Published 3 July 2022

အိန္ဒိယနိုင်ငံရဲ့ ရိုးရာရထားဆွဲပွဲတစ်ခုဖြစ်တဲ့ မာဟက်ရှ်၏ ရသာယာထရာပွဲဟာ အိန္ဒိယနိုင်ငံ ဆာရမ်ပူလမ်းများပေါ် ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ ကိုဗစ်-၁၉ လော့ခ်ဒေါင်းကြောင့် (၂)နှစ်ကြာ ရပ်ဆိုင်းခဲ့ရပြီးမှ ယခုနှစ်မှာ ပြန်လည် ဆင်နွှဲကြတာဖြစ်ပါတယ်။ အဲဒီရိုးရာ ရထားဆွဲပွဲတော်ကို ၁၃၉၆ခုနှစ်ကတည်းက ကျင်းပလာကြတာဖြစ်ပြီး ရာစနှစ်ပေါင်းများစွာ ရှည်ကြာတည်ရှိနေတဲ့ ရိုးရာယဉ်ကျေးမှုပွဲတစ်ခုပါ။

အနောက်ဘင်္ဂလားပြည်နယ်က ကိုလ်ကာတားမြို့ကနေ ၂၀ ကီလိုမီတာ ဝေးကွာတဲ့နေရာမှာ ယုံကြည်ကိုးကွယ်ကြသူ တစ်သိန်းကျော်ဟာ  ပွဲတော်မှာ ဆင်နွှဲနေကြတာကို တွေ့ကြရပါတယ်။ သူတို့ဟာ ရထားရဲ့ကြိုးကိုဆွဲရဖို့အရေး အလုအယက်ကြိုးစားကြရပါတယ်။ အဲဒီရထားဟာ အရှင် ဂျာဂန်နတ်၊ဘာလာရာမနှင့်ဆူဘာဒရာတို့ရဲ့ နတ်ရထားဖြစ်ပြီး ဒီလိုကြိုးဆွဲခွင့်ရရင် ကံကောင်းတယ်၊ထူးမြတ်တယ်လို့ယူဆထားကြပါတယ်။

ကျွန်မ ဒီကိုနှစ်တိုင်းလာတယ်။ ဂျာဂန်နတ်က ကျွန်မရဲ့ သားအရင်းလိုပဲ။ အရှင့်ကို တစ်ကြိမ်ကိုးကွယ်လိုက်ရုံနှင့် ကောင်းချီးတွေရနိုင်ပါတယ်။ သူ့ကို အမြဲတမ်း အော်ခေါ်နေစရာမလိုပါဘူး။သူ့ရဲ့ ကောင်းချီးတွေဟာ အကြီးအကျယ်ပဲ ။သူက ကျွန်မတို့ကိုမေတ္တာထားပါတယ်လို့ ဘင်္ဂလားကလာတဲ့ အသက်၅၅နှစ်အရွယ် ခရစ်ရှနားဒေစီကပြောပါတယ်။

“ဒီပွဲမလုပ်ဖြစ်တာ (၂)နှစ်ရှိပြီ။ဒါပေမယ့် အခုကျွန်မအလွန်ဝမ်းသာတယ်။အရှင့်အပေါ် ကျွန်မရဲ့ မေတ္တတရားကို ဖော်ပြနိုင်တဲ့စကားလုံးတောင်မရှိတော့ပါဘူး”လို့ သူမက ဆက်ပြောပါတယ်။

ရထားဆွဲပွဲတော်သုံးခုရှိတယ်။ ကိုလ်ကာတားမှာ မာယာပူနှင့် အိုက်စ်ကွန်ရှိတယ်။ ဒါပေမယ့် မာဟက်ရှ်က အကောင်းဆုံးပဲ။  ပူရီ ရသာယာထရာပြီးရင် မာဟက်ရှ်က ဒုတိယအကြီးဆုံးရထားဆွဲပွဲပဲ။ (၂)နှစ်ကြာမှလုပ်ရတဲ့ပွဲဆိုတော့ အိန္ဒိယနိုင်ငံအနှံ့ကလူတွေ ဒီကို ထောင်နှင့်ချီပြီးလာကြတယ်။ဒီနေ့တစ်နေ့လုံးနှင့် ပွဲတော်က တစ်လလုံးလုပ်နေမှာဖြစ်တယ်။ လူတွေတော်တော်များများလာကြဦးမယ်။ သိပ်ကြီးတဲ့ပွဲပါ လို့လည်း အသက်၃၆နှစ်အရွယ် ဒီဘာဂျနီ ဘာဒူရီကပြောပါတယ်။

ကျွန်မတို့က မာဟက်ရှ်မှာ နေတော့ ဂုဏ်ယူစရာပါ။ ဒီပွဲဟာ အလွန်ကြီးမားတဲ့ပွဲဆိုတော့ အနှစ်သာရအများကြီးရှိပါတယ်။ (၂)နှစ်ကြာမှပြန်လုပ်တော့ ကျွန်မ အလွန်ပျော်ပါတယ်။ ပွဲက တစ်လလုံးလုံးရှိနေမှာ လို့ အသက် ၃၁နှစ်အရွယ် ဩရိသကချေသည် ဒီဘက်ရှရီ မူခါဂျီ ကပြောပါတယ်။

ကျွန်မဒီမှာ နေတာ ၁၅နှစ်ရှိပြီ။ ကပ်ဘေး(၂)နှစ်ပြီးတဲ့နောက် ကျွန်မ ရထားဆွဲပွဲတော်ကို ကြည့်ချင်လို့ ဒီကိုလာတာပါ။  လွန်ခဲ့တဲ့(၂)နှစ်က ကပ်ဘေးကြောင့် ပွဲမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ကောင်းကောင်းကို ဆင်နွှဲခွင့်ရပြီ။ ဆာရာပူးရဲ့ ရထားဆွဲပွဲကို လုပ်လာတာ နှစ်ပေါင်း ၆၂၆ နှစ်ရှိပါပြီ။ ပူရီရထားဆွဲပွဲက အကြီးဆုံးလို့သိထားပါတယ်  ဒါပေမယ့် မာဟက်ရှ် ရသာယာထရာက ဒုတိယအကြီးဆုံးပါ လို့ အသက်၃၈နှစ်အရွယ် မာဟက်ရှ်ဒေသခံ  မိုဟာဂို့ရှ်က ပြောပါတယ်။

ယခုပွဲတော်ဟာ အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက်ရှေးအကျဆုံး ရထားဆွဲပွဲတော်ဖြစ်ပြီး ဘင်္ဂလားပြည်နယ်မှာတော့ ရှေးအကျဆုံးဖြစ်ပါတယ်။

Source: AFP