Published 03 May 2024 

 
နေ့စဥ်ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် အကျိုးပြုတာမျိုး မရှိဘူးလို့ ဂျိတ်ခ်ဂယ်လန်ဟောနဲ့ မီလာကူနစ်တို့က အငြင်းပွားဖွယ် ပြောပြလိုက်ပါတယ်။ 
 
လူတွေ ရေချိုးရတဲ့ အဓိကအကြောင်းအရင်းက အနံ့ထွက်မှာစိုးတာကြောင့် ဖြစ်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းသူ ဒိုနာချက်မက္ကာသီက ပြောပြပါတယ်။ 
 
မက္ကာသီက ရေချိုးတာထက်စာရင် အဝတ်တစ်ခုဖြင့် ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးပါတယ်။ 
 
ရေမချိုးတာက လူမှုပေါင်းသင်းရေးနဲ့ မညီပေမယ့် မက္ကာသီရဲ့ အယူအဆကို ဆေးဖက်ဆိုင်ရာ ပညာရှင်များ ထောက်ခံချင်တဲ့သဘော ရှိနေပါတယ်။ 
 
အချိန်ကြာကြာ နေ့စဥ်ရေချိုးခြင်းက အရေပြားကို ကာကွယ်ပေးတဲ့ အကျိုးပြုပိုးမွှားတွေ ပါသွားစေတယ်လို့ မန်ဟက်တန် အရေပြားဆရာဝန် ဒေါက်တာဂျူလီရုဆက်က ပြောပြခဲ့ပါတယ်။ 
 
လူတွေဟာ အရင်ကထက် ပိုပြီးရေချိုးလာကြတယ်လို့ ဘရစ္စတိုလ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေးလ်ဆောက်သာတန်က ဆိုပါတယ်။ 
 
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်ကဆိုရင် ရေချိုးခြင်းက ပုံမှန်ပြုလုပ်လေ့မရှိတဲ့ အလေ့အထ ဖြစ်ကြောင်း၊ အယ်ဘော့ဂ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ကာစတန်ဂရမ်ဟမ်ဆန်က ဆိုပါတယ်။ 
 
ဘယ်လောက်ရေချိုးသင့်လဲဆိုတာက အရေပြား၊ ဆံပင်ပုံစံ၊ ချွေးဘယ်လောက်ထွက်လဲ၊ ဘယ်လောက်ညစ်ပတ်နေလဲ ဆိုတဲ့အပေါ် မူတည်နေပါတယ်။ 
 
အရေပြားခြောက်သွေ့ပြီး အရေပြားပြဿနာရှိသူတွေအနေနဲ့ ရေနည်းနည်းသာ ချိုးသင့်တယ်လို့ ပညာရှင်များ အကြံပြုထားပါတယ်။ 
 
လေ့ကျင့်ခန်းလုပ်ပြီးလို့ ရေချိုးဖို့လိုအပ်တယ်ဆိုရင်လည်း ချွေးထွက်များတဲ့ နေရာတွေကိုသာ ဦးစားပေးသင့်တယ်လို့ ရုဆက်က ရှင်းပြသွားပါတယ်။ 
Source: New York Post
#World_Health
#Published_ 3 May 2024
#Yangon_Media_Group #YMG #Yangon_Times