Published 26 December 2021

သူမရဲ့ရည်းစားကောင်လေးကို “ကိုယ့်ကိုကိုယ်သတ်သေလိုက်ပါလား”ဆိုတဲ့စကားကို ထပ်ခါတလဲလဲ စာတိုပို့ပြီးတဲ့နောက် ရည်းစားကောင်လေးက ကိုယ်ကိုကိုယ်တကယ်သတ်သေသွားတဲ့အတွက် အသက်၂၃နှစ်အရွယ် အမျိုးသမီးငယ်ဟာ လူသေစေမှုနှင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဘောစတွန်ကောလိပ်က ကျောင်းသူကျောင်းသားတွေဖြစ်ကြပါတယ်။ အင်ယန်းယူက အပြစ်ရှိကြောင်း ဝန်ခံလိုက်တာဟာ သူအနေနှင့် ချစ်သူကောင်လေး အဲလက်ဇန်းဒါးအာတူလာ ကိုယ့်ကိုကိုယ်သတ်သေဖြစ်အောင် ကိုယ် စိတ် နှလုံးသုံးပါးနှင့် အနိုင်ကျင့်ခဲ့တဲ့အပေါ်တာဝန်ရှိတယ်လို့ လက်ခံလိုက်တာပါလို့ ဆပ်ဖ်ဖော့ခ်ကောင်တီရဲ့ ခရိုင်ရှေ့နေရုံးက ပြောကပါတယ်။ ၂၀၁၉ခုနှစ် အစပထမမှာ ယူက သူမအနေနှင့် အပြစ်မရှိကြောင်းပြောဆိုခဲ့တာပါ။ ယခုအပြစ်ရှိကြောင်း အသစ်ဝန်ခံတဲ့အတွက် သူမအနေနှင့် ဆိုင်းငံ့ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ လာမယ့်၁၀နှစ်အတွင်း သူမအနေနှင့် စည်းကမ်း ဖောက်ဖျက်ခဲ့ရင် ထောင်ဒဏ်(၂)နှစ်ခွဲကျခံရမှာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်စည်းကမ်းများအရ သူမဟာ စိတ်ကျန်းမာရေးကုသခံရဖို့ရှိပြီး လူမှုအကျိုးပြုလုပ်ငန်းတွေလည်း လုပ် ဆောင်ပေးရမှာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ခုနှစ်နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၈နှစ်ဆန်းပိုင်းလောက်ကစပြီး ချိန်းတွေ့ခဲ့ကြပါတယ်။ ၂၀၁၈ခုနှစ် နွေရာသီနှောင်းပိုင်းမှာ သူ့ချစ်သူကောင်လေးက ရည်းစားဟောင်းနှင့်တွေ့ခဲ့တာကို လိမ်ပြောရာကနေ ယူဟာ အာတူလာ့ အပေါ်စပြီး ရင့်ရင့်သီးသီးဖြစ်လာခဲ့ပါတယ်။

ယူနှင့် အာတူလာတို့ရဲ့ ၁၈လကြာ ရည်စားသက်တမ်းတလျောက် ယူက အာတူလာဆီ ရင့်သီးကြမ်းတမ်းတဲ့ စာတိုတွေ အမျာကြီးပို့ခဲ့ပါတယ်။ “သတ်သေလိုက်လေ” ဆိုတဲ့ စာကိုလည်း မကြာခဏပို့ခဲ့ပါတယ်။

အသက်၂၂နှစ်အရွဉ် အာတူလာဟာ သူ့ရဲ့ကောလိပ်ဘွဲ့မယူခင်နာရီပိုင်းအလို ၂၀၁၉ခုနှစ် မေလ(၂၀)ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။  အဲဒီနေ့မနက်မှာ ယူက သူ့ရဲ့ဖုန်းကို ခြေရာခံမိပါတယ်။သူသေတဲ့အချိန်မှာလည်း သူ့အနားမှာရှိနေခဲ့ပါတယ်။ အာတူလာရဲ့မိသားစုဟာလည်း သူ့သားဘွဲ့နှင်းသဘင်တက်ဖို့ မြို့ကိုရောက်ရှိနေတဲ့အချိန်လည်းဖြစ်ပါတယ်။

သူမသေခင် လေးရက်အလိုမှာ ယူက “ အလကားကောင်၊ နင့်ကိုယ်နင်သတ်သေလိုက်ပါလား” လို့ စာတို ပို့ခဲ့ပါသေးတယ်။

ယူဟာ အာတူလာကို ရုန့်ရင်းကြမ်းတမ်းတဲ့ စာတိုတွေ ဆက်တိုက်ပို့ခဲ့ပါတယ်။ သူမသေခင်ရက်ပိုင်းမှာ ပိုပြီးခပ်စိတ်စိတ် စာတွေပို့လာခဲ့ပါတာကို သူမရဲ့စာတိုမက်ဆေ့ချ်နှင့် အခြားအထောက်အထားများအရသိရပါတယ်။

Source Buzzfeednews