Published 18 November 2023

ဟေမိုဂလိုဘင်က သွေးနီဥဆဲလ်တွေထဲမှာ တွေ့ရတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး အဆုတ်ကနေ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့သို့ သယ်ဆောင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အဆုတ်သို့ ပြန်ပို့ပေးပါတယ်။

အဆိုပါ ဟေမိုဂလိုဘင်တွေ ထုတ်လုပ်ရန် သံဓာတ်က မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပါတယ်။
ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဖြင့် သွေးနီဥဆဲလ်သစ်များ ဖြစ်ပေါ်စေပြီး ဟေမိုဂလိုဘင် များစေမှာ ဖြစ်ပါတယ်။
 
(၁) ဟင်းနုနွယ်
ဟင်းနုနွယ်ဟာ သံဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်ကနေ သံဓာတ်ကို အလွယ်တကူ စုပ်ယူပေးပါတယ်။
 
(၂) ပဲနီလေး
ပဲနီလေးဟာ သံဓာတ်သာမက ဖောလိတ်လည်း ကြွယ်ဝကာ ဟေမိုဂလိုဘင်ကို ပိုမိုထွက်ရှိစေပါတယ်။
 
(၃) ခြေလေးချောင်းအသား
အမဲသား သိုးသားတို့လို့ အသားကြီးမျိုးတွေဟာ သံဓာတ်ပေါများပြီး ဟေမိုဂလိုဘင်ကို သိသိသာသာ တိုးများစေပါတယ်။
 
(၄) ဖရုံစေ့
ဖရုံစေ့မှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။
 
(၅) တိုဖူး
အပင်အခြေပြု သံဓာတ်နဲ့ ပရိုတိန်းပါဝင်တာကြောင့် သက်သက်လွတ် စားသုံးသူတွေမှာ ဟေမိုဂလိုဘင်ကို ထိန်းသိမ်းပေးပါတယ်။
 
(၆) အခွံကာပင်လယ်စာ
ဂုံး၊ ကရုကမာတို့က သံဓာတ်နဲ့ ဗိုက်တာမင် ဘီ၁၂ ကြွယ်ဝစွာ ပါဝင်ပါတယ်။
 
(၇) စားတော်ပဲစေ့
သံဓာတ်၊ ပရိုတိန်း၊ အခြားအာဟာရဓာတ်များ ပါဝင်ကာ ပုံမှန်စားပေးပါက ဟေမိုဂလိုဘင်ကို မြှင့်တင်ပေးပါတယ်။
 
(၈) ချောကလက်မည်း
သံဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး သင့်တင့်ရုံ စားပေးပါက အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
 
(၉) ပဲစေ့များ
ပဲကြီး၊ ကုလားပဲတို့ဟာ သံဓာတ်ကြွယ်ဝတဲ့အပြင် အစာကြေခြင်း၊ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
 
(၁၀) နေကြာစေ့
သံဓာတ်၊ ဗိုက်တာမင်အီး၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝကာ ဟေမိုဂလိုဘင်ပမာဏကို မြှင့်တင်ပေးပါတယ်။
 
အဆိုပါ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗိုက်တာမင်စီပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးပေးပါက သံဓာတ်စုပ်ယူခြင်းကို အားကောင်းစေသလို ညီညွတ်မျှတစွာ စားသုံးခြင်းဖြင့် အလုံးစုံကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group