#World_Science
Published 22 April 2025

▪️ အာရေဗျကျွန်းဆွယ်မှာ ကျယ်ပြန့်တဲ့သဲသောင်ပြင်များ၊ သဲပင်လယ်များပြည့်နေပြီး အပူရှိန်နဲ့ ခြောက်သွေ့မှု ပြင်းထန်လွန်းပါတယ်။

▪️ ဒါပေမဲ့ လတ်တလောလေ့လာချက်အရ အဆိုပါကန္တာရကြီးဟာ ယခင်အချိန်တွေတုန်းက စိမ်းလန်းစိုစွတ်ခဲ့ဖူးတယ်လို့ ဖော်ပြနေပါတယ်။

▪️ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉ ထောင်ခန့်က မိုးရွာသွန်းမှုမြင့်မားခဲ့ပြီး ရေကန်တွေ မြစ်တွေဖြစ်ပေါ်ခဲ့ပါတယ်။

▪️ ဘူမိဗေဒမှတ်တမ်းအများအပြားအရ ယခင်က ပိုပြီးစိုစွတ်ခဲ့တဲ့ ပတ်ဝန်းကျင် အထောက်အထားများအကြောင်းကို Communications Earth & Environmentမှာ ဖော်ပြခဲ့ပါတယ်။

▪️ ဂျီနီဗာတက္ကသိုလ်မှ ဒေါက်တာ အက်ဒါလာဇာကီနဲ့ ပရော်ဖက်ဆာ ဆီဘက်ရှန်ကာစတယ်တော့၊ ကင်းအက်ဒူလာတက္ကသိုလ်မှ ပရော်ဖက်ဆာ အက်ဒူကာဒါအက်ဖီဖီတို့က ဦးဆောင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

▪️ Holoceneကာလအစောပိုင်းမှာ မိုးရွားသွန်းမှုများခဲ့ပြီး စိုစွတ်မှုများတဲ့အချိန် ဖြစ်ခဲ့ပါတယ်။

▪️ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁,၀၀၀ မှ ၅,၅၀၀ အတွင်း Green Arabiaကာလမှာ ရေကန်က အများပြားဆုံးဖြစ်ခဲ့ဟန်ရှိတယ်လို့ အက်ဒါလာဇာကီက ပြောထားပါတယ်။

▪️ ရေကန်က အလွန်ကြီးမားပြီး ၁,၁၀၀ စတုရန်းမီတာအကျယ်နဲ့ ၄၂ မီတာနက်ရှိုင်းတယ်လို့ ခန့်မှန်းထားပါတယ်။

▪️ မိုးရွားသွန်းအားကြီးပြီးတော့ ရေကန်လျှံထွက်ကုန်ကာ ကန္တာရကြမ်းပြင်မှာ ၁၅၀ ကီလိုမီတာရှည်တဲ့ တောင်ကြားလမ်းဖြစ်သွားတယ်လို့ ဆီဘက်ရှန်ကာစတယ်တော့က ဆိုပါတယ်။

▪️ အကွာအဝေး ၁,၁၀၀ ကီလိုမီတာခန့်အထိ အနည်အနှစ်တွေကို ခြေရာခံကြည့်တဲ့အခါ အဆိုပါမိုးက အာဖရိကမုတ်သုံကလာတဲ့ မိုးတွေဖြစ်ပါတယ်။

▪️ မိုးရွာသွန်းခြင်းက တစ်ခါတရံမှာ ပြင်းထန်ပြီး မြေမျက်နှာပြင် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပုံရပါတယ်။

▪️ ရေကန်မြစ်ချောင်းများ ဖြစ်ပေါ်လာခြင်း၊ မြက်ခြင်းပြင်များ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အမဲလိုက်အဖွဲ့များ၊ အစုအဖွဲ့များ ထွက်ပေါ်လာကာ ယနေ့ခေတ် သဲကန္တာရပြင်ကြီး ဖြစ်လာတယ်လို့ Griffith ဩစတြေးလျသုတေသနစင်တာမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ပက်ထရာဂလီယာက ပြောပါတယ်။

#Source: WION