#World_Science
Published_13 June 2023

ကမ္ဘာကြီးရဲ့ ရာသီဥတုပုံစံက တစ်နေရာမှ တစ်နေရာသို့ ချောမွေ့စွာပျံသန်းသွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ထိုစနစ်အတွင်းမှာ နှောင့်ယှက်မှုတွေဝင်ရောက်ပြီး တစ်ကမ္ဘာလုံးအပေါ် သက်ရောက်တာမျိုး ဖြစ်လေ့ရှိပါတယ်။

ဒီထဲကတစ်မျိုးကတော့ ပစိဖိတ်သမုဒ္ဒရာ အီကွေတာတဝိုက်မှာဖြစ်ပေါ်တဲ့ အယ်လ်နီညိုပဲဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းရာသီဥတုအပေါ် သက်ရောက်မှုတွေကို သိရှိဖို့အတွက် အယ်လ်နီညိုနဲ့ ပုံမှန်ရာသီဥတုပုံစံတို့ကြား ကွာခြားချက်ကို နားလည်ရန်လိုအပ်ပါတယ်။

အရှေ့မှအနောက်သို့တိုက်ခတ်တဲ့လေတွေဟာ ထိုဦးတည်ရာအတိုင်း ပူနွေးတဲ့ရေတွေကို တွန်းထုတ်ကာ အာရှနဲ့ ဩစတြေးလျတို့မှာ စုပြုံသွားစေပါတယ်။

အဆိုပါပူနွေးရေတွေက လေထုထဲကိုအပူရောက်ရှိစေကာ စိုစွတ်တဲ့လေတွေ မြင့်တက်လာပြီး တိမ်တွေဖြစ်ပေါ်လာပါတယ်။

ထိုတိမ်တွေက အေးမြတဲ့လေရှိရာ အရှေ့ဘက်သို့သွားကာ မိုးအဖြစ်နဲ့ မြေပြင်သို့ရွာချပါတယ်။

အယ်လ်နီညိုကတော့ လေတိုက်ခတ်မှုကို အားလျော့စေပြီး လေထုလည်ပတ်မှုပုံစုံကို နှောင့်ယှက်ပါတယ်။

လေတိုက်ခတ်မှုအားနည်းသွားတဲ့အတွက် ရေတွေကိုအနောက်ဘက်သို့ အပြည့်အဝမတွန်းနိုင်တော့ဘဲ အရှေ့ပစိဖိတ်မှာ ပူနွေးရေများစုဝေးလာပါတယ်။

အယ်လ်နီညိုက ကမ္ဘာတဝှမ်းမှာ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုပုံစံများ ဖြစ်ပေါ်စေပြီး အရင်က မိုးမများတဲ့နေရာများနဲ့ မိုးများတဲ့နေရာတွေမှာ ပြောင်းပြန်ရွာသွန်းစေပါတယ်။

အရှေ့တောင်အာရှနဲ့ ဩစတြေးလျတို့မှာ မိုးရွာသွန်းမှုများပြီး ရံဖန်ရံခါ ရေလျှံတဲ့အထိဖြစ်ပေါ်စေကာ အာဖရိကနဲ့ တောင်အမေရိကတို့မှာတော့ မိုးခေါင်ရေရှားခြင်းဖြစ်ပေါ်လေ့ရှိပါတယ်။

အယ်လ်နီညိုက ဒေသအများအပြားမှာ အပူချိန်အစွန်းရောက်စေနိုင်ပါတယ်။

အမေရိကန်အနောက်ပိုင်းလိုနေရာတွေမှာ ပိုမိုပူနွေးခြောက်သွေ့ကာ တောမီးများလောင်ကျွမ်းစေနိုင်ပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် တောင်အမေရိကကမ်းရိုးတန်းတလျှောက် အအေးဓာတ်များတဲ့ရေများ လွှမ်းမိုးမှုကိုလျော့နည်းစေပြီး အဏ္ဏဝါဂေဟစနစ်နဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေပါတယ်။
Source: India Today
#World_Science #အယ်လ်နီညိုရာသီဥတုပုံစံ #ကမ္ဘာတဝှမ်း
#YMG #Yangon_Media_Group