Published 26 December 2021

ဘတ်စ်ကားတစ်စီးလည်းဖြစ်တယ်။ပြီးတော့ ရထားတစ်စီးလည်းဖြစ်တယ်။ ဒါဟာ နှစ်မျိုးသုံးယာဉ်တစ်စီးပါ။ ကားလမ်းပေါ်မှာရော ရထားလမ်းပေါ်မှာပါ သုံးလို့ရတဲ့ ကားရထားကို ဂျပန်နိုင်ငံ တိုကူရှီးမားစီရင်စုရှိ ကိုင်ရိုမြို့မှာ အများပြည်သူတို့ကို ပြသခဲ့ပါတယ်။

အဲဒီနှစ်မျိုးသုံးကားရထားဟာ လမ်းပေါ်မှာ ရာဘာတာယာနှင့်မောင်းနှင်တဲ့အခါ မီနီဘတ်စ်ကားတစ်စီးနှင့်တူနေပါတယ်။ ဒါပေမယ့် လမ်းဆုံရောက်တဲ့အခါ ယာဉ်ရဲ့ ဝမ်းဗိုက်အောက်ကနေ ရထားသံလမ်းပေါ် သံမဏီဘီးတွေကျလာပြီး ရထားတွဲ တစ်တွဲအဖြစ် အသွင်ပြောင်းသွားပါတော့တယ်။

ရထားလမ်းပေါ် နောက်ဘီးတွေကျလာတာနှင့် ရထားဘီးတွေက ရှေ့တာယာတွေကို ရထားလမ်းပေါ်က မပေးလိုက်ပါတယ်၊

ဒေသဆိုင်ရာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေဟာ အသက်ကြီးရင့်သူတွေများပြီး လူဦးရေကျုံ့လာနေတဲ့ ကိုင်ရိုလို မြို့ငယ်ကလေးတွေမှာ အမြတ်အစွန်းရဖို့ခဲယဉ်းနေတာကို ဒီကားရထားက ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အဲဒီယာဉ်တွေ မောင်းနှင်နေတဲ့ Asa Coast Railway ကုမ္ပဏီရဲ့စီအီးအိုက ပြောပါတယ်။

ဒီကားရထားကို မြို့ကလေးမှာ ဘတ်စ်ကားအဖြစ်နှင့်ရော ရထားအဖြစ်နှင့်ပါသုံးနိုင်ပါလိမ့်မယ်လို့ စီအီးအို ရှီဂီကီမီယူရာက ရိုက်တာကိုပြောပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေများနေတဲ့ ကျေးလက်ဒေသတွေမှာ ဒီယာဉ်ဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အလွန့်ကိုကောင်းတဲ့ ပုံစံဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ် လို့လည်း သူကပြောပါတယ်။

ကားရထားတစ်စီးဟာ ခရီးသည် ၂၁ဦးကိုတင်ဆာင်နိုင်ပြီး ရထားလမ်းပေါ်မှာ တစ်နာရီ၃၇မိုင်နှုန်းနှင့် ကားလမ်းပေါ်မှာ တစ်နရာရီ၆၂မိုင်နှုန်းအထိမောင်းနှင်နိုင်တယ်လို့ ကုမ္ပဏီကပြောပါတယ်။

ဒီဇယ်အင်ဂျင်တပ်ဆင်ထားတဲ့ အဲဒီကားရထားကို အရောင်မျိုးစုံနှင့် ထုတ်လုပ်ထားပြီး ဂျပန်နိုင်ငံတောင်ပိုင်း ရှီကိုကူး ကျွန်း ကမ်းခြေတလျောက်  မြို့ကလးတွေကိုချိတ်ဆက် ပြေးဆွဲပေးမှာဖြစ်ပြီး ခရီးသည်တွေဟာ ကမ်းခြေရှုခင်းတွေကို ကြည့်ရှုရင်း စီးနင်းလိုက်ပါနိုင်ကြမှာဖြစ်ပါတယ်။

သူ့စီမံကိန်းဟာ ဂျပန်နိုင်ငံတစ်လွှားက ရထားပရိသတ်တွေ သဘောကျပြီး လာကြည့်ကြလိမ့်မယ်လို့ မီယူရာက ပြောလိုက်ပါတယ်။

Source Reuters