#World_Health
Published 22 April 2025
▪️ ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းက multiple sclerosis(MS)လို့ခေါ်တဲ့ ဦးနှောက်နဲ့ အာရုံကြောထိခိုက်ရောဂါ ဖြစ်နိုင်ခြေများစေတယ်လို့ ယခင်သုတေသနတွေမှာ တွေ့ရှိထားကာ လေ့လာချက်အသစ်မှာတော့ ဗိုက်တာမင်-ဒီ ဖြည့်စွက်ဆေး များများအသုံးပြုပါက ထိုရောဂါလက္ခဏာများ လျော့ကျစေနိုင်တယ်လို့ ယူဆနေပါတယ်။
▪️ ပြင်သစ်နိုင်ငံမှ MSရောဂါဖြစ်လာနိုင်တဲ့ အာရုံကြောလက္ခဏာများ အစပျိုးနေသူပေါင်း ၃၀၃ ဦးကို ရက် ၉၀ အတွင်း စမ်းသပ်လေ့လာခဲ့ကြပါတယ်။
▪️ စမ်းသပ်ခံအဖွဲ့တစ်ခုကို ဗိုက်တာမင်-ဒီ၃ ကိုလီကယ်စီဖရောလ် ၁ သိန်းအိုင်ယူကို ၂ ပတ်တစ်ခါဖြင့် ၂၄ လကြာအောင် ပေးခဲ့ပါတယ်။
▪️ ထိုအဖွဲ့ထဲမှာ လက္ခဏာပြန်ဖြစ်သူ၊ ဦးနှောက်ထိခိုက်မှု ဖြစ်ပွားလာသူ ၆၀.၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
▪️ အာနိသင်မရှိတဲ့ဆေး အသုံးပြုတဲ့အဖွဲ့မှာတော့ ၇၄.၁ ရာခိုင်နှုန်းက ထိုလက္ခဏာမျိုး တွေ့ရတာကြောင့် ကွာခြားချက်က သိသာလွန်းတယ်လို့ CHU Nimes ၊ မွန့်ပယ်လီယာတက္ကသိုလ်မှ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ဒီရလဒ်တွေသေချာအောင် နောက်ထပ်စစ်ဆေးစမ်းသပ်မှုများ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
▪️ တွေ့ရှိချက်များအရ ဗိုက်တာမင်-ဒီ မြင့်မားတဲ့ပမာဏက MSအစောပိုင်းအဆင့်တွေမှာ ရောဂါဆိုးရွားလာမှုကို လျှော့ချပေးနိုင်ဖွယ်ရှိမယ်လို့ ဆိုပါတယ်။
▪️ ဗိုက်တာမင်-ဒီချို့တဲ့ပြီးတော့ ရောဂါအစောပိုင်းအဆင့် ရောက်နေသူတွေမှာ ဒီဖြည့်စွက်ဆေးကို ပမာဏများများအသုံးပြုရင် အထိရောက်ဆုံးဖြစ်မယ့် အထောက်အထား မြင်နေရပါတယ်။
▪️ တစ်နေ့ကို ယူနစ် ၁ သိန်းက အလွန်မြင့်မားတဲ့ ပမာဏဖြစ်ပြီး ဗိုက်တာမင်-ဒီ အလွန်အကျွံစားမိရင် အဆိပ်သင့်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
▪️ သွေးထဲမှာ ကယ်လ်စီယံများလာပြီး မူးဝေအော့အန်ခြင်း၊ အားနည်းခြင်း၊ မကြာခဏဆီးသွားခြင်း၊ ကျောက်ကပ်ပျက်ခြင်းတို့ပါ ဖြစ်နိုင်တာကြောင့် ကျွမ်းကျင်သူများနဲ့ ဦးစွာတိုင်ပင်သင့်ပါတယ်။
#Source: New York Post