#LocalNews
Published - 25 April 2022
လတ်တလောမှာ ကိုဗစ်လူနာတွေပို့ဆောင်ပေးရမှု မရှိသလောက်နည်းနေပြီး မွေးလူနာနဲ့ အခြား သော ထိခိုက်ဒဏ်ရာရရှိသူတွေကို ပို့ဆောင်ပေးရတာအများဆုံးဖြစ်နေတယ်လို့ ရွှေလောင်းလှေပရဟိတဖောင်ဒေးရှင်း ဥက္ကဌဦးသော်တာထွေးကပြောပါတယ်၊၊
#Yangon_Media_Group
#Local News
Published-25 April 2022
ပုဂံဒေသမှာ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် မြစ်ရေတိုက်စားမှုကာကွယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ရှေးဟောင်းသုတေသနဌာန(ပုဂံဌာနခွဲ)မှသိရပါတယ်၊၊
ရှေးဟောင်းအဆောက်အအုံအမှတ် (၁၅၉၉)ဘုရားတွင် မြောက်ဘက်ရင်ပြင်တံတိုင်း ပဲ့ကျပျက်စီးမှုအား အုတ်စားဖြည့်စီခြင်း၊ရှေးဟောင်းအဆောက်အအုံအမှတ် (၁၀၄၂) ဆင်ကအုတ်တိုက် အနောက်တောင်ထောင့် အထက်ချင်မိတ်တိုးအုတ်စားဖြည့်စီခြင်းလုပ်ငန်းတွေကို ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးတွေနဲ့ လက်ထောက် အင်ဂျင်နီယာတွေ၊ ဌာနအင်ဂျင်နီယာတွေက ကြည့်ရူစစ်ဆေးခဲ့ပါတယ်၊၊
ဒီ့အပြင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တင်ဒါအောင်မြင်တဲ့ လင်းလက်ပြည့်စုံအောင် ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျှက်ရှိတဲ့ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်နဲ့ လောကနန္ဒာဘေးမဲ့တော ဥယျာဉ်တို့ကို ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် Bored Pile အခြေပြုမြစ်ကမ်းထိန်း ကျောက်စီနံရံနဲ့ Gabion Box ကျောက်ဖြည့်မြေထိန်း အကာအရံတည်ဆောက်ခြင်းလုပ်ငန်းတွေကိုလည်း ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 25 April 2022
ရခိုင်ပြည်နယ် မောင်တောမြို့နယ် (၄) မိုင်ရပ်ကွက်၊ UNHCR ရုံး ခြံဝင်းအတွင်း ဒီကနေ့ ၁၀ နာရီ ခွဲခန့်က အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုဖြစ်စဉ်မှာ မောင်တောမြို့နယ် (၄) မိုင်ရပ်ကွက်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာ ရုံးဝန်းအတွင်း၌ မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိရုံးဝန်ထမ်းတစ်ဦးက ဖုန်းဆက်သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေး ဦးသန့်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်နှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ် ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်ရသည့် အကြောင်းအရင်းမှာ ရုံးရှိ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက အမှိုက်များကို မီးရှို့ရာမှ ဧည့်ရိပ်သာနှင့်ဂိုဒေါင်ကြား၌ထားရှိသည့် ပလတ်စတစ် ပစ္စည်းတင်ခုံများကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ပလတ်စတစ် ပစ္စည်းတင်ခုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုနှင့်ပတ်သက်၍ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဦးလှမောင်သိန်းအား မောင်တောမြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 25 April 2022
နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးကို အထောက်အကူပြုနိုင်ဖို့အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများအား ယနေ့ ဧပြီ ၂၅ ရက်မှ စတင်၍ နေပြည်တော် ကောင်စီနယ်မြေတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
"လူတစ်စုအားကစားမှ ပြည်သူတရပ်လုံးပါဝင်သော လူထုအားကစား ဖြစ်ပေါ်လာစေရေးတို့အပြင် အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေဖို့နဲ့ အားကစားဆောင်ရွက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာစေဖို့ ဖြစ်ပါတယ်။ ဒီသင်တန်းများက အစပြုပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဦးဆောင်ပေးနိုင်တဲ့အကျင့်စာရိတ္တကောင်းတဲ့ လူငယ်များ၊ အချိန်လေးစားသည့် လူငယ်များ၊ စည်းကမ်းလိုက်နာသည့် လူငယ်များ၊ သန့်ရှင်းမျှတသည့် စိတ်ရှိသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်သွားမှာဖြစ်ပါတယ်။"လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒီကနေ့ ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ သင်တန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက နေပြည် တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင် အချိန်များကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အားကစားနည်းအလိုက် နည်းစနစ်မှန်ကန်စွာ သိရှိတတ်ကျွမ်းလာစေရန်၊ ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံတော်မှ အားထားရသည့် မျိုးဆက်သစ်အားကစား မောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
နွေရာသီအခြေခံ အားကစားသင်တန်းများကို နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ လက်ဝှေ့၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ ခရစ်ကတ်၊ ဖူဆယ်၊ တင်းနစ်၊ ပြေးခုန်ပစ် စသည့်အားကစားနည်း(၁၃)နည်းတို့ကို တစ်မြို့နယ်တွင် အားကစား နည်း(၇)နည်းဖြင့် သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် သင်တန်းကာလမှာလည်း ယနေ့ ဧပြီလ(၂၅)ရက်နေ့မှ မေလ (၁၄)ရက်နေ့အထိ(၂၀)ရက်ကြာ သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published - 25 April 2022
အခုရက်ပိုင်းအတွင်းနေ့အပူချိန်တွေမြင့်မားနေပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှုတွေ များနေတဲ့အတွက် ပြည်သူအများ သတိပြုကာကွယ်ကြဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#LocalNews
#Published - 23 Apr 2022
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုက လက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့အကြပ်အတည်းတွေကို ဖြေရှင်းဖိုအတွက် လမ်းစတစ်ခုအဖြစ်အသုံးချသင့်တယ်လို ပြည်သူ့ပါတီဥက္ကဌဦးကိုကိုကြီးကပြောပါတယ်။
#Yangon_Media_Group
#DailyNews
Published -25 April 2022
၁။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို နိုင်ငံရေးအကြပ်အတည်းဖြေရှင်းရေးလမ်းစအဖြစ် အသုံးချသင့်ဟုဦးကိုကိုကြီးပြောကြား
၂။ ကင်ဆာဖြစ်နိုင်သည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများနေ၍ သတိပြုကာကွယ်ရန်လိုနေ
၃။ မိုးလေဝသ သတင်း
၄။ အမေရိကန်ကျူးကျော်မှုအတွင်း အလုယက်ခံခဲ့ရာမှ ပြန်လည်ရရှိခဲ့သော အီရတ်ပန်းချီပန်းပုလက်ရာများ ဘဂ္ဂဒက်တွင်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1866 of 2012