Published_ 7 July 2022
တပ်မတော်မှ နိုင်ငံတော်သို့ ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီး လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာမီက နိုင်ငံတော်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသည့် လူငယ်တစ်ဦးက ၎င်း၏မိဘ ဘိုးဘွားများလက်ထက်က ထိန်းသိမ်း ထားရှိသည့် ပတ္တမြားကြီးကို တပ်မတော်သို့ လှူဒါန်းရန်အတွက် ကမ်းလှမ်းလာခဲ့ ပါကြောင်း၊ အဆိုပါပတ္တမြားကို တာဝန်ရှိသူများဖြင့် စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက် တန်သည့် ပတ္တမြားဖြစ်သည်ကို စစ်ဆေးတွေ့ ရှိရပါကြောင်း၊ ထိုကြောင့် တပ်မတော် အနေဖြင့် နိုင်ငံတော်သို ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
အလားတူပင် ၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ အစိုးရလက်ထက်တွင် နိုင်ငံတော်သို ၄၉၆ ကာရက်ရှိပတ္တမြား လှူဒါန်းမှုအား လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၁၉၀၇ ကာရက်ရှိ ပတ္တမြားကို နိုင်ငံတော်သို လှူဒါန်းမှု လက်ခံရရှိခဲ့ကြောင်း၊ ယခု လှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပါကြောင်း၊ ယခုပတ္တမြားကြီးကို နိုင်ငံတော်ပတ္တမြား(နစက)အဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ယခု တပ်မတော်မှတစ်ဆင့် နိုင်ငံတော်သို့ လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိကာ အရောင်မှာ ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red with Purplish tint) ဖြစ်ပြီး မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိသည့် အရွယ်အစားကြီးမား၍ ရှားပါးခြင်းကြောင့် ထူးခြားသည့် ပတ္တမြားကြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 7 July 2022
ရန်ကုန်ရွှေဈေးကွက်ဟာ ဒီရက်ပိုင်းထဲအရောင်းအဝယ်နည်းနည်း တက်လာပြီး ကမ္ဘာ့ရွှေဈေးကျနေတာကြောင့် ပြည်တွင်းရွှေဈေးပါ နည်းနည်းစီကျနေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 7 July 2022
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ 'ဝါဆိုလပြည့်နေ့ဓမ္မစကြာအခါတော်နေ့အခမ်းအနား'ကို လာမယ့်ဇူလိုင်လ (၁၂)ရက်၊ ဝါဆိုလပြည့်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 7 July 2022
ဂျာမန်ဘာသာစကား အပါအဝင်ကမ္ဘာသုံးဘာသာ စကားများကိုလေ့လာနိုင်မည့် Goethe -Institut Myanmarစာကြည့်တိုက်ကို ဇူလိုင်လကစတင်ပြီး ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Goethe -Institut Myanmar ၌ ဖွင့်လှစ်ထားကြောင်း သိရသည်၊၊
စာကြည့်တိုက်စဖွင့်ချိန်က တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ဆိုပြီး သုံးရက်ပဲဖွင့်လှစ်ခဲ့ရာမှ ယခုအချိန်တွင်စာကြည့်တိုက်ဖွင့်ရက် အင်္ဂါနေ့တစ်ရက်ထပ်တိုး ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်၊၊
စာကြည့်တိုက်ဖွင့်ချိန်အသစ်များကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာမနက်ပိုင်း (၉း၃၀ မှ ၁၂း၃၀) နာရီ၊နေ့လည်ပိုင်း (၁း၃၀ မှ ၄း၀၀) နာရီတို့ဖြစ်ပြီး စာကြည့်တိုက်ကို လာရောက်မယ်ဆိုရင် လာရောက်လိုသည့် အချိန်ပိုင်းနှင့် နေ့ရက်ကို
ဒီဂျစ်တယ်စာကြည့်တိုက်ကဒ်ရယူလိုသူများ www.goethe.de/myanmar/library ကနေတစ်
ဆင့် အွန်လိုင်းစာရင်းပေးသွင်းပြီး အသင်းဝင်ကတ် ပြုလုပ်နိုင်ကြောင်းသိရသည်၊၊
စာကြည့်တိုက် အသင်းဝင်ကြေးအနေဖြင့်တစ်နှစ်စာ ၅၀၀၀ ကျပ်ဖြစ်ပြီးတော့ နိုင်ငံခြားသားများကတော့ ၁၀၀၀၀ ကျပ်ဖြစ်ကာ Goethe-Institut Myanmarတွင်တက်ရောက်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်အသင်းဝင်ကတ် အခမဲ့ပြုလုပ်နိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_7 July 2022
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်တာ ခပ်စိပ်စိပ်ရှိခဲ့သလို လှုပ်ခတ်တဲ့ခံစားမှုကိုလည်း ရန်ကုန်နေပြည်သူတွေ တော်တော်များများ ခံစားသိရှိခဲ့ရပါတယ်။ ငလျင်ဆိုတာ ကြိုတင်ခန့်မှန်းလို မရတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုပါ။ ဒါပေမဲ့လည်း ငလျင်တွေ ခပ်စိပ်စိပ်လှုပ်တဲ့အတွက် ငလျင်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြနေကြသူတွေလည်း ရှိနေတာကြောင့် ဘာတွေကိုသိထားဖို့လိုတယ်ဆိုတာနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေး ကို YMG က အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published - 7 July 2022
မြန်မာအပါအဝင် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူများကို ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်နိုင်သည့် ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ အလုပ်သမားများကို ပန်းရောင်ဘတ်ကတ် ပြုလုပ်ပေးရန် ထိုင်အစိုးရအဖွဲ့က အတည်ပြုလိုက်ခြင်းဖြစ်သည်။
ယင်းအပြင်ယာယီနေထိုင်ခွင်ဖြင့် အလုပ်လုပ်ကိုင်နိုင်သည့် ပန်းရောင်ဘတ်ကတ် ပြုလုပ်ရန် အလုပ်ရှင်မှ အလုပ်အကိုင် ရှာဖွေရေး ဦးစီးဌာနထံ လုပ်သားအမည်စာရင်း (Name list) တင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ပန်းရောင်ဘတ်ကတ် ပြုလုပ်လိုသည့် လုပ်သားများအနေဖြင့် လုပ်သားအမည်စာရင်းတင်ခ ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်လျှောက်ထားခ ဘတ် ၉၀၀ ပေးချေရမည်ဖြစ်ပြီး အလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိသည်အထိ ငွေချေပြေစာကို အစားထိုး ကိုင်ဆောင်ထားရမည်ဟု သတ်မှတ်ထား ကြောင်း သိရသည်။
အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး တစ်နှစ်သက်တမ်း နှစ်ကြိမ်တိုးပိုင်ခွင့် ရှိမည်ဖြစ်ကာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်း အလုပ်သမား လေးသန်းကျော် အလုပ်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ အလုပ်သမား အများဆုံး လုပ်ကိုင်နေခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 7 July 2022
ဇူလိုင် ၁ ရက်မှစတင်ပြီး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ကန်ဒေါ်လာဖြင့်သာ ကုန်သွယ်မှုပြုလုပ်ရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီး ကုန်သည်တွေအနေဖြင့် ကန်ဒေါ်လာဖြင့် ပို့ကုန်မထွက်နိုင်ပါက ကုန်သွယ်မှုရပ်ရမည့် အနေအထားတွင်ရှိနေကြောင်း မြဝတီကုန်သည်တစ်ဦးဖြစ်သူ မဇင်မီက ပြောသည်။
"ကုန်သည်တော့ အဆက်မပြေတဲ့ဟာ တင်ပြထားကြတယ်။ USD နဲ့မှ Export မထွက်နိုင်ဘူးဆိုရင် မထွက်နိုင်တဲ့ ကုန်စည်အတွက် ကုန်သွယ်မှုရပ်ရမဲ့အနေအထားရှိတယ်။ ကုန်တွေမရပ်ဖို့ အဓိကလိုင်စင်ကို USD ဆို USD နဲ့သွားလိုက်တာပေါ့။ အခက်အခဲရှိပေမဲ့လည်း ပစ္စည်းကဒီဘက်မှာ ပုံနေတာဆိုတာ။ မဖြစ်မနေ ပို့ဖို့လိုအပ်တော့ လိုင်စင်ကို USD နဲ့သွားနေတာပေါ့"ဟု ယင်းကပြောသည်။
မြန်မာနယ်စပ်အားလုံးမှ တစ်ဆင့် ဆန်၊ ပဲ၊ ပြောင်း နှင့် ဆီးထွက်သီးနှံများကို ပြည်ပ နိုင်ငံများသို့ တင်ပိုရောင်းချရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီက ညွှန်ကြားထားကြောင်းသိရသည်။
ယခင်က တရုတ် နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးများတွင် ယွမ်၊ ဘတ်ကို မြန်မာကျပ်ငွေဖြင့် တိုက်ရိုက်အသုံးပြု ပေးချေခွင့်ပြုထားရာမှ ဇူလိုင်လမှစ၍ တရုတ်-မြန်မာနယ်စပ်ရှိ မူဆည်နယ်စပ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး နှင့် လွယ်ဂျယ် ဂိတ်ကားလုံးမှတစ်ဆင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် အမေရိကန်ဒေါ်လာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1702 of 2012