#Local_News
Published 29 August 2025

မန္တ‌လေးမြေငလျင်လှုပ်ပြီး ငါးလအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှ အမျိုးသားနှင့်အမျိုးသမီး ရုပ်အ‌ေ_လာင်း ငါး‌ေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

အဆိုပါ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသော Sky Villa အဆောက်အအုံ A အဆောင်အား NTL ကုမ္ပဏီ(Sky villa condo)၊ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဩဂုတ် (၂၉) ရက်နေ့တွင် အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့၏ ရုပ်အလောင်းများအားမနက် ၁၀ နာရီ၂၅မိနစ် အချိန်တွင် လည်းကောင်း၊အဆောင် (A)၊ အခန်းအမှတ် A3 မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ကို ရုပ်အလောင်းများကို ၁၂ နာရီ ၅မိနစ်အချိန်တွင် ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထပ်မံထုတ်ယူနိုင်ခဲ့သည့်ရုပ်အ‌ေ-လာင်းများကို မြတ်သဒ္ဒါလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times