#World_News
Published 22 April 2025
▪️ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက်အကြောင်း ဆွေးနွေးပြောဆိုမှု တိုးတက်မှုတွေအတွက် ချီးမွမ်းခဲ့ကြတယ်လို့ နှစ်ဖက်ရုံးတွေကနေ တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
▪️ အိန္ဒိယက အမေရိကန် အခွန်စည်းကြပ်မှုများကို ရှောင်ရှားဖို့ အလျင်လိုနေပြီး ထရမ့်အစိုးရအဖွဲ့ကို မျက်နှာလုပ်နေရပါတယ်။
▪️ ဗန့်စ်က သူ့မိသားစုနဲ့အတူ ၄ ရက်တာခရီးစဉ်အတွက် တနင်္လာနေ့အစောပိုင်းက အိန္ဒိယသို့ရောက်ရှိလာပြီး ဂျယ်ပူအာရ်မြို့မှာ မိန့်ခွန်းပြောသွားမှာဖြစ်ကြောင်း အမေရိကန်အရာရှိများ ပြောပါတယ်။
▪️ နှစ်ဖက်တွေ့ဆုံပြောဆိုပြီးနောက် စွမ်းအင်၊ ကာကွယ်ရေး၊ ဗျူဟာမြောက်နည်းပညာတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆက်လက်အားထုတ်ဖို့ကို မှတ်ချက်ပြုသွားကြပါတယ်။
▪️ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအကြောင်း ဆွေးနွေးခဲ့ကြသလို ရှေ့ဆက်ရာမှာ သံတမန်ရေးရာနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို တောင်းဆိုလိုက်ပြီး ကမ္ဘာ့ပဋိပက္ခများနဲ့ ပတ်သက်ပြီး အိန္ဒိယစံမျဉ်းများအကြောင်း ထပ်လောင်းပြောသွားပါတယ်။
▪️ အိန္ဒိယဟာ ယူကရိန်းစစ်ပွဲမှာလည်း ယခင်ပုံစံများအတိုင်း လုပ်ဆောင်ပြုမူထားပါတယ်။
▪️ ဝန်ကြီးချုပ်က သမ္မတထရမ့်ထံသို့ နှုတ်ဆက်စကား လက်ဆင့်ကမ်းလိုက်ကာ ယခုနှစ်နောက်ပိုင်း အိန္ဒိယသို့ ခရီးလာရောက်မည်ကို မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံစလုံးဟာ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားဖို့ လမ်းကြောင်းအစီအစဉ်တစ်ခုကို သဘောတူခဲ့ကြကြောင်း ထရမ့်အစိုးရက ဖော်ပြခဲ့ပါတယ်။
▪️ ဗန့်စ်ဟာ တနင်္ဂနွေနေ့က ရောမသို့သွားရောက်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်နဲ့ သီးသန့်တွေ့ဆုံပြီးနောက် နယူးဒေလီသို့ ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။
▪️ ဖေဖော်ဝါရီလက ဒေါ်နယ်ထရမ့်နဲ့ မိုဒီတို့ ဝါရှင်တန်မှာ တွေ့ဆုံစဉ်က ဆွေးနွေးခဲ့ကြတဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကဏ္ဍာများမှ တိုးတက်မှုများကိုလည်း သုံးသပ်ခဲ့ကြကာ နှစ်ဖက်ကုန်သွယ်မှုမှာ မျှတမှုရှိရေးနဲ့ ကာကွယ်ရေးပူးပေါင်းမှုမှာ ဖွံ့ဖြိုးလာမှုများ ပါဝင်ပါတယ်။
▪️ ဗန့်စ်ရဲ့အိန္ဒိယခရီးစဉ်က ယခုနှစ်နောက်ပိုင်း ထရမ့်လာရောက်မယ့်ခရီးစဉ်အတွက် ခရီးဦးကြိုတဲ့သဘောအဖြစ် ရှုမြင်နေကြပါတယ်။
#Source: Reuters