#Asia_Politics
Published_13 June 2023

ထိုင်းနိုင်ငံဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ရှေ့ဆုံးမှဦးဆောင်နေတဲ့ 'ပီတာလင်မ်ဂျရွန်ရတ်'ဟာ ပြီးခဲ့တဲ့လရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးခံရမှာဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

သူ့အတွက် ဝန်ကြီးချုပ်ရာထူးအတွက် ထောက်ခံမှုရရှိဖို့ ရုန်းကန်နေရတဲ့အချိန်မှာ နောက်ထပ်အခက်အခဲတစ်ခု ပေါ်လာတာလည်း ဖြစ်ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းတွေကို နောက်ကောက်ချအနိုင်ရနေခဲ့တဲ့ Move Forward ပါတီရဲ့ အသက် ၄၂ နှစ်အရွယ်ခေါင်းဆောင်'ပီတာ'ဟာ ပြိုင်ဘက်များထံမှ တိုင်ကြားချက်အများအပြား ရင်ဆိုင်ထားရပါတယ်။

ပြိုင်ဘက်တွေထဲက ၃ ဦးက နောက်ကျမှတင်ပြခြင်းအတွက် မဲရုံအဖွဲ့မှ ပယ်ချခြင်းဖြစ်ပြီး ပါတီကိုဆန့်ကျင်တဲ့ ကျန်တဲ့ ၄ ဦးကတော့ ထုတ်ပယ်ခံလိုက်ရပါတယ်။

ရွေးကောက်ပွဲစည်းမျဉ်းအရ တားမြစ်တဲ့အထဲမှာ မီဒီယာလုပ်ငန်းတစ်ခုမှာ အစုရှယ်များပိုင်ဆိုင်မှုရှိတာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားရန် သင့်လျော်မှုရှိ/မရှိကို ကော်မရှင်က ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

ပီတာကတော့ ဒီကိစ္စကိုငြင်းဆိုကာ ITV ကုမ္ပဏီ အစုရှယ်များကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်းနဲ့ ကုမ္ပဏီက လှုပ်ရှားလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမဟုတ်တော့ကြောင်း ပြောကြားသွားပါတယ်။

စည်းမျဉ်းချိုးဖောက်ကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အထိကျနိုင်ပြီး နိုင်ငံရေးလောကမှ နှစ် ၂၀ ပိတ်ပင်ခံရခြင်းတို့ကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။

ပီတာကိုထပ်မံစုံစမ်းစစ်ဆေးရန်အတွက် ကိုယ်စားလှယ်လောင်းအနေနဲ့ သင့်လျော်ခြင်းရှိ/မရှိ တားမြစ်ခံရခြင်းရှိ/မရှိ သံသယဖြစ်ဖွယ် လုံလောက်တဲ့အချက်အလက်များ ရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ 'အီတီပွန်ဘွန်ပရာကွန်'က ရိုက်တာသတင်းဌာနကို တင်ပြသွားပါတယ်။

၂၀၁၄ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရကို ၉ နှစ်နီးပါး ပြင်းထန်စွာငြင်းဆန်ကာ Move Forward နဲ့ Pheu Thai ပါတီတို့က စစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ကွန်ဆာဗေးတစ်ပြိုင်ဘက်များကို ရှုတ်ချထားပါတယ်။

ပါတီငယ် ၆ ခုနဲ့ မဟာမိတ်ဖွဲ့ထားပေမယ့် ပီတာမှ ဝန်ကြီးချုပ်ဖြစ်ရန်နဲ့ အစိုးရဖွဲ့စည်းရန်ကြိုးပမ်းမှုက စစ်တပ်လက်အောက်ခန့်အပ်ထားတဲ့ ကွန်ဆာဗေးတစ်ဆန်ဆန် အထက်လွှတ်တော်မှာတော့ အခက်အခဲများနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ပေါ်ပေါက်ရန်အတွက် ဩဂုတ်လမှာ နှစ်ဖက်မဲခွဲဆုံးဖြတ်သွားဖို့ မျှော်လင့်ရပါတယ်။

Move Forward ပါတီရဲ့ ပြောင်းလဲရေးအစီအစဉ်က ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တွေကြာအောင် နိုင်ငံရေးကိုလွှမ်းမိုးနေတဲ့ တော်ဝင်စစ်တပ်နဲ့ အထက်တန်းစားစီးပွားရေးသမားများရဲ့ အကျိုးစီးပွားတွေမှာ ထိပ်တိုက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပါတီရဲ့ ပြုပြင်ပြောင်းလဲရေးတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲခြင်း၊ စစ်တပ်ရဲ့နိုင်ငံရေးကဏ္ဍလျှော့ချခြင်း၊ လက်ဝါးကြီးအုပ်စိုးမိုးမှုကို လျှော့ချခြင်း၊ ဘုရင်စနစ်စော်ကားခြင်းဆိုင်ရာ အငြင်းပွားဖွယ်ဥပဒေကို ပြန်လည်သုံးသပ်ခြင်းစတဲ့ လုပ်ငန်းစဉ်များကြောင့် လူငယ်များကြားမှာ ထောက်ခံမှုကြီးကြီးမားမား ရရှိထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ အနာဂတ်မှာ ပီတာကိုအတိုက်အခံလုပ်သွားမှာဖြစ်ကြောင်း၊ စွပ်စွဲချက်တွေက လုံလောက်တဲ့အထောက်အထားမရှိဘူးဆိုတာ ပါတီအနေနဲ့ယုံကြည်ထားကြောင်း Move Foward ပါတီမှ အထွေထွေအတွင်းရေးမှူးက ပြောပြသွားပါတယ်။
Source: Reuters
#Asia_Politics #ဝန်ကြီးချုပ်ရွေးကောက်ပွဲ #ထိုင်းနိုင်ငံမဲဆန္ဒရွေးကောက်ပွဲကော်မရှင်
#YMG #Yangon_Media_Group