွယ်လွန်သွားတယ်ဆိုတာမှန်ပါတယ်၊၊ ဘဘနဲ့ကလည်း အသက်က(၇၇) မတိမ်းမယိမ်းပေါ့၊၊ သူက တကယ့်ကိုတက်တက်ကြွကြွနဲ့ လူတစ်ယောက်ပေါ့၊၊ အင်မတန်မှ ဘဘတို့လောကက ဘဘဘိုကလေးတင့်အောင်တို့ ဂီတလုလင်မောင်ကိုကိုတို့ အစရှိတဲ့ပုဂ္ဂိုလ်ကြီးတွေဆုံးရှုံးပြီးတဲ့နောက်ပိုင်းမှာ ဒီလိုလူတစ်ယောက်ဆုံးရှုံးတာ ဘဘတို့အတွက် နှမြောဖို့ကောင်းပါတယ်၊၊ ဘဘအတွက် မှတ်မှတ်ရရလက်ရာကတော့ အခုပြန်လွှင့်နေတဲ့ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာပေါ့နော်၊၊ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာမှာ ဘဘနဲ့လိုက်မယ်ဆိုပြီးတော့ လေးငါးခြောက်ကြိမ် ခုနှစ်ကြိမ်လောက်ဘဘနဲ့ လိုက်မယ်ဆိုပြီးခေါ်ဆိုတဲ့အတွက် သူနဲ့ပတ်သက်လို့မေ့မရနိုင်တဲ့ အမှတ်တရတစ်ခုပါ"လို့ YMGကိုပြောပါတယ်၊၊
သူကွယ်လွန်တဲ့အတွက် တူဖြစ်သူ အဆိုတော် အောင်အေးချစ်"ဘဘရေ နောက်ဘဝဆိုတာရှိခဲ့ရင် ဘဘသိပ်ချစ်တဲ့ တူတော်မောင်အဖြစ်ပဲ ဆက်ရှိနေပါရစေ၊၊ အကယ်ဒမီစန္ဒရားတင်ဝင်းလှိုင်သည် ကြာသပတေးနေ့ မနက် ၁နာရီမိနစ်၂၀တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့အကြောင်း ဂီတလောကနှင့် ရုပ်ရှင်လောကမှ မိတ်ဆွေများကို ညိုးငယ်စွာဖြင့် အသိပေးအပ်ပါတယ်" လို့ ဝမ်းနည်းကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
စန္ဒရားတင်ဝင်းလှိုင်ဟာ တေးသီချင်းပေါင်းများစွာကို ရေးသားခဲ့ပြီး ကိုယ်တိုင်လည်း သီဆိုခဲ့ပါတယ်။ သီချင်းဟောင်းတွေကို ပြန်လည်ဖော်ထုတ်တင်ဆက်တဲ့ သူ့ရဲ့ "ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ"ရုပ်သံအစီအစဉ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 14 July 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းသွားကားလမ်း၊ အမှတ်(၂)မြေနီကားကွင်းရှေ့တွင် ပန်ခမ်းရွာမှ မူဆယ်မြို့သို့ မရန်ပိန်းကျောင်း (ခ) အားကျောင်း မောင်းနှင်လာသည့်ဆိုင်ကယ်ကို သတင်းအရရှာဖွေခဲ့ပါတယ်။
ဆိုင်ကယ် ရှေ့ခွကြားရှိ စက္ကူပုံးအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများအား မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာမှ စွမ်စော်ရပ်ကွက်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Published_ 13 July 2022
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Republic of the Tatastan သမ္မတနှင့် သမ္မတရုံးရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ခြင်း၊ စက်ပစ္စည်းများတပ်ဆင်ထိန်းသိမ်းခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Republic of the Tatarstanနိုင်ငံကို ရောက်ရှိနေပြီး Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ရုရှား-မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို တိုးတက်ရေး ဆိုင်ရာများ၊ Republic of the Tatarstan သမ္မတ အနေဖြင့် မြန်မာနိုင်ငံသို့ ယခုနှစ် ဧပြီလတွင် ရောက်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှုတိုးမြင့်ရေးအတွက် ကူးသန်း ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်၊
အဲဒီအပြင် kazan မြို့ရှိ စီးပွားရေးဆိုင်ရာ လုပ်ငန်းများအလိုက် တာဝန်ရှိသူများ က လုပ်ငန်းတစ်ခုချင်းစီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နစကဥက္ကဋ္ဌ နှင့် Republic of the Tatarstan သမ္မတ တို့က လုပ်ငန်း တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား အလေးအနက်ထား ဖြည့်စွက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွ ဇူလိုင် ၁၃ ရက်နေ့နံနက်ပိုင်းတွင် Republic of the Tatarsan၊ ကာဇန်မြို့ရှိ Kazan Federal University သို့လည်း ဆက်လက် သွားရောက် လေ့လာခဲ့ပါတယ်။
ဦးစွာ နစကဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များဟာ Kazan Federal University (Kazan State University) သို့ ရောက်ရှိကြရာ တက္ကသိုလ်မှဒုတိယပါမောက္ခချုပ် Mr. Timirkhan Alishev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်အတွင်းလှည့် လည်၍ Meeting Hall များ၊ စာသင်ခန်းမများ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပါမောက္ခများ၊ ထူးချွန်သူများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်း ပြသထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြပါတယ်။
ယင်းနောက် ကျောင်းခန်းမတွင် ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်သမိုင်း အကျဉ်း၊ ဌာနအလိုက်ဖွဲ့စည်းထားရှိမှုများ၊ တက္ကသိုလ်မှ သင်ကြားပေးနိုင်သည့် ဘာသာရပ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်မှု အဆင် ပြေစေရေး စီစဉ်ဆောင်ရွက်ပေးထားရှိမှုများ၊ နိုင်ငံခြားမှ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများ လက်ခံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ Kazan Federal University ကို Imperial Kazan တက္ကသိုလ်အဖြစ် ၁၈၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ထင်ရှားကျော်ကြားသည့် နက္ခတ္တဗေဒ ပညာရှင် Nikolai Ivanovich Lobachevsky က ၁၈၃၇ မှ ၁၈၇၆ ခုနှစ်အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ အော်ဂဲနစ်ဓာတုဗေဒပညာရပ်နှင့် Electron Spin Resonance အား ရှာဖွေတွေ့ရှိရာနေရာအဖြစ် ထင်ရှားကျော်ကြားခဲ့ပါတယ်။
Kazan တက္ကသိုလ်သည် ၂၀၁၁ ခုနှစ်တွင် Federal အဆင့်သို့ ချီးမြှင့်ခံခဲ့ရပြီး ရုရှားနိုင်ငံအစိုးရမှ ကျင်းပပြုလုပ်သည့် Project 5-100 ၌ ပါဝင်ခဲ့သည့် တက္ကသိုလ် ၁၈ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဇီဝဆေးပညာနှင့် ဆေးဝါးပညာရပ်၊ ရေနံ သန့်စင်မှုနှင့် ထုတ်လုပ်မှုပညာရပ်၊ ဆက်သွယ်ရေးနှင့် အာကာသနည်းပညာဆိုင်ရာ ပညာရပ်နှင့် လူမှုရေးသိပ္ပံပညာရပ်တို့ကို အထူးပြုသင်ကြားလျက်ရှိကြောင်းသိရှိရ ပြီး ၂၀၂၀ ပြည့်နှစ်အရ နိုင်ငံခြားကျောင်းသားအရေအတွက် ၁၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 13 July 2022
လူစုလူဝေးများသည့် ဝါတွင်းကာလအခမ်းအနားတွေနဲ့ ဘုရားတွေမှာနှာခေါင်းစည်း Mask တွေ မတပ်ရင် ကိုဗစ်ကူးစက်မှုတွေ ပြန်ဖြစ်လာနိုင်တဲ့အတွက် မဖြစ်မနေတပ်ကြဖိုလိုတယ်လို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_13 July 2022
ဓာတုဗေဒအနံ့ အသုံးပြုထားတဲ့ စားသုံးဆီတွေကို ဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်ရောင်းချနေတာကြောင့် ဒါကိုဖယ်ရှားပေးဖို့ ဆီစက်ပိုင်ရှင်တွေက တောင်းဆိုလိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 July 2022
Facebook Messenger မှ တစ်ဆင့် ရန်ကုန်မြို့ထိသွားရောက်၍ ငွေစက္ကူအတုဝယ်သူများအား ဖမ်းမိကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက်နံနက် ၁၀ နာရီခန့်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာအနီး၌ ငွေစက္ကူအတုများလဲလှယ်နေကြောင်း သတင်းရသည့်အတွက် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းငွေစက္ကူအတုများအား Facebook Messenger မှတစ်ဆင့် ဆက်သွယ်၍ တောင်ကုတ်မြို့နယ်၊ ပဒါကျေးရွာနေ မာမာဝင်း၊ ခင်သီတာလွင်တို့နှင့်အတူ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝန်းအနီး၌ ငွေစက္ကူအစစ် ၁၇ သိန်း ပေး၍ ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၅၃၀၀၀၀၀ ကျပ် သွားရောက်ဝယ်ယူခဲ့ပြီး ပြန်လာစဉ် လမ်းခရီးတစ်လျှောက်၌ ငွေစက္ကူအတုများဖြင့် ဈေးဝယ်သုံးစွဲခဲ့ကြောင်း ဖမ်းဆီးမိသူ တောင်ကုတ်မြို့နယ် လိပ်ကုန်းဘောင်ကျေးရွာမှ အသက် ၂၁ နှစ်ခန့်အရွယ် သန့်ဇင်ထွန်းအား စစ်ဆေးချက်တွင် ဖော်ပြထားသည်။
၎င်းအား ငွေစက္ကူအတုဟုယူဆရသော ခဓ ၈၄၂၇ ၅၉၈/BS 8427598 နံပါတ်စဉ်ပါ ၁၀၀၀၀ ကျပ်တန် ၁၀၅ ရွက် (၁,၀၅၀,၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများတွင် လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြင့် ရိုက်ထားသည့်ငွေစက္ကူဖြစ်ကြောင်း၊ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း သိရသည်။
သန့်ဇင်ထွန်းနှင့် အတူ ငွေစက္ကူအတုသွားဝယ်သည့် အသက် ၃၉ နှစ်အရွယ် မာမာဝင်းနှင့် ခင်သီတာလွင်တို့ကိုလည်း ငွေစက္ကူအတု ၁၀၀၀၀ ကျပ်တန် ၂၂၉ ရွက်နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် တောင်ကုတ်မြို့မရဲစခန်း၌ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 13 July 2022
ယမန်နေ့ ဇူလိုင်လ ၁၂ ရက် ဝါဆိုလပြည့်နေ့ (အများပြည်သူရုံးပိတ်ရက်) တွင် မြေနီကုန်း၌ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယနေ့တစ်ဦးထပ်မံသေဆုံးကာ စုစုပေါင်း သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း စမ်းချောင်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
" မနေ့ကပေါက်ကွဲမှုဖြစ်တော့ ကျွန်တော်တို့အသင်းတစ်ခုတည်း ပို့တာမဟုတ်ဘူး။ ကယ်ဆယ်ရေးအသင်းတွေက သုံးခုလောက်ရှိတယ်။ ကျွန်တော်တို့က ပေါင်ထိမှန်တဲ့သူ၊ ရင်ဘတ်ထိမှန်တဲ့သူ၊ လက်ထိမှန်တဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးပို့ပေးရတာပေါ့။ ဒီနေ့တော့ ကုသနေရင်းနဲ့ တစ်ဦးထပ်သေတယ်လို့ သတင်းရတယ်"ဟု စမ်းချောင်းလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ဒဏ်ရာရရှိသူ ၁၁ ဦးရှိခဲ့ပြီး အမျိုးသမီးနှစ်ဦးသေဆုံးကြောင်း သိရသည်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်တံတားအောက်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး တပြိုင်နက်တည်းတွင်လည်း လှိုင်သာယာမြို့နယ် (၅) ထိပ်ပန်းခြံနှင့် ပီမိုးနင်းလမ်းအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1873 of 2197