Published 22 February 2022
ဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းအသစ်ဖြစ်တဲ့ Truth Social ဟာ
တနင်္ဂနွေနေ့နှောင်းပိုင်းကစပြီး ဖြည်းဖြည်းချင်းစတင်အသုံးပြုလို့ရနေပါပြီ။ မတ်လကုန်ပိုင်းလောက်မှာ အဲဒီအပလီကေးရှင်းကို အပြည့်အဝလည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။
ဆီလီကွန်တောင်ကြားက လူနည်းစုမင်းမူနေတဲ့ နည်းပညာကုမ္ပဏီတွေက သူတို့လူတွေကို ဘယ်လိုတွေးစေချင်တယ် လို့ပြောပြီး ဘယ်သူကတော့ သုံးနိုင်တယ် ဘယ်သူကတော့ မသုံးနိုင်ဘူးလို့ ဆုံးဖြတ်နေတာတွေနှင့်မတူဘဲ
သူတို့ရဲ့ Truth Social က ဆန့်ကျင်ဖက်ဖြစ်လိမ့်မယ်လို့ နူနက်ကပြောပါတယ်။
Source AFP
Published 21 February 2022
ယူကရိန်းအရေးကိစ္စ တင်းမာမှုတွေ အရှိန်တက်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာ လူသုံးကုန်ပစ္စည်းတွေနှင့် စတော့ဈေးကွက်တွေအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက CGTN သတင်းဌာနကို မကြာသေးခင်က ပြောပါတယ်။
ဂျုံကစလို့ လောင်စာဆီဈေးနှုန်းတွေအထိ ပြီးတော့ အချို့သော စတော့ဈေးတွေဟာ ထိခိုက်မှုတွေရှိလာနေတယ်လို့ တရုတ်နိုင်င်ငံ ဟန်ဆင်းဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် ဝမ်ဒန်း ပြောပါတယ်။
Source CGTN
Published 20 February 2022
သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းအသစ်တစ်ခုဖြစ်တဲ့ Truth Social ဟာ ဖေဖော်ဝါရီ(၂၁)ရက် တနင်္လာနေ့(မနက်ဖန်)မှာ အက်ပဲလ်ရဲ့ စတိုးကနေ စတင်လွှင့်တင်တော့မယ်လို့ ရိုက်တာကရေးသားပါတယ်။
ရိုက်တာက တွေမြင်ခဲ့ရတဲ့ အမှုဆောင်အရာရှိတစ်ဦးစမ်းသပ်အသုံးပြုနေတဲ့ အဲဒီအက်ပလီကေးရှင်းမှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ သိရတာလို့ သတင်းကရေးသားပါတယ်။
သောကြာနေ့က စမ်းသပ်အသုံးပြုသူတွေထဲက ဘီလီဘီလ်လို့ဖော်ပြထားတဲ့ Truth Social ကွန်ယက်ရဲ့ ထုတ်ကုန်အရာရှိချုပ်က ဖိတ်ခေါ်ပြီးစမ်းသပ်အသုံးပြုခွင့်ရတဲ့သူတွေရဲ့ မေးခွန်းတွေကို သူ့ရဲ့ တရားဝင်အကောင့်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။တစ်ဦးက ဒီအက်ပလီကေးရှင်းကို ဘယ်တော့စသုံးနိုင်မလဲလို့မေးတဲ့အခါ “ ကျွန်တော်တို့ ဖေဖော်ဝါရီ၂၁ရက် တနင်္လာနေ့မှာ စတင်အသုံးပြုနိုင်ဖို့ လက်ရှိမှာ စီစဉ်ထားပါတယ်” လို့ သူကပြန်ဖြေထားပါတယ်။
ရိုက်တာက screenshots မှာ မြင်ခဲ့ရတဲ့ မှာ အက်ပလီကေးရှင်းရဲ့ဗားရှင်းဟာ အဆင့်(၁၀)ဖြစ်နေပြီး ဒါဟာ အများပြည်သူသုံးနိုင်တဲ့အဆင့် လို့ ဆိုပါတယ်။ဗုဒ္ဓဟူးနေ့ညအထိ ဗားရှင်းက (၉)အထိပဲရှိသေးတာဖြစ်ပါတယ်။
Source Reuters
Published 20 February 2022
မက္ကဆီကိုအနောက်ပိုင်း မီချိုအကန်ပြည်နယ် ကနေ အမေရိကန်ပြည်ထောင်စုကို ထောပတ်သီးတွေတင်ပို့နေမှု တစ်ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီးနောက် ယခုအခါ ပြန်လည်တင်ပို့နေပြီဖြစ်ပါတယ်။ အမေရိကန်စစ်ဆေးရေးမှူးတွေရဲ့ လုံခြုံရေးကို အသေအချာ စီမံပြီးတဲ့နောက် ယခုလိုပြန်လည်တင်ပို့ခွင့်ပြုခဲ့တာလို့ အမေရိကန်အစိုးရက ပြောပါတယ်။
မီချိုအကန်ဟာ ကမ္ဘာပေါ်မှာ ထောပတ်သီး အများဆုံးထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။ အဲဒီထဲက ၈၅ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ပါတယ်။ ဒါပေမယ့် အဲဒီပြည်နယ်ဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှု အများဆုံးထိခိုက်ခံရတဲ့ ပြည်နယ်လည်းဖြစ်နေပြန်ပါတယ်။
Source AFP
#LocalBusiness
Published- 20 Feb 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချပေးတဲ့နိုင်ငံခြားငွေ ဒေါ်လာ ၃၄ သန်းနဲ့စက်သုံးဆီ မှာယူတင်သွင်းခဲ့တဲ့ ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို တိုင်းဒေသကြီးနဲ့ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိ တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါရောင်းချပေးမှုကိုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းကာဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ တိုက်ရိုက်ရောင်းချပေးတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်း ဖြင့် ကုမ္ပဏီ ၂၆ ခုမှ စက်သုံးဆီများမှာယူတင်သွင်းကာဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးစျေးနှုန်းနဲ့ ဇန်နဝါရီ ၁၁ ရက်မှ စတင်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ ပြည်နယ်နဲ့တိုင်းဒေသကြီးများရှိ စက်သုံး ဆီအရောင်းဆိုင် စုစုပေါင်း ၃၃၈ ဆိုင်တွင်ဖြန့် ဖြူးရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
အထူးစျေးနှုန်းနဲ့ရောင်းချပေးတဲ့စက်သုံးဆီအရောင်းဆိုင်များတွင် ရည်ညွှန်းစျေး နှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ် ကာ၊ နေ့စဉ်ဒီဇယ်ဆီစျေးနှုန်းများကို မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းရဲ့ www.mpta.org.mm တွင် နေ့ စဉ်ထုတ်ပြန်ပေးလျက်ရှိတယ်လို့ သိရပါတယ်
ထို့ အပြင် သတ်မှတ် စျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းဖုန်း ၀၉-၄၂၁၀၀ ၆၇၉၄ တို့သို့ ဆက် သွယ်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သတ်မှတ်စျေးနှုန်းနဲ့ရောင်းချပေးမယ့်စက်သုံးဆီအရောင်းဆိုင် များမှာရန်ကုန်တိုင်းဒေသကြီးတွင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၀ ဆိုင်၊ နေပြည်တော်၌ ၁၂ ဆိုင်၊ ပဲခူးတိုင်းဒေ သကြီး၌ ၃၇ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၆ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ ဆိုင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၄ ဆိုင်၊ ကရင် ပြည်နယ်တွင်ရှစ်ဆိုင်၊ မွန် ပြည်နယ်တွင် ၃၀ ဆိုင်၊ ရခိုင်ပြည်နယ်တွင် ၉ဆိုင်၊ ရှမ်းပြည် နယ်တွင် ၄၁ ဆိုင် စုစုပေါင်း ၃၃၆ ဆိုင် တွင် ရောင်း ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Published 19 February 2022
(၇)နှစ်ကျော် ဖန်တီးတည်ဆောက်ပြီးတဲ့နောက် ယူအေအီးရဲ့ ရှာဂျာ ဆာဖာရီဥယျဉ်ဟာ ဧည့်သည်တွေနှင့် တိရိစ္ဆာန်ချစ်သူတွေ အတွက် ဖေဖော်ဝါရီ ၁၈ရက်သောကြာနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီဆာဖာရီဥယျဉ်ဟာရှာဂျာမြို့က အယ်လ်ဘရီဒီ သဘာဝ ဘေးမဲ့တောမှာတည်ရှိပါတယ်။
အဲဒီနေရာဟာ ဒူဘိုင်းကနေ တစ်နာရီခန့် ကားမောင်းလာရင်ရောက်ပါတယ်။ ဥယျဉ်ကြီးတစ်ခုလုံးရဲ့ အကျယ်အဝန်းဟာ ၈၀၀ ဟက်တာရှိတဲ့အအတွက် အာဖရိကအပြင်ဘက်မှာ အကျယ်ဆုံးဆာဖာရီဥယျဉ်ကြီးဖြစ်ပါတယ်။
Source AFP
Published 19 February 2022
တရုတ်နိုင်ငံရဲ့ ဦဆောင် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ဖော First Automotive Works (FAW) က ဂျာမန်ကား ကုမ္ပဏီကြီး အော်ဒီ Audi နှင့်ပူးပေါင်းပြီး လျှပ်စစ်ကားတွေထုတ်လုပ်မယ့် စီမံကိန်းကို သောကြာနေ့က တရားဝင်စတင်လိုက်ပါတယ်။ အဲဒီလျှပ်စစ်ကားသီးသန့်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်မြို့တော် ချမ်းချွန်မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းရဲ့ရင်းနှီးမြှပ်နှံမှုတန်ဖိုးဟာ တရုတ်ယွမ်ငွေ ၃၅.၈ ဘီလီယံဖြစ်ပြီး အဲဒါဟာ အမေရိကန်ဒေါ်လာ ၅.၆၆ဘီလီယံခန့် နှင့်ညီမျှပါတယ်။
Source CMG
Page 62 of 66