TV Yangon Times Matters အစီအစဉ်
Published - 3 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Orchid (အခမ်းအနားမှူး)နှင့်အတူ
-"ကမ္ဘာကျော်အမျိူးသမီးအစီအစဉ်တင်ဆက်သူတွေရဲ့ ပြောဆိုပုံတွေကို ကြည့်ပြီး အတုယူဖြစ်တယ်ဆိုတဲ့အကြောင်း
-My Read Page မှ အင်္ဂလိပ်စာအုပ်တင်မကဘူး မြန်မာစာအုပ်တွေပါ ဖတ်ပြီး အနှစ်ချုပ်ရေးပြီး တင်ဖြစ်တဲ့အကြောင်း
ပထမဆုံးထွက်ရှိလာတဲ့ စာအုပ်ဖြစ်တဲ့အတွက် အိမ်မက်လေးဖြစ်မြောက်လာတာကို တန်ဖိုးထားဝမ်းသာမိပါတယ်ဆိုတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 3 July 2022
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn နှင့်အဖွဲ့ဟာ ယမန်နေ့ ဇူလိုင်(၂)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီး၊ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် ဩစတြေလျံသံရုံး သံရုံးယာယီတာဝန်ခံတို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးမှာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အပါအဝင် အာဆီယံရဲ့ အချက်(၅)ချက်ပါ ဘုံသဘောတူညီချက်ကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။
#Local_News
Published_ 3 July 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn နှင့်အဖွဲ့သည် ဒီကနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်း တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရင်ပြင်တော်အင်္ဂါထောင့် ဗောဓိညောင်ပင်အား ကြည့်ရှုခြင်း၊ တောင်ဘက်ဧည့်ခံတန်ဆောင်း၌ ဧည့်သည်တော်မှတ်တမ်းတွင် အမှတ်တရ လက်မှတ်ရေးထိုးခြင်း၊ စေတီတော်ကြီးအား ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ခြင်း များပြုလုပ်ခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိနှင့် ဂေါပကအဖွဲ့ဝင် (၂) ဉီးတို့က ဧည့်သည်တော်နှင့်အဖွဲ့အား ရွှေတိဂုံစေတီတော် အမှတ်တရ ဓါတ်ပုံနှင့် သမိုင်းမှတ်တမ်းစာအုပ်ကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါတယ်။
ထို့နောက် ရင်ပြင်တော်တစ်ပတ် လှည့်လည်ကြည်ညိုခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း၊ စေတီတော်ကြီးသို့ အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၅၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 3 July 2022
လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ဇူလိုင်(၃)ရက် ဒီကနေ့မနက်ပိုင်းမှာ ပုဂံရွှေစည်းခုံဘုရားရှိ ချုအင်လိုင်းတန်ဆောင်း ပြန်လည်မွမ်းမံဖွင့်လှစ်ခြင်း အခမ်းအနားတက်ရောက်ခဲ့ကြောင်းသိရှရပါတယ်။
အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နစက နိုင်ငံခြားရေးဝန်ကြီးဌာ နဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့က အမှာစကားတွေအသီးသီးပြောကြားကြပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင်လှစ်ပေးခဲ့ပါတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီနောက် မစ္စတာဝမ်ယိနှင့် အဖွဲ့ဟာ ချုအင်လိုင်းတန်ဆောင်းအတွင်း လှည့်လည်ကြည့်ရှုခဲကြပါတယ်။ အခမ်းအနား အပြီးမှာ မစ္စတာဝမ်ယိဟာ သဗ္ဗညုပုထိုးတော်ကြီးကို သွားရောက်ခဲ့ကြကြောင်းလည်းသတင်းရရှိပါတယ်။
#LocalNews
Published_3 July 2022
MOU မြန်မာလုပ်သားများ မြဝတီ-မဲဆောက်၊ကော့သောင်း-ရနောင်းတို့မှ ထိုင်းနိုင်ငံသို့ထပ်မံထွက်ခွာနေကြကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
ဇူလိုင်လ ၁ ရက်နှင့် နှစ်ရက်တို့တွင် ပွင့်ဖူးအောင်၊ ရွှေတော်ဝင်မန္တလေး၊ JMK၊ ထရိန်းဝင်း၊ Htay ကုမ္ပဏီများမှ ထပ်မံ ပို့ဆောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ယင်းအထဲတွင် ပွင့်ဖူးအောင် အေဂျင်စီမှ လုပ်သား(၁၆) ဦးကို ကော့သောင်း-ရနောင်း ရေးလမ်းကြောင်းမှ ဇူလိုင်လ ၁ ရက်တွင်လည်းကောင်း၊ဇူလိုင်လ ၂ ရက်တွင် လုပ်သား(၆၅) ဦးကိုလည်းကောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
"ကော့သောင်းမြို့က ထိုင်းကိုသွားမယ့် အလုပ်သမားတွေအတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်က ကော့သောင်းလေဆိပ်ကို ပို့ဆောင်ပြီးတော့ ကော့သောင်းမြို့ကနေ ရေလမ်းနဲ့ ထိုင်းနိုင်ငံရနောင်းမြို့ကို ထပ်သွားကြရတာပါ"ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူကပြောသည်။
ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီမြို့ရှိ ရေခဲစက်ရုံနှင့် နွန်ထဘူရီမြို့ရှိ သံထည် စက်ရုံ၊ ဘန်ကောက်မြို့ရှိ ဓါတ်အားပေးစက်ရုံ၊ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် စသည်ဖြင့် အသီးသီးလုပ်ကိုင်ခွင့်ရကြမည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ ကုမ္ပဏီ ၂၅ ခုမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်မှဇွန်လ ၃၀ ရက် ထိ ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် စေလွှတ်ပေးခဲ့သည့် လုပ်သား အမျိုးသား ၅၂၅၂ ဦး၊ အမျိုးသမီး ၄၀၇၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 July 2022
အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင်တင်တည်ဆောက်မည်ဖြစ်ရာ ပြီးစီးပါက အဓိက အားကစားကွင်းကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံလေလုံ အားကစားရုံမှာ ပရိသတ် ၃၀၀၀ ဦး ဝင်ဆန့်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မယ့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
လက်ရှိတွင် အဆင့်မြှင့်တင်ရန်လုပ်ဆောင်နေသော အောင်ဆန်းအားကစားပြိုင်ကွင်းတွင် အားကစားပရိတ်သတ်များ အားကစားကွင်းအတွင်း ဝင်၊ ထွက်သွားလာမှု အဆင်ပြေစေရန်အတွက် Under Pass နှင့် Over Pass များ တည်ဆောက်ရန်၊ ပရိသတ် ၃၀၀၀ ဆန့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ရန်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
အောင်ဆန်းအားကစားပြိုင်ဝင်းကြီးသည် မြန်မာ့အားကစားအောင်မြင်မှု စတင်ခဲ့သည့် နေရာတစ်ခုလည်းဖြစ်သောကြောင့် နိုင်ငံတကာအဆင့်မီ အဆင့်မြှင်တင်ဆောင်ရွက်၍ နောင်တွင် အိုလံပစ်အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည်အထိ ရည်ရွယ်တည်ဆောက်သွာမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ အောင်ဆန်းအားကစားဝင်းအား ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ်ကြောင်း၊ လူစည်ကားသော ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင် အထူးတလည်အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့ (Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ပါတယ်။
၁၉၅၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစားပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
သမိုင်းအစဉ်အလာရှိတဲ့ အားကစားကွင်းကြီးဖြစ်တဲ့အတွက် ယခင်ကကဲ့သို့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာ လက်ခံကျင်းပပြုလုပ်နိုင်ရေး နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg/mt/mnn
#Yangon_Media_Group
Published_ 2 July 2022
ဒလသင်္ဘောကျင်းမှာ နှစ်ပေါင်း ၁၅၀ ခန့် သက်တမ်းရှိ သမိုင်းဝင်သင်္ဘောကျင်း ဖြစ်သဖြင့် များစွာအတွေ့အကြုံရှိပြီးဖြစ်သဖြင့် နိုင်ငံ၏သင်္ဘောတည်ဆောက်ရေး လုပ်ငန်း များတွင် ဦးဆောင်နိုင်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းတွင် ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ပါတယ်။
ထို့ပြင် နစကဥက္ကဋ္ဌက ပြည်သူများ ရေကြောင်းပိုဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုများရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက်အောင် အကောင်အထည်ဖော် နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအကျိုးရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တွင်း ပိုဆောင်ရေးလုပ်ငန်းများသည် ယခင်က အောင်မြင်မှုရှိခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများနှင့် မှောင်ခိုလုပ်ငန်းများ ဆောင်ရွက်မှုများကြောင့် နိုင်ငံပိုင်ပိုဆောင်ရေးလုပ်ငန်းကို များစွာထိခိုက်စေခဲ့ပါတယ်။
ဒလသင်္ဘောကျင်းသည် သမိုင်းရှိသည့် သင်္ဘောကျင်းတစ်ခုဖြစ်သည့်အတွက် လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ရန်၊ သင်္ဘောများကို ခေတ်နှင့် လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်၍ မိတ်ဖက် သင်္ဘောကျင်းများတွင်လည်း လေ့လာလို့ရတယ်လို့ ဆိုပါတယ်။
သင်္ဘောကျင်းအဆင့် မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေး လုပ်ငန်း များကို ဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့် ရေကြောင်းပိုဆောင်ရေးကို ယုံကြည် စွာ အသုံးပြုလာမည်ဆိုပါက တစ်နိုင်ငံလုံး ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်သဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်သည့် စီးပွားရေးစနစ် တစ်ခုဖြစ်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ထို့ပြင် နစကဥက္ကဋ္ဌသည် ဗိုလ်တထောင်မြိုနယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး၊ ရန်ကုန်(ဓနိတော)သို သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1844 of 2143