#Local_News
Published_ 16 January 2023
အိမ်နီးချင်းနိုင်ငံတွေနဲ့ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကျော့ပြန်ကိုဗစ်တွေအဖြစ်များနေတဲ့အတွက် မြန်မာမှာတစ်ကျော့ပြန် ကိုဗစ်မဖြစ်အောင် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 16 January 2023
၁။ တစ်ကျော့ပြန် ကိုဗစ်မျိုးပြောင်းများ မြန်မာတွင်မဖြစ်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၂။ ဈေးကစားသူများကြောင့် ရွှေဈေးမြင့်တက်ခြင်း မရှိစေရန် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
၃။ စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ကျော်ကို ပြန်လည်မြင့်တက်လာ
၄။ ကမ်မရွန်းအသုဘ တေးဂီတက အားငယ်နေသည့်လူငယ်များအတွက် မျှော်လင့်ချက်ဂီတအမျိုးအစားဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
လတ်တလောမှာ ညအပူချိန်တွေကျဆင်းပြီး ရေခဲအမှတ်နား (၅)ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိတဲ့ ဒေသ(၈)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ မီးလောင်ပျက်စီးခဲ့သည့် အရက်ချက်စက်ရုံ မီးလောင်မှုမှာ ဆုံးရှုံးမှုပမာဏများနှင့် ပတ်သက်၍ အာမခံ ကုမ္ပဏီတွေနှင့် ဆွေးနွေးနေပြီး တစ်လအတွင်း အရက်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်စတင်သွားမည်ဖြစ်ကြောင်း Grand Royal Group International (GRGI) က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင်ရှိသည့် Grand Royal ကုမ္ပဏီ၏ အရက်ချက်စက်ရုံသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ ၁၅ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်အဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Grand Royal Group International ကုမ္ပဏီမှ ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့် အထောက်အထားတွေအရ မတော်တဆ မီးလောင်မှုဟု ယူဆရကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တွေနှင့် စစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်နေပြီး သက်ဆိုင်ရာ အာမခံကုမ္ပဏီတွေနှင့်လည်း သင့်တော်သည့် ဆုံးရှုံးမှုပမာဏအတွက် ဆွေးနွေးနေကြောင်း GRIG က ထုတ်ပြန်ထားသည်။
ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကုန်နောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းတွေ ပြန်လည်စတင်ရန် ခန့်မှန်းထားကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၂၈၁ ဦးနှင့် အမျိုးသမီး ၃၃၃ ဦး စုစုပေါင်း ၆၁၄ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ (၁၆)ရက် အတွင်းစိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 16 January 2023
အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဖွဲ့စည်းထားကြောင်း နိုင်ငံတော်ပြန်တမ်းအရ သိရသည်၊၊
အဆိုပါ SME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတွင် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးက ဥက္ကဌအဖြစ်ဦးဆောင်ပါဝင်ပြီး သက်ဆိုင်ရာဌာနတွေက အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်စုစုပေါင်း(၂၄)ဦး ပါဝင်ဖွဲ့စည်းထားသည်၊၊
အေဂျင်စီ၏ ရုံးလုပ်ငန်းများကို စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအကောင်အထည်ဖော်ရန်၊ လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ပတ်လည်တိုးတက်မှုဆိုင်ရာအစီရင်ခံစာတင်သွင်းရန်၊လုပ်ငန်းအခက်အခဲများ၊လိုအပ်ချက်များလျော့နည်းအောင် ကူညီပံ့ပိုးရန်၊ ဒေသဆိုင်ရာအေဂျင်စီရုံးခွဲများတည်ထောင်ပြီး တစ်နေရာတည်းဝန်ဆောင်မှုပေးသည့် အဖွဲ့ငယ်များတည်ထောင်နိုင်ရန်ညှိနှိုင်းဆောင်ရွက်ခြင်း၊SMEလုပ်ငန်းများဆိုင်ရာ ဥပဒေပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအပါအဝင်SMEလုပ်ငန်းများနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာများ၊မှတ်ပုံတင်ခြင်းဆိုင်ရာများ၊အငြင်းပွားဖွယ်ကိစ္စရပ်များဆိုင်ရာများ၊ ပြည်ပအဖွဲ့အစည်းများ၊အေဂျင်စီများနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ၊ပြပွဲဆိုင်ရာများစသည့် ကိစ္စရပ်များကို ယခုဖွဲ့စည်းထားသည့် SME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ရွှေတိဂုံစေတီတော်မှ ၂၀၂၃ခုနှစ်အတွင်းရွှေချလုပ် ငန်းအတွက် ၂"×၂" အရွယ်ရွှေရာဆိုင်း စုစုပေါင်း (၂၄၀၀၀)ဝယ်ယူရန် ဈေးပြိုင်တင်ဒါခေါ်ယူထား ကြောင်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ
သိရသည်၊၊
အဆိုပါ ရွှေဆိုင်းများတွင် စက်မှုရွှေ(၁၀၀၀၀)ဆိုင်းနဲ့ မြန်မာ့ရိုးရာလက်မှုရွှေ(၁၄၀၀၀)ဆိုင်းကို ဈေးပြိုင် တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်သည်၊၊
မြန်မာ့ရိုးရာလက်မှု ရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၁)နာရီတွင် ရွှေတိဂုံရှိရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုရွှေတင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းကို ဖေဖော် ဝါရီလ(၁၄)ရက်တွင် နေ့လယ်(၃)နာရီတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အသေးစိတ်သိလိုသူများ ဖုန်း၈၃၈၃၅၁၂သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1631 of 2353