#Local_News
Published _6 August 2022
မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့ လေယာဉ်ဖြင့် သွားမည့်သူများအားဖမ်းမိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
ဖမ်းဆီးခံရသူများမှာ နူရ်မိုဟာမောက်(၂၉ နှစ်)၊ မဖဲလ်ဘာနူ (၂၀ နှစ်)နှင့် မရွှေနု (၂၁ နှစ်)ဆိုသူတို့ဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင်စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါရန် ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကိုင်ဆောင်ထားသည့် (ပြု)နိုင်ငံသားစိစစ်ရေးကတ်များတွင် မြေပုံမြို့နယ် တောင်ပေါ်ရပ်ကွက်ဟု ဖော်ပြထားသည်ကို မသင်္ကာဖြစ်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်လဝကရုံးနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးခဲ့ရာ နူရ်မိုဟာမောက်၏ အမည်ရင်းမှာ မာမွတ်တာဟဲရ်၊ ရွှေနု၏ အမည်ရင်းမှာ ဖာတေမာနှင့် မဖဲလ်ဘာနူ၏ အမည်ရင်းမှာ မူစတော်ကာမာတိုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားမြိုနှင့် တက္ကနာပ်ဖ်မြိုရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများသာ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းတို့ ၃ ဦးအနက် မာမွတ်တာဟဲရ်သည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ မလေးရှားနိုင်ငံ၌ အိမ်ထောင်ပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်တောင်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းသို့ ဇူလိုင်လ ၁၅ ရက်က စက်လှေဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊
စစ်တွေမြို့သို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်အတုရရှိခဲ့ပြီး လမ်းခရီးကုန်ကျစရိတ် အားလုံးကို မလေးရှားနိုင်ငံ၌နေထိုင်သည့် မာမွတ်တာဟဲရ်၏ အစ်ကို အာစ်တာရ်ကာမန်နှင့် အမျိုးသမီး ၂ ဦး၏ ခင်ပွန်းလောင်းများက ငွေထုတ်ပေးကာ ချိတ်ဆက်ခေါ်ယူခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ယင်းတို့ ၃ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_6 August 2022
တေးသံရှင် အိမ့်ချစ် ၏ သမီးဦးလေးကို ယနေ့ နံနက်၇နာရီ ၁၃မနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိ အာယုဆေးရုံကြီး၌ မွေးဖွားခဲ့ပြီ ဖြစ်သည်။
သမီးလေး၏အမည်ကို"အမရာ"ဟုအမည်ပေးထားပြီး မွေးဖွားချိန်တွင် ၆ ပေါင် ၁၂ အောင်စရှိကြောင်း သိရသည်။
လက်ရှိတွင် မိခင်ရောကလေးပါကျန်းမာကြကြောင်း ယင်း၏ မိသားစုဝင်များက ဆိုသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_6 Aungust 2022
မလေးရှားနိုင်ငံတွင် တံတားပေါ်မှပြုတ်ကျခဲ့သည့် သားအဖလေးယောက်ဖြစ်စဉ်မှ ဒဏ်ရာရ ၃ နှစ်သားကလေးငယ်အသက်ရှူပုံမှန် ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း မလေးရှား မြန်မာလူမှုကူညီရေးအသင်း ကသိရသည်။
"ကလေး Shadrah Vabeichopha ရဲ့ နောက်ဆက်တွဲအခြေအနေကတော့ မနေ့က သြဂုတ်လ ၅ ရက်နေ့မှာ အသက်ရှူပုံမှန် ပြန်ဖြစ်နေပြီ၊ Oxygen ကိုလည်း ဖြုတ်ထားပြီးပြီ။ ကွဲပြီးတော့ ကြေသွားတဲ့ ခြေရိုးကိုလည်း ဆက်လက်ပြီး ခွဲစိတ်ကုသနေပါတယ်။ သူ့မိခင်နဲ့လည်းတွေဆုံခွင့်ပေးထားပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။
ဒဏ်ရာရ ကလေးငယ်မှာ Shadrah Vabiechopha အမည်ရှိ ၃ နှစ်အရွယ် ယောင်္ကျားလေးဖြစ်ပြီး လက်ရှိတွင် ဆလာယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နံနက်၅နာရီခွဲခန့်အချိန်က မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား အသက် ၃၈ နှစ်အရွယ်ရှိဖခင်ဖြစ်သူ Cholei က အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose နှင့် ၃ နှစ်အရွယ် သား Shadrah Vabiechopha တို့ကို မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှ အရင်ဆုံးပစ်ချကာ သူ့ကိုယ်သူလည်း ခုန်ချမှု ဖြစ်ပွားခဲ့သည်။
ယင်းကြောင့် ဖခင်ဖြစ်သူ Cholei နှင့် အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose တို နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသောကြောင့် သြဂုတ်လ ၄ ရက်က စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင် ဆုတောင်းပွဲကျင်းပကာ မြေသို့ အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ပြီး ဖြစ်သည်။
photo-Kepongfreefuneralservices
ymg/mt
#Yangon_Media_Group
#Local_News
Published_5 August 2022
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနဲ့ သက်မွေးပညာသင်တန်းစင်တာ ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_5 August 2022
ပုဂ္ဂလိကအနေနဲ့ ဝယ်ယူထားတဲ့ နိုင်ငံပိုင်ရုပ်ရှင်ရုံတွေကို တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးမပြုကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားတယ်လို့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
#Yangon_Media_Group
#Local_News
Published_5 August 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းယားလမ်းနဲ့ သထုံလမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့် ပညာဦးစီးဌာနပိုင် အဆောက်အဦး ဩဂုတ် ၅ ရက်မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်၊၊
#Yangon_Media_Group
#Local_News
Published -5 August 2022
အစာကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်လာတာကြောင့် ပြည်ပကိုတင်ပို့ဖို့ ငါးမွေးမြူရေးလုပ်ငန်းတွေအနေနဲ့တွက် ခြေမကိုက် ဖြစ်နေတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Page 1870 of 2245