#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published -27 Mar 2022
မြန်မာ့တပ်မတော်အနေနဲ့ နိုင်ငံတကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ကာ ကာကွယ်ရေးလုံခြုံရေးတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မတ်လ ၂၇ ရက်နေ့ မနက်ကကျင်းပပြုလုပ်တဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမိန့်ခွန်းပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေဟာ နိုင်ငံတစ်နိုင်ငံထဲသာ တွေ့ကြုံနေရတာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေသာမကဘဲ ကမ္ဘာတစ်ဝှမ်းမှာ နိုင်ငံဖြတ်ကျော်မှုအသွင်နဲ့ ရင်ဆိုင်နေကြရတာပါ ဒါ့ကြောင့် တပ်မတော်အနေနဲ့ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်တကာတပ်မတော်တွေနဲ့ ဆက်ဆံရေးမြှင့်တင်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ ပိုပြီးပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု သူကပြောပါတယ်။
ဒါ့အပြင်မြန်မာ့တပ်မတော်အနေနဲ့ကမ္ဘာ့နိုင်ငံများအား အဓိကခြိမ်းခြောက်နေသည့် အကြမ်းဝါဒနဲ့အကြမ်းဖက်လုပ်ဆောင်မှုများအား ကာကွယ်တိုက်ဖျက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊အာဆီယံအပေါင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ပူးပေါင်းကာဒေသတွင်းဆွေးနွေးပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများနဲ့ ညီလာခံများမှာ တက်ကြွစွာပါဝင်လျက်ရှိတယ်လို့ဆက်လက်ပြောဆိုပါတယ်။
"နိုင်ငံတကာတပ်မတော်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာ့တပ်မတော်ရဲ့စွမ်းရည်ကို ပိုမိုတိုးတက်မြင့်မားလာစေပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းအားကို ပိုမိုအထောက်အကူဖြစ်စေပါတယ်"ဟု သူကပြောသည်။
ထို့ကြောင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာတပ်မတော်များနှင့် ကောင်းမွန်ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ်"လို့ တပ်ချုပ် က မိန့်ခွန်းပြောကြားရာမှာ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး နစကဥက္ကဌက အကြမ်းဖက်အဖွဲ့တွေနဲ့ ထောက်ပံ့ပေးနေသူတွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နှင်းသွားမှာဖြစ်သလို NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံမှာဖြစ်ကာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေကိုလည်း ကြိုတင်ကန့်သတ်ချက်မထားတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 March 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က ဒါရိုက်တာအောင်စိုးဦး(ကိုအလင်္ကာ) နဲ့ အတူ "သီချင်းဖြစ်သွားသောကဗျာများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စိတ်ဝင်စားဖွယ်ရာ ကဗျာ အကြောင်းအရာတွေ ကိုဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 27 March 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်ရှိ တိုက်ခန်းစျေးကွက်ဟာ ယခုနှစ်ဆန်းပိုင်းအတွင်းမှာ အရောင်း၊အဝယ်တွေ ပြန်သွက်လာခဲ့ပြီး ယနေ့တွင် တိုက်ခန်းတစ်ခန်းလျှင် ကာလပေါက်စျေးထက် ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကျော်ခန့်အထိ စျေးနှုန်းများလည်း မြင့်တက်လာခဲ့တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရပါတယ်။
"အခန်းတွေက အရောင်း၊အဝယ်တွေ ပြန်လိုက်နေတယ်။ အရောင်းအခန်းတွေလည်း အမြဲရှိသလို အဝယ်တွေလည်းလိုက်လာပါတယ်။ အခန်းစျေးတွေတက်တယ်ဆိုတာကလည်း ခေတ်စနစ်အခြေကြောင့်ပေါ့နော်။ လူတွေကလည်း အခုကာလမှာ ငွေကို လက်ထဲ မထားရဲဘူးပေါ့။ တိုက်ခန်းတွေ အိမ်၊ခြံ၊ မြေတွေကို ဝယ်ကြတာများတယ်။ ဒါကြောင့်လည်း အခန်း စျေးတွေ တက်တာပါပါတယ်။ ဒီကာလမှာ အခန်းစျေးက သိန်းဆယ်ဂဏန်းလောက် တက်သွားတာပေါ့။ အရင်က အပေါ်ဆုံးထပ်ဆို ၁၁၀၊ ၁၂၀ လောက်ပဲရှိရာကနေ အခန်းကောင်းရင်ကောင်းသလို ပြင်ဆင်ထားရင်ထားသလို ၁၄၀၊ ၁၆၀ လောက်အထိ စျေးပေါက်နေပါတယ်။"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
ယုဇနဥယျာဥ်မြို့တော်အတွင်းရှိ ယခင်တိုက်ဟောင်းလေးခန်းတွဲ ငါးထပ်တိုက်တွေအပါအဝင် စစ်တောင်းရိပ်မွန်ရှိ သုံးထပ်တိုက်များနှင့် အိုးအိမ်ဌာနမှတည်ဆောက်ခဲ့သည့် အပိုင်း(၁၊၂၊၃) တိုက်သစ်များဘက်တွင် တိုက်ခန်းအရောင်းအဝယ် တွေဟာ ယခုကာလမှာ ပိုမိုဖြစ်နေတာဖြစ်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။
လက်ရှိ ယုဇနဥယျာဥ်မြို့တော် တိုက်ခန်းပေါက်စျေးဟာ အပေါ်ဆုံးထပ်ဆိုပါက ကျပ်သိန်း ၁၃၀ ၊ တတိယထပ်ဆိုပါက ကျပ်သိန်း ၁၄၀ မှ ၁၅၀ ကြား၊ ပထမထပ်ဆိုပါက ကျပ်သိန်း ၁၈၀ မှ ၁၉၀ ခန့်နှင့် မြေညီထပ်ဆိုပါက ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၃၀၀ ကျော်အထိ ပေါက်စျေးရှိနေတာဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_27 March 2022
(၇၇) နှစ်မြောက်တပ်မတော်နေ့တွင် ဂုဏ်ထူးသက်ရှိထင်ရှားရှိသည့် အနုပညာရှင်များနှင့် ကွယ်လွန်ပြီးဖြစ်သည့် အနုပညာရှင်ကြီးများကို နစက အနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်လိုက်ကြောင်း သိရသည်။
ကွယ်လွန်သွားပြီဖြစ်သော အနုပညာရှင်များဖြစ်ကြသည့် ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင် မောင်ကိုကို၊ ကောလိပ်ဂျင်နေဝင်း၊ ဝင်းဦး၊ ညွန့်ဝင်း တို့နှင့် သက်ရှိထင်ရှားဖြစ်သည့် ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ စာရေးဆရာ လေးမြိုင်၊ ဒေါက်တာသော်ကောင်း၊ မောင်ခင်မင်-ဓနုဖြူ၊ ကိုလေး- အင်းဝဂုဏ်ရည်၊ လယ်တွင်းသားစောချစ်၊ တက္ကသိုလ်မြတ်သူ၊ တက္ကသိုလ် မြတ်စိုး၊ တက္ကသိုလ်တင်ခ၊ မောင်ပေါ်ထွန်း၊ မောင်သာနိုး၊ သိန်းသန်းထွန်း၊ ဖိုးကျော့၊ ထွန်းရီ- ရှေးဟောင်းသုတေသီ၊ တင်မောင်မြင့်၊ မစန္ဒာ ထွန်းအောင်ချိန်၊ မောင်မောင်လတ် (နောင်) စသည်တို့ကို အလင်္ကာကျော်စွာဘွဲ့ပေးခဲ့ခြင်း ဖြစ်သည်။
ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်ခံရာတွင် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)၊ လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)ဟူ၍ သတ်မှတ်ထားပြီး လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)တွင် ဦးရန်အောင်၊ဦးထွန်းဝေ၊ဦးကျောက်လုံး၊ဦးနေအောင်၊ဦးလွင်မိုး၊ဦးနေတိုး ၊ဒေါ်မိုမိုမြင့်အောင်၊ဒေါ်ချိုပြုံး၊ဒေါ်ဝါဝါဝင်းရွှေ ၊ဒေါ်ခင်သန်းနု၊ဒေါ်ခင်သီတာထွန်း ဒေါ်ထွန်းအိန္ဒြာဗို၊ စသည့်အနုပညာရှင် များ ၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)တွင် ဦးရဲအောင်၊ဦးဇော်လင်း၊ဦးကျော်ရဲအောင်၊ဒေါ်မြင့်မြင့်ခိုင် ၊ဒေါ်မြတ်ကေသီအောင်၊ဒေါ်မေသဉ္စာဦး၊ ဒေါ်ခိုင်သင်းကြည် စသည့်အနုပညာရှင်များ၊လူမှုထူးချွန်တံဆိပ်(တတိယအဆင့်)တွင် ဦးခန့်စည်သူ၊ဦးဖိုးသောကြာ၊ဒေါ်စိုးမြတ်သူဇာ၊ဒေါ်စိုးမြတ်နန္ဒာ ၊ယဉ်လတ်၊ ယုန်လေး(အဆိုတော်)စသည့် အနုပညာရှင်များပါဝင်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 27 March 2022
ရန်ကုန်တိုင်း၏ ဆင် ခြေဖုံး မြိုနယ်/ရပ်ကွက်များတွင် ဆိုင်ကယ်စီးလုယက်မှုတွေကို နေ့စဥ်လိုလို ကြုံ တွေ့ နေရပြီး ယခုကာလမှာ ပြည်သူများအနေနဲ့ ပြင်ပသို့သွားလာရာတွင် အထူးဂရုပြု၍ သွားလာနေရတယ်လို့ သိရပါတယ်။
အဆိုပါ ဆိုင်ကယ်စီးလုယက်မှုဖြစ်စဥ်တွေကို လှိုင်သာယာ အပါအဝင် တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ အစရှိသည့် ဆင်ခြေဖုံးမြို့နယ်/ရပ်ကွက်များတွင် ပိုမိုကြုံ တွေ့ နေရတာဖြစ်တယ်လို့လည်း ယင်းမြို့နယ်များတွင် နေထိုင်သူများက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းအချိန်က မြောက်ဒဂုံမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးလုယက်မှုတစ်ခုဖြစ်ပွားပြီး ယင်းဖြစ်စဥ်အား ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ မိန်းကလေးငယ်တစ်ဦးက အားလုံးသတိထားနိုင်ဖို့အတွက် သူမကြုံတွေ့ခဲ့ရသည့် လုယက်မှုဖြစ်စဥ်ကို လူမှုကွန်ရက်တွင် ရေးသားမျှဝေခဲ့သည်ကိုလည်း ယခုလို တွေ့ မြင်ခဲ့ရပါတယ်။
"မြောက်ဒဂုံထဲက အမတွေ အပြင်သွားရင် ဂရုစိုက်ကြပါနော်။ ဗန္ဓုလလမ်း(Milky Zone)ဆိုင်အနားမှာ အခုပဲ ဖြစ်သွားတာပါ၊ မနက် ၁၀ ခွဲကျော်ကျော်လောက်က မန္တလေးဈေးကိုသွားပြီးအပြန် စက်ဘီးနင်းနေတုန်း ဆိုင်ကယ်တစ်စီး လူနှစ်ယောက်နဲ့ နောက်ကအတင်း ကပ်လာလို့ ရှေ့ကစက်ဘီးမောင်းတဲ့ကိုယ့်ကောင်လေးကို ဘတ်ထရီအရှိန်လျော့ပေးလိုက် သူတို့ကို အရင်သွားပါစေပြောလိုက်တာကံကောင်းတယ် ပြောရမလားပဲ အရှိန်မရှိပဲ အေးဆေးဖြစ်နေချိန်မို့ လူတွေဘာမှမဖြစ်သွားတာ အတင်းဘေးကို ကပ်ပီး ဆိုင်ကယ် နောက်ကလူက ရှေ့ကစက်ဘီးမောင်းတဲ့သူရဲ့ အကျီအိတ်ပါတယ် ထင်ပြီးဆောင့်ဆွဲပြီး ဆွဲနှိုက်တာရယ် ဘာလုပ်တာလဲ နင်တို့ဆိုပြီး အော်မှဟာ ဘာမှမရှိဘူးတောင်ပြောသွားပီး ဆိုင်ကယ်ကိုအသေမောင်းပြေးသွားတာအရှိန်သာမလျော့ခဲ့ရင် သူတို့ဆွဲတာ လူပါ ဒဏ်ရာရနိုင်တယ်။
ဖုန်းတို့ပိုက်ဆံအိတ်တို့ကို ဘယ်တော့မှ အကျီရှေ့အိတ်ကပ်ထဲ မထည့်ထားတာပဲ တော်သေးတယ်၊ မဟုတ်ရင်ပါသွားပြီ။ ကိုယ်ကတော့ လန့်ဖျန့်ပြီးကျန်ခဲ့တာ အခုထိ အသားတွေဆတ်ဆတ်တုန်နေတုန်းပါပဲ။" လို့ သူမက လုယက်ခံခဲ့ရသည့်ဖြစ်စဥ်အပေါ် ၄င်းကြုံ တွေ့ ခဲ့ရသည်များကို အခုလို ပြန်လည်မျှဝေရေးသားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ယခုကာလများတွင် ရန်ကုန်မြို့တွင်းမှာ လုယက်မှုဖြစ်စဥ်များ အပါအဝင် မြို့တွင်း မြို့နယ်များတွင် ကားဘက်မှန်ဖြုတ်ယူ ခိုးမှုတွေလည်း အလွန်အမင်းများပြားလာနေတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့နေ ဒေသခံပြည်သူများထံမှ သိရပါတယ်။
ဒါကြောင့်မို့ ယခုကာလတွင် ပြင်ပသို့ သွားလာမည်ဆိုပါက အထူးဂရုစိုက် သွားလာကြဖို့ကိုလည်း ပြည်သူအချင်းချင်း သတိပေးမှုတွေကို ပြုလုပ်နေရတယ်လို့ သိရပါတယ်။
ymg/kg
#Yangon_Media_Group
Page 1637 of 1738