#Local_News
Published_ 8 June 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးဘက်သို့ရဲကျော်သူရ မောင်းနှင်လာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။
ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ အား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published_ 8 June 2022
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ ပြောင်းလုပ်သား ၁၅၉ ဦး ဇွန်လ ၇ ရက်က ပြည်တော်ပြန်ခွင့် ရရှိခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ယင်းတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၁၀) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြန်လည်ရောက်ရှိလာခဲ့ကြသော မြန်မာရွှေ့ ပြောင်းလုပ်သားအရေအတွက်မှာ အမျိုးသား ၉၂ ၊အမျိုးသမီး ၆၇ ဦး တို့အပြင် ကလေး (ကျား) ၄ ဦး၊ (မ) ၆ ဦး တို့လည်းပါဝင်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_7 June 2022
YBS စီး ခရီးသွားများအပေါ် အုပ်စုဖွဲ့ခါးပိုက်နှိုက် လုယက်သူတွေကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးတာတွေ စတင်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 7 June 2022
အခုမိုးရာသီမှာကြုံတွေ့နိုင်တဲ့သဘာဝဘေးကြောင့် ထိခိုက်မှုတွေကို ကူညီကယ်ဆယ်နိုင်ဖို့ ရန်ကုန်တိုင်းရှိ လူမှုကူညီရေးအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့ဥက္ကဌ ဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Pulished _ 7 June 2022
၂၀၂၁-၂၀၂၂ ပြောင်းစိုက်ရာသီမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ တန်ချိန် ၁၆ သိန်းနီးပါး တင်ပို့ ထားတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းက သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 7 June 2022
ပြည်တွင်း၌ ဘိလပ်မြေစက်ရုံများ ဆက်လက်တည်ဆောက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို စက်မှုဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘိလပ်မြေမှာ မရှိမဖြစ် လိုအပ်သောကြောင့် ဘိလပ်မြေထုတ်လုပ်သည့် နည်းပညာများ ပိုမိုဖွံ့ဖြိုးပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အစိုးရဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ Max ဘိလပ်မြေစက်ရုံသို့ သွားရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဘိလပ်မြေစက်ရုံတွေအနေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို အစီအမံတွေ ချမှတ်ပြီး အစဉ်အဆက်မပြတ် လေ့ကျင့်ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ မိမိနိုင်ငံမှာရှိတဲ့ ပညာရှင်တွေကို ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စက်ရုံတွေကို ကိုယ်ပိုင်ဒီဇိုင်းဆွဲပြီး တည်ဆောက်နိုင်တဲ့အထိ လေ့ကျင့်ပြုစုပျိုးထောင်နိုင်ဖို့တွေ စီမံထားရမှာဖြစ်ပြီး စက်ရုံမှာရှိတဲ့ အင်ဂျင်နီယာ ပညာရှင်တွေကို အတိုင်ပင်ခံအင်ဂျင်နီယာတွေအဖြစ် ပြုစုပျိုးထောင်ဖို့လိုအပ်ပါတယ်။ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး စက်ရုံများအနေနဲ့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ ဆောင်ရွက်ကာ အခုထက် ပိုမိုထုတ်လုပ်နိုင်ရေးကို ကြိုးစားဆောင်ရွက်ကြဖို့နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မရှိစေရေးတွေကို အလေးထားဆောင်ရွက်ကြပါ" ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 7 June 2022
ထိုင်းနိုင်ငံ၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက အဓမ္မပြုကျင့်၍ မီးရှို့အသတ်ခံခဲ့ရသည့် မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်၏အမှုကို ထိုင်းတရားရုံးက စက်တင်ဘာတွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကဘင်ဘူရီတရားရုံး၌ သက်သေသုံးဦး၏ ထွက်ဆိုချက်များကို ဇွန်လ ၆ ရက်တွင် ကြားနာခဲ့ပြီး အထောက်အထား ၁၈ ခုရရှိခဲ့ကြောင်း၊ တရားခံမှ ပြစ်မှု ခြောက်မှုကို ဝန်ခံခဲ့သည့်အတွက် လာမည့်စက်တင်ဘာလတွင် ပြစ်ဒဏ်အတွက် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှသိရသည်။
ယင်းအပြင်သေဆုံးသူ မမြင့်မြင့်ခိုင်အတွက် နစ်နာကြေးတစ်လလျှင် ထိုင်းဘတ် ၅၀၀၀ ဖြင့် နှစ်ပေါင်း ၄၀ စာတောင်းခံသွားရန် အလုပ်သမားသံအရာရှိ ရုံးမှစီစဉ်နေပြီး မြန်မာသံရုံးတာဝန်ရှိသူများနှင့် သံအရာရှိ၊ မြန်မာရှေ့နေတို့မှ ကဘင်ဘူရီမြို့ရှိ သေဆုံးသူ၏ အမဖြစ်သူ မမြင့်မြင့်အေး၊ မညိုညိုစိန်တို့အား သွားရောက်တွေ့ဆုံခြင်း၊ ရဲစခန်း၌ အမှုအခြေအနေစုံစမ်းခြင်း၊ DNA ရလဒ်ရရှိရေးနှင့် အလောင်းသင်္ဂြိုဟ်နိုင်ရေးကိစ္စရပ်များ မေးမြန်းခဲ့ကာ လိုအပ်သော အထောက် အထားများ စုဆောင်းခြင်း၊ အလောင်းထုတ်ယူနိုင်ရေး၊ သင်္ဂြိုဟ်နိုင်ရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မမြင့်မြင့်ခိုင်ကို စေလွှတ်ခဲ့သည့် Top Chance Services ကုမ္ပဏီမှ လိုအပ်သည်များ ပံ့ပိုးကူညီရေးနှင့် သံရုံးတာဝန်ရှိသူများ၊ သံအရာရှိအဖွဲ့တို့မှ သေဆုံးသူ၏ အမဖြစ်သူတို့နှင့်အတူ အစိုးရရှေ့နေများထံ သွားရောက်ပြီး အမှုအခြေအနေ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် နစ်နာကြေးရရှိနိုင်ရေး အခြေအနေတို့ဆွေးနွေးခဲ့ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်ကို မည်သည့်ဇာတိမှဖြစ်သည်ကို သံအရာရှိရုံးက ဖော်ပြထားခြင်းမရှိဘဲ သေဆုံးသူအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်၌ ထိုင်းနိုင်ငံသား Boonlai Buaman က အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပြီးနောက် ယင်းနေ့တွင် ကဘင်ဘူရီခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1841 of 2074