Published 03 May 2024
အနောက်တိုင်းနိုင်ငံတွေက လူတွေရဲ့ နေ့စဥ်စားစရာတွေထဲမှာ အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားသော အစားအစာများက ၆၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။
ထိုအစားအစာတွေမှာ ပါဝင်တဲ့ တာရှည်ခံဆေးများက ဘာအာဟာရမှ မရှိပါဘူး။
ဒီလိုမျိုး တာရှည်ခံ စွဲလမ်းစေတဲ့ အရာများ များများစားမိခြင်းနဲ့ ဆီးချိုလိုရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်မှုကို တွေ့ရှိလာကြပါတယ်။
ကိတ်မုန့်၊ ကွတ်ကီး၊ ဒိန်ချဥ်၊ ရေခဲမုန့်၊ ချောကလက်တောင့်၊ ပေါင်မုန့်တို့လို အစားအစာတွေမှာ ပါဝင်တဲ့ ပျစ်ခဲစေတဲ့ ဓာတ်ပစ္စည်းတွေဟာ အရသာ၊ ပုံပန်းသဏ္ဍာန် တာရှည်ခံစေရန် အသုံးပြုကြပါတယ်။
ပါဝင်ပစ္စည်းစာရင်းထဲမှာဆိုရင် ‘Eနံပါတ်များ’ဖြင့် ရေးသားလေ့ရှိပြီး ဘယ်လိုမျိုး ဘေးဥပါဒ်ဖြစ်စေလဲဆိုတာ မသိကြပါဘူး။
မကြာသေးမီ လေ့လာချက်များအရ ပျစ်ခဲနေစေတဲ့ ပစ္စည်းတွေဟာ အူလမ်းကြောင်းပိုးမွှားစနစ်ကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းကို ဖြစ်စေကာ ဆီးချိုဖြစ်လာနိုင်စေပါတယ်။
ပြင်သစ်နိုင်ငံမှ လူပေါင်း ၁ သိန်းကျော်ရဲ့ အချက်အလက်တွေကို အခြေခံလေ့လာထားပါတယ်။
သူတို့စားသောက်တဲ့ မှတ်တမ်းများကို ၆ လတစ်ကြိမ်ဖြင့် ၁၄ နှစ်ကြအောင် စောင့်ကြည့်မေးမြန်းခဲ့ကြပါတယ်။
ထိုအခါမှာ အယောက်တစ်ထောင်ကျော်က ဆီးချိုရောဂါဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။
နှစ်ရှည်လများ ထပ်မံလေ့လာရာမှာတော့ ပျစ်ခဲအောင်ထိန်းသိမ်းတဲ့ ပစ္စည်းတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
ထိုတွေ့ရှိချက်တွေက ပြင်သစ်လူမျိုးတွေမှာသာ လေ့လာပြီး အချိန်အခိုက်အတန့် တစ်ခုမှာသာ စောင့်ကြည့်တာ ဖြစ်တာကြောင့် တရားသေတော့ ကောက်ချက်မချနိုင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စားသုံးသူတွေဘေးကင်းဖို့ တာရှည်ခပစ္စည်းများ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး စည်းမျဥ်းများ ထုတ်ပြန်သင့်တယ်လို့ သုတေသနပြုစုသူ ပရော်ဖက်ဆာ ဘားနက်ဆရော်က ပြောပြသွားပါတယ်။
Source: The Jerusalem Post
#World_Health
#Published_ 3 May 2024
#YMG_News #Yangon_Times #Yangon_Media_Group