Published 14 December 2021

 တရုတ်နိုင်ငံမှာ စီးပွာရေးအရ အရေးပါလှတဲ့ ကျဲ့ကျန်းပြည်နယ်မှာ ဒီဇင်ဘာ ၁၄ရက် အင်္ဂါနေ့က ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှု တွေဖြစ်ခဲ့တဲ့အတွက် လူပေါင်း သန်းတစ်ဝက်ခန့် ကွာရန်တင်းအထားခံကြရပြီး အချို့ခရိုင်တွေမှာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းပစ်ခဲ့ကြရပါတယ်။

တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းက စက်မှုနှင့်ပို့ကုန် အဓိကဗဟိုချက်တစ်ခုဖြစ်တဲ့ ကျဲကျန်းပြည်နယ်မှာ ကူးစက်မှုအသစ် ၄၄ခုတွေ့ ရှိခဲ့ရပါတယ်။ တရုတ်တစ်နိုင်ငံလုံး ၅၁ဦးတွေ့ရတဲ့အထဲမှာ ကျဲ့ကျန်းက ၄၄ဦးတွေ့ရတာပါ။

ပြည်နယ်ရဲ့မြို့တော် ဟန်ကျိုးမြို့တော်မှာရှိတဲ့ အများပိုင်ကုမ္ပဏီတွေက ထုတ်လုပ်မှုတွေရပ်ဆိုင်းတဲ့အကြောင်း သတင်းတွေ ထုတ်ပြန်ပေးကြပါတယ်။  ဟန်ကျိုးပြင်ပကလာတဲ့ လေယာဉ်ခရီးစဉ်ရာပေါင်းများစွာလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။

အဲဒီအကြောင်းသတင်းရုပ်သံတင်ဆက်ထားပါတယ်။

Source AFP

Published 14 December 2021  တရုတ်နိုင်ငံမှာ စီးပွာရေးအရ အရေးပါလှတဲ့ ကျဲ့ကျန်းပြည်နယ်မှာ ဒီဇင်ဘာ ၁၄ရက် အင်္ဂါနေ့က ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှု"/>