YBSယာဉ်တွေမှာ ယာဉ်စီးခပိုတောင်းတာကိုတွေ့ရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းတဲ့အထိအရေးယူဆောင်ရွက်နေ။
Yangon Times/mnd
#Local_News
#Published_ 26 July 2023
#YMG #Yangon_Times
- Category: Myanmar
- Hits: 69
Published_ 26 July 2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ၏ ကြိမ်ခြင်းအတွင်းမှ ငွေကျပ်သိန်း ၆၈၄သိန်းတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေး ပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှသိရသည်။
မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ကားဂိတ်တွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က သုံးဘီးမော်တော်ယာဉ်ဖြင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ နိုင်အောင် အားစစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် ကြိမ်ခြင်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၄၅၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
ထို့ကြောင့် နိုင်အောင်(၄၀)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက် များအား ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
- Category: Myanmar
- Hits: 104
Published_ 26 July 2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒညင်းကုန်းသံလမ်းအနီးတွင်ယနေ့ညနေက စက်ဘီးစီးလာသူ အမျိုးသား၁ဦးယာဥ်တိုက်ခံရ၍သေဆုံးခဲ့မှုဖြစ်ခဲ့ကြောင်း ရွှေ မေတ္တာလူမှုကူညီရေးအသင်းကသိရသည်။
သေဆုံးသူအမျိုးသားမှာ အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပြီး ၎င်းမှာရွှေပြည်သာမှအင်းစိန်လားရာအတိုင်းစက်ဘီးနှင့် သွားစဥ် ဒညင်းကုန်းသံလမ်းအနီးတွင် ယနေ့ညနေ ၃နာရီ ၁၅မိနစ်က ယာဥ်တိုက် မှုဖြစ်ခဲ့၍ သေဆုံးခဲ့သဖြင့်Body အားကြယ်စင်မေတ္တာ နာရေးကူညီမှုကားဖြင့် အင်းစိန်ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
"ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာတော့ သေသေချာချာမသိဘူး။ သတင်းရလို့သွားကူညီတဲ့အချိန်မှာ ပုံပါအတိုင်းတွေ့ပါတယ်။ တိုက်တဲ့ကားသမားကလည်း ထွက် မပြေးပါဘူး။ ဖြေရှင်းပါတယ်။ ယာဥ်မှူးစစ်နဲ့အတူ ပါသွားပါတယ်။
ယာဥ်တိုက်ခံရသူအမျိုးသား၏ဖုန်းပျက်စီးသွားပြီး ဆင်းကဒ်များအားတွေ့ရှိရ၍09689596306/ 09777462917 ကိုင်ဆောင်ထားကြောင်းလည်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
သေဆုံးသူအမျိုးသားတွင် ထင်ရှားအမှတ်အသား မပါရှိသလိုမှတ်တမ်း တစုံတရာမပါရှိပါကြောင်းနှင့် မိသားစုဝင််များနှင့်လည်း ယခုအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YNG #Yangon_Times
- Category: Myanmar
- Hits: 189
Published_ 26 July 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာကုန်ထုတ်လုပ်သားသစ် (၁၄၉)ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
EPS စနစ်ဖြင့် ဇူလိုင်လ၂၅ရက်အထိ မြန်မာလုပ်သားစုစုပေါင်း(၈၉၉)ဦးကို ၆ကြိမ်စေလွှတ်ခဲ့ပြီး ယင်းကဲ့သို့စေလွှတ်ခဲ့ရာတွင် ကုန်ထုတ်လုပ်သားသစ်၊ ဆောက်လုပ်ရေးလုပ်သားသစ်၊ စိုက်/မွေးလုပ်သားသစ်များပါဝင်ကြောင်းသိရသည်။
ယင်းကဲ့သို့စေလွှတ်ခဲ့ရာတွင် EPS စနစ်ဖြင့် ဇူလိုင်လ၄ရက်က မြန်မာလုပ်သား စုစုပေါင်း (၁၅၃) ဦးလည်းကောင်း ၊ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regularကုန်ထုတ်လုပ်သား(၁၄၆)ဦးကိုလည်းကောင်း၊ ဇူလိုင်လ၁၂ရက်တွင် မြန်မာလုပ်သား (၁၄၉)ဦးကိုလည်းကောင်း၊ဇူလိုင် ၁၈ရက်တွင်မြန်မာလုပ်သား(၁၅၁) ဦးကိုလည်းကောင်း၊ ဇူလိုင်လ၁၉ရက်က မြန်မာလုပ်သား (၁၅၁)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာလုပ်သားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ကြောင်းသိရသည်။
Yangon-Times/BM
#Local_News
#YNG #Yangon_Times
- Category: Myanmar
- Hits: 101
Published_ 26 July 2023
ပြည်မြို့တွင် အိမ်စီးကား ၁စီး စလစ်ဖြစ်ပြီးသစ်ပင်ကိုဝင်တိုက် မိ၍ ကားပေါ်ပါ အမျိုးသား၁ဦးသေဆုံးကာ ၂ဦးထိခိုက်ဒဏ်ရာမှု ယမန်နေ့ညက ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှသိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ရက် ည(၁၁)နာ ရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြည်မြို့ ဘုရင့်နောင်လမ်းမဘေး( ရွှေလင်ပန်းဘုရားအနီး)တွင် အိမ်စီးကားတစ်စီး စလစ်ဖြစ်၍အပင်နှင့်တိုက် မိကာ ကားထဲတွင် အမျိုးသား၃ဦး ညပ်နေကြောင်းသိရသည်။
"ကားရှေ့ခေါင်းခန်းအတွင်းက အမျိုးသား၁ဦးက ပြင်းထန်ဒဏ်ရာရပြီးသေဆုံးပါတယ်။ နောက်အမျိုးသား၁ဦးက ဦးခေါင်းဖု ခြေလက်ပေါက်ပြဲဒဏ် ရာရတယ်။ကားနောက်ခန်းက အမျိုးသား၁ယောက်က ခြေထောက်ညက် ဒဏ်ရာရပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ပြည်)က သိရသည်။
အခင်းဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းနှင့် ဝိုင်းဝန်းကူညီကြသူများ ပူးပေါင်းကူညီပေးခဲ့၍ လိုအပ်သည်များပြုစုပေး၍ ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးအရေးပေါ်ဌာနသို့ပို့ဆောင်ကူညီပေးခဲ့ပြီးသေဆုံးသူအမျိုးသားအား အရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YNG #Yangon_Times
- Category: Myanmar
- Hits: 110
Published_ 26 July 2023
လက်သည်းကိုက်ခြင်း၊ ဆံပင်နှုတ်ခြင်း၊ အသားဆိတ်ခြင်းစတဲ့ လက္ခဏာတွေ လျော့ပါးရန်ရည်ရွယ်ပြီး နည်းလမ်းအသစ်ဖြင့် ၆ ပတ်ကြာစမ်းသပ်မှု ပြုလုပ်ခဲ့ရာ စမ်းသပ်ပါဝင်သူ ၅၃ ရာခိုင်နှုန်းမှာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း မြင်တွေ့ခဲ့ရပါတယ်။
ဒီလိုအလေ့အကျင့်တွေ ပြေပျောက်ဖို့နည်းလမ်းတွေထဲမှာ အရေပြားကို ညင်သာစွာထိတွေ့ခြင်း၊ လက်ချောင်းထိပ်များဖြင့် အသာအယာပွတ်ခြင်း၊ လက်ဖဝါး လက်အနောက်ဖက်ဖြင့် ပွတ်ခြင်းတို့ကို အနည်းဆုံးတစ်နေ့ ၂ ကြိမ်ပြုလုပ်ရမှာဖြစ်ကြောင်း JAMA Dermatology မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။
ထိုသို့သော ခန္ဓာကိုယ်ကို တစ်ခုခုလုပ်နေတတ်တဲ့ လက္ခဏာတွေက တစ်ကမ္ဘာလုံးလူဦးရေ ၅ ရာခိုင်နှုန်းလောက်မှာ ရှိနေပြီး အနာဖေးများ၊ အမာရွတ်များ၊ အကွက်ထခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ဆွဲနှုတ်ခြင်း၊ လက်သည်းကိုက်ခြင်းတို့ ပြုလုပ်တတ်တဲ့ လူ ၂၆၈ ယောက်ကို စမ်းသပ်ခဲ့ကြပါတယ်။
၈၀ ရာခိုင်နှုန်းသောလူတွေက လက္ခဏာတိုးတက်လာကာ ကျေနပ်နေကြပြီး ၈၆ ရာခိုင်နှုန်းလောက်က အခြားသူတွေကိုပါ အကြံပြုချင်ကြပါတယ်။
အဓိကကတော့ ကိုယ့်ခန္ဓာကိုယ်ကို အသာအယာထိတွေ့ရမှာဖြစ်ပြီး ဖိစီးမှုဖြစ်နေရင် အားသိပ်မထည့်ဘဲ မြန်မြန်ရွေ့လျားရမှာ ဖြစ်ကြောင်း ဂျာမနီ ဟမ်းဘတ်အက်ပင်ဒေါ့ဖ် ဆေးဘက်ဆိုင်ရာတက္ကသိုလ်စင်တာမှ စာတမ်းပြုစုသူ'စတက်ဖန်မိုရစ်ဇ်'က ပြောပြခဲ့ပါတယ်။
ထိုသို့ပြုလုပ်ချင်စိတ်ကို ဆန့်ကျင်တဲ့လုပ်ရပ်ဖြင့် လက္ခဏာလျော့ပါးလာအောင် ပြုလုပ်လို့ရပါတယ်။
ဥပမာအားဖြင့် ဆံပင်ဆွဲနှုတ်ချင်လာတဲ့အခါ အရေပြားကို ဆွဲဆိတ်ချင်လာတဲ့အခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာမျိုးဖြစ်ကြောင်း မာဆာချူဆက်အထွေထွေဆေးရုံနဲ့ ဟားဗတ်ဒ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ စိတ်အထူးကုဆရာဝန် 'နာတာရှာဘေလန်'က NBC News သို့ ရှင်းပြခဲ့ပါတယ်။
စိတ်ကျရောဂါပျောက်ဆေးလိုမျိုး ဆေးဝါးများဖြင့် သက်သာစေနိုင်ဖွယ်ရှိပေမယ့် ဒီလိုလက္ခဏာတွေမှာ အသုံးပြုရန်အတွက်တော့ မည်သို့သော ဆေးဝါးကွပ်ကဲရေးအဖွဲ့ကမှ တိတိကျကျ အသိအမှတ်မပြုထားပါဘူး။
Source: NY Post.
#World_Health
#YMG #Yangon_Times
- Category: World
- Hits: 128
Published_ 26 July 2023
မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ ဆက်လက်အကောင် အထည်ဖော်ရေး နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့ နေပြည်တော်၌ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား ဇူလိုင် ၂၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမို တိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးကြပါတယ်။
ထို့ပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စများအပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ygm_mnn
#Yangon_Media_Group.
#local_news
#YMG #Yangon_Times
- Category: Myanmar
- Hits: 107
Published_ 26 July 2023
ဆိုရှယ်မီဒီယာအသုံးပြုချိန်ကို တစ်နေ့လျှင် ၁၅ မိနစ်မျှ လျှော့ချခြင်းဖြင့် ကျန်းမာရေး သိသိသာသာ တိုးတက်စေနိုင်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က လေ့လာဖော်ပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ လျှော့ချအသုံးပြုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေအပေါ် သုတေသနပြုမှုတွေကြား ကွာဟချက်ကို Technology in Behavioral Science ဂျာနယ်မှာ သုံးသပ်လေ့လာခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အပြင် ကောင်းစွာမအိပ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပါ ဖြစ်လာနိုင်ကြောင်း အခြားသုတေသနတွေမှာလည်း တွေ့ရှိထားပါတယ်။
ဗြိတိန်အခြေစိုက်တက္ကသိုလ် ၆ ခုမှ စမ်းသပ်ခံမယ့်သူ အယောက် ၅၀ ကို ခေါ်ယူခဲ့ကြကာ အားလုံးက အသက် ၁၈ နှစ်မှ ၃၀ ကြားဖြစ်ကြပါတယ်။
စမ်းသပ်ခံသူတွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ၁၆ ယောက်က ဆိုရှယ်မီဒီယာသုံးစွဲချိန် မပြောင်းလဲခဲ့ပါဘူး။
၁၇ ယောက်ကတော့ အသုံးပြုချိန်လျှော့ချခဲ့ကာ နောက်ထပ် ၁၇ ယောက်ကတော့ ဆိုရှယ်မီဒီယာအသုံးပြုချိန် လျှော့ချတဲ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်း စာဖတ်ခြင်းတို့ဖြင့် အစားထိုးစမ်းသပ်ခဲ့ကြပါတယ်။
ဒီနောက် စမ်းသပ်ပါဝင်သူအားလုံးကို သူတို့ရဲ့ ဆိုရှယ်မီဒီယာအသုံးပြုပုံ၊ ကျန်းမာရေး၊ အိပ်စက်ခြင်းအခြေအနေ၊ အထီးကျန်ရမှု၊ စိုးရိမ်ပူပန်စိတ်၊ စိတ်ဓာတ်ကျခြင်းစတာတွေကို တိုင်းတာအကဲဖြတ်ခဲ့ပါတယ်။
လှုပ်ရှားမှုတွေ မပါဝင်ဘဲ ဆိုရှယ်မီဒီယာအသုံးပြုချိန် လျှော့ချသူတွေက မလျှော့တဲ့သူတွေထက် ကျန်းမာရေးမှာ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာတော့ ထူးထူးခြားခြား မတိုးတက်လာပါဘူး။
ဆိုရှယ်မီဒီယာကို လျှော့ချအသုံးပြုပါက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက်လာနိုင်တယ်လို့ ဆွမ်ဆီးတက္ကသိုလ်မှ စိတ်အထူးကုပရော်ဖက်ဆာ 'ဖီးလ်ရိဒ်'က ပြောပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့ ကျန်းမာရေးကဏ္ဍတို့ကြား တိုက်ရိုက်ဆက်စပ်နေသလားဆိုတာ၊ အခြားလှုပ်ရှားမှုပြုလုပ်ခြင်းတို့က သက်ရောက်မှုရှိသလားဆိုတာတွေကို အတည်ပြုဖို့တော့ ကျန်ရှိနေပါသေးတယ်လို့ ဆိုပါတယ်။
လူတွေကို လျှော့ချသုံးစွဲခိုင်းတာထက်စာရင် သူတို့စိတ်နဲ့သူတို့ လျှော့ချသုံးစွဲတာက ပိုပြီးသက်ရောက်နေနိုင်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Local_News
#YMG #Yangon_Times
- Category: World
- Hits: 97
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဥပဒေရေးရာကဏ္ဍနှင့် တရားစီရင်ရေး ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ ဇူလိုင် ၂၅ရက်က ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် နှစ်ဘက်ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့်တရား စီရင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ လေ့လာနိုင်မည့် အခြေအနေများ၊နှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း လည်းသိရှိရပါတယ်။
-ymg/knl
#MyanmarRussia
- Category: Myanmar
- Hits: 180
ပင်လယ်ပြင်တွင်မျောပါခဲ့ရကာ ကယ်ဆယ်ခံရပြီးနောက် ကမ္ဘာ့ခွေးများနေ့ကိုပိုင်ရှင်အသစ်နှင့်ကျင်းပနိုင်ခဲ့သည့်ခွေးလေးဘယ်လာ
ပစိတ်သမုဒ္ဒရာထဲမှာ နှစ်လကျော်ကြာ မျောပါနေခဲ့တဲ့ ဩစတြေးလျလူမျိုး 'တင်မ်ရှာဒေါ့ခ်'ကို အဖော်ပြုပေးနေခဲ့တဲ့ 'ဘယ်လာ'ဆိုတဲ့ခွေးဟာ သူ့ရဲ့ပိုင်ရှင်အသစ်ဖြင့် ကမ္ဘာ့ခွေးများနေ့ကို သောကြာနေ့က ကျင်းပခဲ့ပါတယ်။
#World News
#Published_ 25 July 2023
#YMG #Yangon_Times
- Category: World
- Hits: 133
#Daily_News
Published_ 25 July 2023
၁။ မလေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် ပျောက် ဆုံး/ပျက်ဆီးအတွက် ဒဏ်ကြေးတိုးမြှင့်မည်
၂။ လာမည့်အပတ်အတွင်း စားအုန်းဆီဈေး အနည်းငယ်တက်ရန်ရှိ ၊ ဈေးရင်းအတိုင်းလိုက်လံရောင်းပေးမည်ဟုဆို
၃။ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၂ သန်းတန်ဖိုးရှိ အုန်းသီး ၃၁၉တန်ကို တင်ပို့နိုင်ဟုဆို
၄။ ပင်လယ်ပြင်တွင် မျောပါခဲ့ရကာ ကယ်ဆယ်ခံရပြီးနောက် ကမ္ဘာ့ခွေးများနေ့ကို ပိုင်ရှင်အသစ်နှင့်ကျင်းပနိုင်ခဲ့သည့် ခွေးလေးဘယ်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
- Category: Myanmar
- Hits: 99
Published_ 25 July 2023
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယနေ့ ဇူလိုင် (၂၅)ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် ဆီနှင့် စားသောက်ကုန်ပစ္စည်းအချို့ကို သင့်တော်သောဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောင်းချပေးရာတွင် လှိုင်သာ ယာအရှေ့ (၃)ရပ်ကွက်တွင် နံနက် (၉)နာရီမှ (၁၁)နာရီအထိ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၄,၀၀၀)လုံး၊ ထမင်း ကြက်ဥနှင့် (၅)ပွဲ ကြက်သားနှင့် (၁၀)ပွဲ ငါးဆုပ်နှင့် (၃)ပွဲကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရကြောင်း ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အများပြည်သူများ သင့်တော်သောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်နေ့စဉ် မြို့နယ်များအလိုက် ရွေ့လျားစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။
တိုင်းအစိုးရက ရောင်းချရာတွင် စားအုန်းဆီ (၁) ပိဿာ ကျပ် (၅၀,၀၀) ၊ ကြက်ဥ (၁)လုံး ကျပ် (၂၀၀)၊ ထမင်းကြက်ဥနှင့် (၁)ပွဲ ကျပ် (၅၀၀)၊ ကြက်သားနှင့် (၁)ပွဲ ကျပ် (၈၀၀)၊ ငါးဆုပ်နှင့် (၁)ပွဲ ကျပ်(၈၀၀)တို့ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times
- Category: Myanmar
- Hits: 101